Menu

We are presenting sports news quickly and accurately to our audience.

Follow us

Anthony Barry

8 months ago 0 21

Chelsea FC Assistant Coach | Anthony Barry | Photo Credit:

        Anthony Barry ဟာ အင်္ဂလန်နိုင်ငံမှ ဘောလုံးသမားဟောင်းတစ်ဉီးဖြစ်ပြီး ယခုအချိန်တွင် ပရော်ဖက်ရှင်နယ်နည်းပြတစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ Barry ဟာ ချဲလ်ဆီးစီနီယာအသင်းနှင့် ဘယ်လ်ဂျီယံနိုင်ငံအသင်းတို့အတွက်လည်း နည်းပြနေပြီး ဘောလုံးပြိုင်ပွဲများတွင် ကစားခဲ့စဉ်အချိန်တုန်းက ကွင်းလယ်ကစားသမားအဖြစ်သာ ကစားခဲ့ပြီး နှစ်ပေါင်းများစွာ အောင်မြင်ခဲ့တဲ့ ကစားသမားသမားဘဝကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဘာရီဟာ Accrington Stanley အသင်းမှာ ၂ကြိမ်တိုင်တိုင် သွားရောက်ကစားခဲ့ပြီး ၂၀၀၆ခုနှစ်မှာတော့ အသင်းနှင့်အတူ နေရှင်နယ်လိဂ်ချန်ပီယံဆုကို အနိုင်ရရှိခဲ့ပါသည်။ ဘာရီဟာ Accrington Stanley အသင်းမှာပဲရှိစဉ်က ဒဏ်ရာပြသနာအမျိုးမျိုးကြောင့် ကစားသမားဘဝမှအနားယူပြီး ၎င်းအသင်းမှာပဲ နည်းပြအလုပ်ဘက်ကို အာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာအသင်းအတွက် အကျိုးသက်ရောက်မှုများစွာရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် လျင်မြန်စွာတိုးတက်မှုများရှိလာခဲ့ပါသည်။

        ဘာရီဟာ Wigan Athleticအသင်းမှာ Paul Cookရဲ့ လက်ထောက်နည်းပြအဖြစ် ၃နှစ်ကြာလုပ်ကိုင်ခဲ့ပြီးနောက် ၂၀၂၀ခုနှစ် နွေရာသီမှာ ချဲလ်ဆီးအသင်းထံ စီနီယာအသင်းရဲ့လက်ထောက်နည်းပြအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းမှာရှိနေစဉ် နိုင်ငံတကာဘောလုံးလောကတွင်လဲ အိုင်ယာလန်နိုင်ငံအသင်းအတွက် အချိန်ပိုင်းနည်းပြအဖြစ် လုပ်ကိုင်ခဲ့သေးပါတယ်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာတော့ အိုင်ယာလန်အသင်းနှင့်လမ်းခွဲကာ ကမ္ဘာ့အဆင့်အသင်းကိုနည်းပြပြီး ကမ္ဘာ့ဖလားမှာပါဝင်လိုသော ရည်ရွယ်ချက်ကြောင့် ဘယ်လ်ဂျီယံနိုင်ငံအသင်းကို နည်းပြအဖွဲ့ဝင်အဖြစ်ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *