“ချဲလ်ဆီးအသင်းရဲ့ ကစားပုံကို လေ့လာသုံးသပ်ဖို့အတွက်က မလွယ်ကူပါဘူး။ ချန်ပီယံလိဂ်မှာ သူတို့နဲ့တွေ့ဆုံရမယ်ဆိုကတည်းက သူတို့ရဲ့ပွဲစဉ်တွေကိုကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကာလမှာ သူတို့လှုပ်ရှားမှုတွေ အများကြီးလုပ်ထားကြပါတယ်။ “
“သူတို့ အဓိကကစားသမားတွေရောင်းထားပြီး တစ်ဖက်ကလဲ အဓိကကစားသမားတွေကို ဝယ်ယူထားပါတယ်။ သူတို့ရဲ့ UCL အတွက် ကစားသမားစားရင်းကိုလဲ တွေ့မြင်ထားပြီးပါပြီ ဥပမာ ဂျာအိုဖီးလစ်လို ကစားသမားတွေလဲ ပါဝင်လာပါပြီ။”
“ဒါကြောင့် သူတို့ဘယ်လိုကစားမလဲဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး။ သူတို့ကလက်ရှိ နောက်တန်း၄ယောက်ကစားနေပြီး အရင်ကလဲ နောက်တန်း၃ယောက်နဲ့ ကစားဖူးထားပါတယ်။ ဖြစ်လာနိုင်တဲ့အရာအားလုံးအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။”
“ကျွန်တော်တို့ အနည်းဆုံးချဲလ်ဆီးကို တစ်ပွဲအနိုင်ရဖို့လိုပါတယ်။ အိမ်ကွင်းမှာဆိုရင်တော့ ပရိသတ် (၈၀၀၀၀)နဲ့မလို့ ပိုမိုလွယ်ကူနိုင်ပါတယ်။ ဒါပေမယ့် နှစ်ကျော့လုံးမှာ ပုံစံကောင်းတွေပြသဖို့လိုပြီး ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ။”
“သူတို့ဒီမှာ ဘယ်လိုစွမ်းဆောင်ရည်တွေကို ယူဆောင်လာမလဲဆိုတာသိတာကြောင့် ဒီကိစ္စကလွယ်မှာတော့မဟုတ်ပါဘူး။ သူတို့က ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး ဆောင်းရာသီမှာလဲ ကစားသမားအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ထူးချွန်ပြောင်မြောက်တဲ့ ပုံစံကောင်းတွေပြသနိုင်ဖို့လိုပါတယ်။”
“ကျွန်တော့်တာဝန်က နည်းပြပဲဖြစ်တာကြောင့် အပြောင်းရွှေ့နောက်ဆုံးနေ့မှာ ဘာမှဝင်မပါပဲ ဖူဟမ်နဲ့ပွဲစဉ်အတွက်ပဲ ပြင်ဆင်နေခဲ့တာပါ။ “
“ကျွန်တော်တို့ ခေါင်းဆောင်နိုင်မှုစွမ်းရည်နဲ့၊ အုပ်စုဖွဲ့လုပ်ဆောင်မှုရှိစေရန်အတွက် ကွင်းပြင်ပလှုပ်ရှားမှုလေးတွေလဲ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ တစ်သင်းလုံးက ကြိုးကြိုးစားစားနဲ့ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း လေ့ကျင့်ဖြစ်ခဲ့ကြပါတယ်။”
ဒေါ့မွန်အသင်းရဲ့နည်းပြ Edin Terzić မှ ချဲလ်ဆီးအသင်းနှင့် UCL ရှုံးထွက်ပွဲစဉ်အပေါ် (Reuters)
All photos are credited to CFC and Getty Images.