
အာမန်ဒို ဟာ ချဲလ်ဆီးအကယ်ဒမီကို ၂၀၀၉ခုနှစ်မှာရောက်ရှိလာပြီး လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းနှင့် နှစ်ရှည် ၆နှစ် စာချုပ်ချုပ်ဆိုထားပြီး အသင်းတိုက်စစ်မှာ အကောင်းဆုံးကစားနေတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။
နာမည်အပြည့်အစုံ –
မွေးနေ့ –
မွေးရပ် –
အရပ်အမြင့် –
ပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
အာမန်ဒို ဘရိုယာ
၁၀.၀၉.၂၀၀၁ (၂၁နှစ်)
Slough, အင်္ဂလန်
၆ ပေ ၃ လက်မ (1.91m)
၀၈.၀၃.၂၀၂၀
အယ်လ်ဘေးနီးယား
Armando Broja ဟာ Albanian (အယ်လ်ဘေးနီးယား) လက်ရွေးစင်အသင်းနှင့်ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းအတွက် ကစားပေးနေတဲ့ ရှေ့တန်းကစားသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ အထောင်တိုက်စစ်မှူးအဖြစ် ပုံမှန်အားဖြင့် ကစားလေ့ရှိပြီး ရံဖန်ရံခါ တောင်ပံနေရာကနေလဲ ကစားလေ့ရှိပါတယ်။ သူ့ရဲ့ ပညာသင်ကြားနေစဉ် ကျောင်းသားဘဝမှာလည်း ဂိုးများစွာသွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ Broja ဟာ အင်္ဂလိပ်လူမျိုးဖြစ်သော်လည်း နိုင်ငံတကာအဆင့်မှာ အယ်လ်ဘေးနီးယားနိုင်ငံကို ကိုယ်စားပြုကစားနေတဲ့ ကစားသမားဖြစ်ပါတယ်။

Armando Broja | Photo Credit:
Broja ဟာ ချဲလ်ဆီး U-9 အသင်းမှာ စတင်ကစားပြီး ချဲလ်ဆီးအကယ်ဒမီသို့ ဝင်ရောက်ခဲ့ကာ FA Youth Cup အတွက် စတန်းဖို့ဒ်ဘရစ်ချ်မှာ Milwall အသင်းနဲ့ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ သူ့ရဲ့ အကယ်ဒမီကစားသမားဘဝ သွင်းဂိုး 20ပြည့်မြောက်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက် သူ့ရဲ့ ပွဲဦးထွက်ပွဲစဉ်ကို အိမ်ကွင်စတန်းဖိုစ့်ဘရစ်ချ်မှာပဲ စတင်ကစားခဲ့ပြီး ပညာတော်သင် ကစားသမားဘဝ သူ့ရဲ့ပထမဆုံးရာသီမှာ 23 ပွဲကစားပြီး 2 ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 2020 ခုနှစ်၊ ဖေဖော်ဝါရီ 26 ရက်နေ့မှာ ချဲလ်ဆီးအသင်းနဲ့ သူ့ရဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို ၂နှစ်သက်တမ်းဖြင့် ချုပ်ဆိုခဲ့ပြီး 33 ပွဲကစား 23 ဂိုးသွင်းယူခြင်းဖြင့် 2019-2020 ရာသီကို အဆုံးသတ်ခဲ့ပါတယ်။

Broja extended five-year contract with Chelsea | Photo Credit:
အကယ်ဒမီကစားသမားဘဝမှာ အောင်မြင်မှုများရရှိပြီးနောက် Broja ဟာ 2020 ခုနှစ် သြဂုတ်လ 21 ရက်နေ့မှာ ဟော်လန်သို့သွားရောက်ခဲ့ပြီး Vitesse Arnhemအသင်းထံ
တစ်ရာသီအငှားဖြင့် သွားရောက်ကစားခဲ့ပါတယ်။ Broja ဟာ နယ်သာလန်ဘောလုံးလောကရဲ့ ထိပ်တန်းတန်းခွဲမှာ ပရိတ်သတ်တွေကို အံ့အားသင့်ဖွယ်ကောင်းတဲ့ အရည်အချင်းထုတ်ပြခဲ့ပြီး ကစားပွဲ ၃၄ ပွဲမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးသွင်းအများဆုံး လူငယ်ကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ထို့နောက် Brojaဟာ 2021-2022 ရာသီအတွက် 2021 ခုနှစ် သြဂုတ်လ 10 ရက်နေ့မှာ ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ Southampton အသင်းသို့ အဌားဖြင့်ထပ်မံ သွားရောက်ကစားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ သူ့အတွက်အခွင့်အရေးကို စောင့်ဆိုင်းနေရသလို ဖြစ်ခဲ့ပေမဲ့ တကယ်အခွင့်အရေးရလာတဲ့အခါမှာလည်း Broja ဟာ လက်လွတ်မခံခဲ့ဘဲနဲ့ Leeds United အသင်းကို 1 ဂိုး – 0 ဂိုး နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့တစ်ဦးတည်းသောဂိုးကို သွင်းယူနိုင်ခဲ့ပြီး ရလဒ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အယ်လ်ဘေးနီးယားကစားသမား ဖြစ်လာခဲ့ပါတယ်။ ဘောလုံးရာသီဟာ တစ်ဖြည်းဖြည်း အရှိန်တက်လာတာနဲ့အမျှ ဆောင်းရာသီရဲ့ ပရီးမီးယားလိဂ် ရှစ်ပွဲမှာ လေးဂိုး သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်မှာ သွင်းဂိုး ၉ဂိုးရရှိကာ ဘောလုံးရာသီကိုပြီးဆုံးခဲ့ပါတယ်။

Broja represents his national team, Albania | Photo Credit:
အသက် ၁၉ နှစ်အောက်နှင့် အသက် ၂၁ နှစ်အောက် ပြိုင်ပွဲများတွင် အယ်လ်ဘေးနီးယားနိုင်ငံကို ကိုယ်စားပြုပြီးနောက် Broja ဟာ သူ့ရဲ့ အကြီးတန်းနိုင်ငံတကာပွဲဦးထွက်ကို အစားထိုးကစားသမားအနေနဲ့ စတင်ခဲ့ပါတယ်။ 2021 ခုနှစ်မှာ ထူးထူးခြားခြား စွမ်းဆောင်မှုများစွာဖြင့် Broja ဟာ 2022 ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အယ်လ်ဘေးနီးယားနိုင်ငံအတွက် ပုံမှန်ပွဲထွက်ခွင့်ရသူ ဖြစ်လာခဲ့ပါတယ်။ 2022 ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟန်ဂေရီအသင်းနဲ့ ယှဉ်ပြိုင်ကစားစဉ်အတွင်း သူ့ရဲ့ ပထမဆုံးသော နိုင်ငံ့လက်ရွေးစင် စီနီယာကစားသမားဘဝသွင်းဂိုးကို သွင်းယူခဲ့ပြီး အသင်းကို 1 ဂိုး – 0 ဂိုး ဖြင့် အနိုင်ရရှိအောင် ကူညီပေးတာကို တွေ့ခဲ့ရပါတယ်။