Menu

We are presenting sports news quickly and accurately to our audience.

Follow us

Ben Chilwell

8 months ago 0 33

Ben Chilwell with UEFA Super Cup | Photo Credit:

     ဘန်‌ချေးဝဲလ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ အစပြုခဲ့တဲ့ လက်စတာစီးတီးအသင်းမှ ချဲလ်ဆီးအသင်းထံ ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့မှာ ၅နှစ်စာချုပ် ချုပ်ဆိုပြီး  ပြောင်းရွှေ့လာခဲ့ပါတယ်။

နာမည်အပြည့်အစုံ –

မွေးရက် –

မွေးရပ် – 

အရပ်အမြင့် –

ပထမဆုံးပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း –

ဘင်ဂျမင် ဂျိမ်းစ် ချေးဝဲလ်

၂၁.၁၂.၁၉၉၆ (၂၅နှစ်)

Milton Keynes, အင်္ဂလန်

၅ ပေ ၁၁ လက်မ (1.81 m)

၂၃.၉.၂၀၂၀                

အင်္ဂလန်

        Ben Chilwell သည် မကြာသေးမီနှစ်များအတွင်း ချဲလ်ဆီးအသင်းရဲ့ Full Back ကစားကွက်မှာ နောက်တန်းရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့သော အင်္ဂလန်လက်ရွေးစင် ဘောလုံးကစားသမားတစ်ဦး ဖြစ်သည်။ အရင်အသင်းတွေမှာ Left-back နေရာမှာ ကစားခဲ့ပေမယ့်လည်း ခံစစ်ပိုင်းမှာကျွမ်းကျင်တဲ့အပြင် သူ့ရဲ့ ကစားစွမ်းရည်နဲ့ လျင်မြန်မှုတွေဟာ တိုက်စစ်ကနေ ခံစစ်အကူးအပြောင်းမှာ ပြိုင်ဘက်ထံမှ ဘောလုံးကို ပြန်လည်ဆယ်ယူနိုင်တာကြောင့် အသင်းအတွက် စစ်မှန်တဲ့ ခေတ်မီနောက်တန်းကစားသမား ဖြစ်လာစေခဲ့ပါတယ်။ ကစားသမားရဲ့ ဘဝအကြောင်းကိုပြောပြရရင်တော့ Chilwell က Milton Keynes၊ Buckinghamshire တွင်မွေးဖွားခဲ့ပြီး သူ့ရဲ့ အဖိုး (မိခင်ဘက်မှတော်သော) Guy Shuttleworth က Corinthian Casuals အသင်းအတွက် ကစားခဲ့ဖူးပြီး 1929 ခုနှစ်မှာ အင်္ဂလန်အသင်းအတွက် ကစားပေးခဲ့ကာ နိုင်ငံတကာဖလားတစ်လုံးလည်း ရယူပေးခဲ့ဖူးပါတယ်

Ben Chilwell win the Premier League Trophy with Leicester City | Photo Credit:

        ချဲလ်ဆီးအသင်းသားမဖြစ်ခင် Chilwell ဟာ Leicester City (လက်စတာစီးတီး) နဲ့အတူ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကို စတင်ခဲ့ပါတယ်။  2009 ခုနှစ်မှာ Leicester City ရဲ့ လူငယ်အကယ်ဒမီသို့ စတင်တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ အရည်အချင်းတွေကြောင့် 2014-2015 ရာသီအကုန်မှာ  တစ်နှစ်တာ အကောင်းဆုံး အကယ်ဒမီကစားသမားဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ 2015 ခုနှစ် ကလပ်ရဲ့လိဂ်ဖလားပြိုင်ပွဲမှာ အသင်းအတွက် ပထမဆုံးပွဲဦးထွက်ကစားခဲ့ပြီး ချန်ပီယံရှစ်ကလပ် Huddersfield Town သို့ 2016 ခုနှစ်အထိ အငှားဖြင့် သွားရောက်ကစားခဲ့ပါတယ်။ 2016 – 2017 ရာသီတစ်လျှောက်မှာလည်း ကစားပွဲပေါင်း 19 ပွဲကစားခဲ့ကာ သူ့ရဲ့ ပထမဆုံးဂိုးကို 2017 ခုနှစ် Tottenham Hotspur (တော့တင်ဟမ်ဟော့စပါး) နဲ့ယှဉ်ပြိုင်ဆော့ကစားတဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။

Ben Chilwell Signed for Chelsea on 26 August 2020

         2020 ခုနှစ် ဩဂုတ်လ 26 ရက်နေ့တွင် Chilwell ကို Leicester ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းက ပေါင် 45 သန်းဖြင့် ခေါ်ယူခဲ့ကြောင်း BBC Sport က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းသို့ရောက်ရှိပြီး ပထမဆုံးရာသီမှာပင် စတန်းဖို့ဒ်ဘရစ်ချ်မှာ မြန်မြန်ဆန်ဆန် နေသားကျခဲ့ပြီး အသင်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရှင်ဘောလုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ 2021 ခုနှစ်က ပေါ်တိုအသင်းကို      2 ဂိုး – 0 ဂိုး ဖြင့်အနိုင်ရသည့်ပွဲမှာ Chilwell ဟာ သူ့ရဲ့ ပထမဆုံး UEFA Champions League ဂိုးကို သွင်းယူနိုင်ခဲ့ပြီး FA Cup ဖိုင်နယ်ရဲ့ နောက်ဆုံး  88 မိနစ်မှာ သူ့ရဲ့ အသင်းဟောင်းဖြစ်သော Leicester City နဲ့ယှဉ်ပြိုင်စဉ်မှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

        ထို့အပြင် Chilwell သည် မေလ ၂၉ ရက်က ပေါ်တိုမြို့မှာ ကစားခဲ့သော 2021 UEFA ချန်ပီယံလိဂ် ဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းက မန်ချက်စတာစီးတီးအသင်းကို 1 – 0 ဖြင့် အနိုင်ရပြီးနောက် သူ့ရဲ့ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်လေးပွဲမှာလည်း Chilwellဟာ တစ်ဂိုး သွင်းယူခဲ့ပြီး ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာကြောင့် အခြားနောက်ခံလူများထက် ဂိုးပါဝင်ပတ်သတ်မှုများခဲ့ပါတယ်။ ထို့အပြင် ချဲလ်ဆီးအသင်းရဲ့ ပထမဆုံးကိုးပွဲမှာ ခုနစ်ပွဲက Clean Sheet ရရှိခဲ့ခြင်းကြောင့် သူရဲ့ ခံစစ်စွမ်းရည်မှာ အထင်ကြီးစရာကောင်းပြီး ပရီးမီးယားလိဂ်ရဲ့ နိုဝင်ဘာအတွက်     တစ်လတာ အကောင်းဆုံးကစားသမားအဖြစ် ဆန်ခါတင်စာရင်းမှာပါဝင်ခဲ့ပါတယ်။

Ben Chilwell suffered a serious knee injury against Juventus in the Champion League match | Photo Credit:

        2021/22 ရာသီအစမှာ Chilwell က အင်္ဂလန်အသင်းနှင့်အတူ နိုင်ငံတကာပွဲစဉ်များမှာ ပါဝင်နေချိန် Covid-19 ကြောင့် ကြိုတင်ကာကွယ်မှုအဖြစ် သီးခြားခွဲနေမှုများ ပြုလုပ်ခဲ့ရတာကြောင့် ယူရို 2020အပြီးတွင် အသင်းရဲ့ရာသီကြိုပွဲစဉ်များမှာ ပါဝင်နိုင်ဖို့အတွက် နောက်ကျခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးရာသီအစပွဲစဉ်မှာ Southampton (ဆောက်သမ်တန်) ကို 3 ဂိုး – 1 ဂိုး ဂိုးဖြင့်အနိုင်ရရှိကာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့အပြင် 2022 ခုနှစ် ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ Andorra (အန်ဒိုရာ) အသင်းနဲ့ ယှဉ်ပြိုင်ကစားစဉ် သူ့ရဲ့ ပထမဆုံး နိုင်ငံတကာသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အောင်မြင်မှု အထွတ်အထိပ်သို့ရောက်ရှိပြီးနောက် နိုဝင်ဘာလနှောင်းပိုင်းမှာ ဒူးခေါင်းအရွတ် ပေါက်ပြဲသွားတဲ့အတွက် သူကိုယ်တိုင်အပြင် ပရိတ်သတ်များအတွက်ပါ စိတ်ပျက်စေခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြလာပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ Chilwell ဟာ ရာသီကုန်အထိ ခွဲစိတ်ကုသမှုကိုခံယူပြီး ခေတ္တခဏအနားယူမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *