အသင်းရဲ့ အခြေအနေအပေါ်
“ဆဲဘတ်နဲ့ပွဲစဉ်တုန်းက အခြေအနေအတိုင်းပါပဲ။ မတ်တီယိုကတော့ ခြေသလုံးမှာ ပြသနာဖြစ်ခဲ့ပေမယ့် ဒီတိုင်းပင်ပန်းနေယုံလောက်ပဲ ဖြစ်ပါတယ်။ ဒီပွဲက ကူလီဘာလီ့အတွက်တော့ ကစားဖို့စောနေသေးပေမယ့် သူလဲအဆင်ပြေနေပါပြီ။”
ဘရိုက်တန်အသင်းမှ ထွက်ခွာဖြစ်ခဲ့တဲ့အပေါ်
“အခါအခွင့်သင့်တာက လူတိုင်းအတွက် မဖြစ်တတ်သလို တစ်ခါတစ်လေကျရင်လဲ ဖြစ်လာတတ်ပါတယ်။ ပြီးတော့ ဒါကဆုံးဖြတ်ချက်ချရတာဖြစ်ပြီး ချဲလ်ဆီးအသင်းကို ကိုင်တွယ်ရမယ့်အခွင့်အရေးကို ပယ်ချဖို့ဆုံးဖြတ်ရမှာ အရမ်းခက်ခဲပါတယ်။ ဘရိုက်တန်ပရိန်သတ်တွေလို ပရိတ်သတ်မျိုးတွေလဲ မကြုံဖူးပါဘူး။ စကားပြောဖြစ်တဲ့ ဘရိုက်တန်မှလူအများစုက ခုထိကျွန်တော့်ကို အားပေးနေပြီး ကျေးဇူးတင်နေကြတုန်းပါပဲ။”
ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ရမယ့်အပေါ်
“ဘရိုက်တန်အသင်းက ကစားပုံကောင်းကြပေမယ့် ကံခေနေကြပါတယ်။ ကျွန်တော် မြင်သလောက်ဆိုရင် ကံတရားကသူတို့ဘက်မှာ သိပ်ရှိမနေသလိုပါပဲ။ အသင်းသားတွေရဲ့ အရည်အချင်းကို ကျွန်တော်သိပါတယ်။”
ဘရိုက်တန်အသင်းအကြောင်း သိရှိထားပြီးသားဖြစ်တဲ့အပေါ်
“ဒီလိုအကြောင်းသိထားတာ အနည်းငယ်တော့ အကူအညီဖြစ်ပါတယ်။ ရောဘတ်တိုဟာ အသင်းဆီရောက်လာတာ ရက်သတ္တပတ် အနည်းငယ်ကြာနေပြီဖြစ်တာကြောင့် ခြားနားချက်တွေကို ခင်ဗျားတို့မြင်နိုင်မှာပါ။ ကျွန်တော် ကစားသမားတွေအကြောင်း ကောင်းကောင်းသိပေမယ့်လဲ အနည်းပြအသစ်လဲဖြစ်တာကြောင့် အတွေးအသစ်တွေလဲရှိနိုင်ပါတယ်။ “
ဘယ်အသင်းက အနိုင်ရရှိဖို့ ဖိအားပိုများသလဲ ဆိုတဲ့အပေါ်
“ကျွန်တော်တို့အကုန်လုံးကတော့ အနိုင်ရရှိဖို့ ကစားပြီး ပွဲစဉ်အားလုံးကို အနိုင်ရချင်ကြတာချည်းပါပဲ။ ကံတရားကပဲ ခြားနားချက်ဖြစ်စေတတ်ပါတယ်။ ကျွန်တော်တို့ ကံကောင်းထောက်မစွာဖြင့် ကစားပွဲအချို့ အနိုင်ရရှိခဲ့ပြီး အမှတ်တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဘရိုက်တန်ကိုတော့ ကံတရားက မျက်နှာသာ သိပ်မပေးပါဘူး။ နှစ်သင်းလုံးက အနိုင်လိုချင်ကြတာကြောင့် ပွဲစဉ်ကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။”
အမြဲတမ်းစိတ်ကို တည်တည်ငြိမ်ငြိမ်ထားတယ်ဆိုတဲ့အပေါ်
“ကျွန်တော် အမြဲတမ်းတော့ စိတ်မတည်ငြိမ်ပါဘူး။ ကျွန်တော့်မှာလဲ တစ်ချို့ အခိုက်အတန့်လေးတွေရှိပါတယ်။ ကျွန်တော်အမြဲတမ်း ပြောသလိုပဲ ကျွန်တော်တို့က ဘယ်လောက်ပဲရုပ်ပေါက်ချင်ပါစေ ကိုယ့်ပုံစံအတိုင်းပဲ ကိုယ်နေပြီး အသင်းအတွက် အကျိုးရှိစေမယ်ဆိုရင် ကိုယ့်အစစ်အမှန်အတိုင်းချပြနိုင်ဖို့လဲ လိုအပ်ပါတယ်။”
“အခြေအနေတစ်ခုကို ဒါမှမဟုတ် လူတစ်ယောက်ကို ဒေါသထွက်ဖို့က လွယ်ကူပါတယ်။ ကျွန်တော်ကလဲ စင်းလုံးချောနေတဲ့လူမှ မဟုတ်တာ။ ဂနာမငြိမ်ပဲဖြစ်နေဖြစ်နေ၊ စိတ်အးလက်အေးပဲ ဖြစ်နေဖြစ်နေ ဘာမှမထူးခြားပါဘူး။ တစ်ခါတစ်လေ ဒေါသကလဲ သေချာပေါက် အကူအညီဖြစ်စေပါတယ်။”
လောရန့်စ် စတီးဝဒ်နဲ့လက်တွဲလုပ်ကိုင်ရမည့်အပေါ်
“အပေါင်းလက္ခဏာဆောင်တဲ့ သတင်းကောင်းပါ။ အောက်တိုဘာလထဲမှာ ကျွန်တော်က ပွဲစဉ်တွေအပေါ်ပဲအာရုံစိုက်နေပြီး အသင်းကတော့ ခေါ်ယူမှုတွေပြုလုပ်ဖို့ တာဝန်ရှိနေပါတယ်။ သူ့နဲ့အတူ အလုပ်လုပ်ပြီး သူရဲ့အခန်းကဏ္ဍကို ကူညီထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်စောင့်စားနေပါတယ်။”