Menu

We are presenting sports news quickly and accurately to our audience.

Follow us

Bruno Saltor Grau

6 months ago 0 20

        ဘရိုက်တန်ကစားသမားဟောင်း Bruno Saltor Grau သည်  စပိန်လူမျိုးဖြစ်ပြီး ၂၀၁၈/၁၉ ဘောလုံးရာသီ ဘောလုံးလောကမှအနားယူပြီးနောက် ဂရေဟမ်ပေါ်တာနှင့်စတင်လက်တွဲခဲ့ခြင်းဖြစ်သည်။ 

       Bruno Saltor Grau သည် ဘရိုက်တန်အသင်းတွင် ၇နှစ်တာကာလ ကစားခဲ့ပြီး အသင်းအောင်မြင်မှုများရရှိအောင် ကူညီပေးနိုင်ခဲ့ခြင်းကြောင့် အသင်းရဲ့ ဂန္တဝင်ကစားသမားတယောက်အဖြစ်သတ်မှတ်နိုင်သည်။ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူ ဦးဆောင်ကစားပေးခဲ့ကာ ဘရိုက်တန်အသင်း ၃၄နှစ်တာ ကာလအတွင်း တန်းတက်ခွင့်ရရှိခဲ့သည်။

        ၂၀၁၂ ခုနှစ်တွင် စပိန်အသင်း ဗလန်စီယာမှ ဘရိုက်တန်အသင်းသို့ပြောင်းရွှေ့လာခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် မှ ၂၀၁၉ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပွဲပေါင်း ၃၉ ပွဲ ကစားခွင့်ရခဲ့သည်။ 

        ဘောလုံးလောကမှ အနားယူပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဘရိုက်တန်အသင်း၏ နည်းပြအဖွဲ့ဝင်အဖြစ်လုပ်ကိုင်ခဲ့ကာ ကစားသမားဘဝနှင့် နည်းပြဘဝ ပေါင်းကြည့်လျှင် ဘရိုက်တန်အသင်းတွင် ၁၀နှစ်ကျော်ကြာ ရှိနေခဲ့ခြင်းလည်းဖြစ်သည်။ ၁၈ နှစ်တာ ဘောလုံးကစားခြင်းမှ အနားယူပြီးနောက် လက်ရှိအချိန်တွင် ဂရေဟမ်ပေါ်တာ ၏ ဦးဆောင်မှုဖြင့် ချဲလ်ဆီးအသင်းလက်ထောက်နည်းပြဖြစ်လာသည်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *