Menu

We are presenting sports news quickly and accurately to our audience.

Follow us

Brighton Vs Chelsea ပွဲပြီးသတင်းစာရှင်းလင်းပွဲ

5 months ago 0 100

ယနေ့ပွဲစဉ်ရဲ့ရလဒ်အပေါ်

        “ဂိုးပြတ်ရလဒ်နဲ့ ရှုံးနိမ့်သွားရတာတော့ အရမ်းနာကျင်ရပါတယ်။ ကျွန်တော်တို့ ပြန်အဖတ်မဆယ်နိုင်ခဲ့ပါဘူး။ တစ်ဖက်ပရိတ်သတ်တွေရဲ့ ပွဲအရှိန်ကြောင့်လဲ ကျွန်တော်တို့ခက်ခဲခဲ့ရပါတယ်။ ဘရိုက်တန်က အထူးသဖြင့် ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ “

        “ဂိုးအခြေအနေကောင်းနေရင် ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုပြီး အမြဲတွေးနေနိုင်ပါတယ်။ ပွဲစဉ်ပထမပိုင်းက ကိစ္စတွေအတွက် ကျွန်တော်တို့ တာဝန်ယူရမှာပါ။ ဘောလုံးတွေရခဲ့ပေမယ့် ဆင်ခြေတော့ပေးစရာ မရှိပါဘူး။ ကျွန်တော်တို့ အနေအထားတစ်ခုထိရောက်အောင် မဆော့နိုင်ခဲ့ပါဘူး။ “

        “ကျွန်တော်တို့ရဲ့ တိုက်စစ်တွေက အခွင့်အရေးတွေကို အရမယူနိုင်ခဲ့ပေမယ့် သူတို့ကတော့ အရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ်မှာ အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် အဆုံးမသတ်နိုင်ခဲ့ကြပါဘူး။ ဂိုးရလဒ်ကြီးကတော့ တစ်ကယ်နာကျင်စရာပါပဲ။ ရှုံးနိမ့်သွားတဲ့အခါမှာ ပိုကောင်းလာအောင် အမြဲလုပ်နိုင်လေ့ရှိပါတယ်။”

ဘရိုက်တန်အသင်းပရိတ်သတ်တွေရဲ့ “Boo” လုပ်ခြင်းခံရတဲ့အပေါ်

        ” ကျွန်တော့်မှာ တောင်းပန်ပါတယ်လို့ ပြောစရာအကြောင်းတော့ မရှိပါဘူး။ ကျွန်တော် ဘရိုက်တန်အသင်းမှာ ကောင်းကောင်း တာဝန်ထမ်းဆောင်ပေးခဲ့ပြီး အသင်းကောင်းအနေနဲ့ ချန်ထားခဲ့ပါတယ်။ လူတိုင်းမှာ သူတို့ရဲ့ထင်မြင်ချက်တွေကို ဖော်ထုတ်ခွင့်ရှိပါတယ်။”

       “ဒါက လုပ်ငန်းစဉ်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ သင်ပိုပြီး ရင့်ကျက်လာဖို့နဲ့ ပိုကောင်းလာဖို့အတွက် နာကျင်မှုတွေကို ခံစားဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းတွေ အဆုံးသတ်သွားပြီလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒီနေ့ရတဲ့ နာကျင်မှုကိုလက်ခံပြီး သင်ခန်းစာယူတတ်ဖို့ လိုအပ်ပါတယ်။ “

        “ကျွန်တော့်ရဲ့ကစားသမားတွေကို အကယ်၍မင်းတို့ အရှုံးနဲ့ရင်ဆိုင်ရရင် အဲ့ဒီအရှုံးကို ပြန်ကြည့်ပါ၊ ပြီးတော့ မင်းတို့အမှား တစ်ခုခု လုပ်ခဲ့မိရင် အဲ့အမှားကို လေ့လာဆန်းစစ်ပြီး ပိုကောင်းလာအောင်လုပ်ပါ ဆိုပြီး ပြောလေ့ရှိပါတယ်။ အဆုံးသတ်အနေနဲ့ ဒီနေ့ပေးဂိုးများသွားခဲ့ပြီး ဒီအရာနဲ့ပတ်သတ်ပြီး ကျွန်တော့်မှာ တာဝန်ရှိပါတယ်။”

ကီပါရဲ့အခြေအနေအပေါ်

       “သူရဲ့ ခြေထောက် အောက်ပိုင်းမှာ ဒဏ်ရာပြသနာလေး ရှိနေခဲ့ပါတယ်။ “

အကောင်းဆုံးလူစာရင်းရရှိအောင်ကြိုးစားနေတဲ့အပေါ်

        “ကျွန်တော်တို့ အနိုင်ရရှိဖို့နည်းလမ်းနဲ့ ကစားကွက်ကို ရှာဖွေဖို့လိုပါတယ်။ အောက်တိုဘာလထဲမှာတင် ပွဲအများကြီးကစားခဲ့ရပြီး အဓိက ကစားသမားတွေကိုလဲ ဆုံးရှုံးထားရပါတယ်။ ရိစ့်၊ ကူလီဘာလီ၊ ဖိုဖာနာနဲ့ ကန်တေတို့ ဆက်တိုက်ဒဏ်ရာရရှိနေတာဟာ ကျွန်တော်တို့ရဲ့ ကစားကွက်တည်ဆောက်ဖို့အတွက် စိန်ခေါ်မှုတွေရှိစေပါတယ်။”

        “ပရီးမီးယားလိဂ်လဲ ဖြစ်တာကြောင့် အဘက်ဘက်က ခက်ခဲမှုတွေရှိပါတယ်။ ဘရိုက်တန်ရဲ့ တောင်ပံကစားသမားတွေ ကောင်းတာတော့ ကျွန်တော်သိပါတယ်။ ပထမပိုင်းမှာ မရည်ရွယ်ပဲ အမှားတွေ ပြုလုပ်မိခဲ့ပြီး ဒါမျိုးတွေကတော့ ဖြစ်တတ်ပါတယ်။ ကစားသမားတွေက ကျွန်တော့်အမြင်မှာ ထူးချွန်ကြတာကြောင့် သူတို့ရဲ့စိတ်ဓာတ်တွေကို ရိုက်ချိုးမိအောင်တော့ အပြစ်မပြောချင်ပါဘူး။ “

        “ဘရိုက်တန်အသင်းဟာ ကောင်းကောင်းကစားခဲ့ကြပြီး ပွဲအခြေအနေကလဲ အရမ်းတင်းမာခဲ့ပါတယ်။ သူတို့လို အခြေအနေမျိုးထိ ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး။ ဘရိုက်တန်က အရမ်းအန္တရာယ်များခဲ့ပါတယ်။ “

“ကျွန်တော်တို့ ဆက်တိုက်ပြန်ဖိအားပေးပြီး ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် ဘရိုက်တန်က ဒီရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ သူတို့ကို ဂုဏ်ပြုပေးရပါမယ်။ ကျွန်တော်တို့အတွက် နာကျင်စရာကောင်းခဲ့ပေမယ့် သင်ခန်းစာတစ်ခုအနေနဲ့ သင်ယူတတ်ဖို့လိုပါတယ်။ ကျွန်တော်တို့လဲ သင်ခန်းစာယူပြီး ရှေ့ဆက်ရပါမယ်။ “

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *