Menu

We are presenting sports news quickly and accurately to our audience.

Follow us

Ben Roberts

6 months ago 0 29

        Ben James Roberts ဟာ အင်္ဂလိပ်လူမျိုး ပရော်ဖက်ရှင်နယ် ဂိုးသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာပြသနာများကြောင့် ၂၀၀၅ခုနှစ်၊ အသက်၂၉ နှစ်အရွယ်မှာ ဘောလုံးသမားဘဝမှ အနားယူခဲ့ပြီးနောက် ဂိုးနည်းပြဖြစ်လာခဲ့ပါတယ်။ ယခုအချိန်မှာတော့ ချဲလ်ဆီးစီနီယာအသင်းအတွက် ဂိုးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိနေတဲ့ Roberts ဟာ Roehampton University မှ အားကစားသိပ္ပံပညာမဟာဘွဲ့ရတစ်ဦးဖြစ်သည်။ 

        ၂၀၀၉ ခုနှစ် ဂျွန်လမှာ Roberts ဟာ Yeovil Town အသင်းရဲ့ ဂိုးနည်းပြနဲ့ Chief Scout ရာထူးအတွက် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ Yeovil Town အသင်းမှာ ၂ရာသီကြာတာဝန်ယူစဉ် အသင်းရဲ့ဂိုးသမားများကို တိုးမှုရှိအောင် ကူညီပေးနိုင်တဲ့အပြင် ၂၀၁၀ခုနှစ် အောက်တိုဘာလမှာ Swindon Town အသင်းနှင့် ၃-၃ဖြင့် သရေကျတဲ့ပွဲစဉ်တွင် သူကိုယ်တိုင် လူစားလဲဝင်ရောက်ကစားခဲ့ပြီး ၆နှစ်တာကာလအတွင်း ပထမဆုံးပွဲစဉ်ကို ပြန်လည်ကစားဖြစ်ခဲ့ပါတယ်။ 

        ၂၀၁၀ခုနှစ် December ၂၉ရက်နေ့မှာ သူတို့ရဲ့ League One မှ ပြိုင်ဘက်အသင်းဖြစ်တဲ့ Charlton Athletic အသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၅ခုနှစ် ဂျွန်လ ၂၃ရက်နေ့မှာတော့ Brighton & Hove Albion အသင်းရဲ့ ဂိုးနည်းပြ Antti Niemi နေရာမှာ အစားထိုးဝင်ရောက် နည်းပြခဲ့ပြီးနောက် ၂၀၂၂ခုနှစ် စက်တင်ဘာ၈ ရက်နေ့မှာ ချဲလ်ဆီးအသင်းထံ ဂရေဟမ်ပေါ်တာ ပြောင်းရွှေ့လာချိန်မှာတော့ နည်းပြအဖွဲ့ဝင်အဖြစ် လိုက်ပါပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *