
Billy Reid သည် စကော့တလန်နိုင်ငံသားတယောက်ဖြစ်ပြီး ဂရေဟမ်ပေါ်တာ နှင့်အတူ Ostersund, Swansea City and Brighton & Hove Albion အသင်းများတွင် ၉နှစ်တာ လက်တွဲလုပ်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂရေဟမ်ပေါ်တာ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့လာတဲ့အခါမှာလည်း လိုက်ပါလာခဲ့ကာ ချဲလ်ဆီးအသင်း၏ လက်ထောက်နည်းပြအဖြစ် ဆက်လက် လက်တွဲလျက်ရှိနေပါတယ်။
Glaswegian Reid သည် စကော့တလန် ကလပ်အသင်းတစ်သင်းဖြစ်သော Hamilton Academical အသင်း၏ ကစားသမားဟောင်းတစ်ယောက်ဖြစ်သည့်အပြင် နည်းပြဟောင်းတဦးလည်းဖြစ်ကာ dugout မှာ ၇နှစ်ကျော် လုပ်ကိုင်ခဲ့ပါတယ်။
၂၀၀၇/၀၈ ခုနှစ်မှာ Reid ဟာ Scottish First Division ကို ရယူနိုင်ခဲ့ပြီး Scottish Premier League သို့ တန်းတက်နိုင်ခဲ့ခြင်းကြောင့် PFA Scotland Manager of the Year award ကိုလည်း ရရှိခဲ့ပါတယ်။
Reid သည် ဂရေဟမ်ပေါ်တာ၏ လက်ထောက်နည်းပြအဖြစ် ဆွီဒင်နိုင်ငံမှာ စတင်လက်တွဲခဲ့တာဖြစ်ပြီး နောက်ပိုင်းတွင်လည်း ဆွမ်ဆီး၊ ဘရိုက်တန်နှင့် လက်ရှိ ချဲလ်ဆီးအသင်းများတွင် ဆက်လက်လက်တွဲလုပ်ကိုင်နေလျက်ရှိပါတယ်။