Menu

We are presenting sports news quickly and accurately to our audience.

Follow us

Carlo Cudicini

8 months ago 0 13

       Carlo Cudicini ဟာ ချယ်လ်ဆီးအသင်းရဲ့သမိုင်းမှာ အအောင်မြင်ဆုံးနှင့် လူကြိုက်အများဆုံးဂိုးသမားတစ်ဦးဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်တွင် 1999 ခုနှစ်မှ 2009 ခုနှစ်အတွင်း ကစားပွဲ 216 ပွဲကစားကာ 101ကြိမ် ဂိုးပေါက်ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ကစားသည်။ Cudicini ဟာ 2002-03 ဘောလုံးရာသီပိတ်သိမ်းချိန်မှာ တစ်နှစ်တာအကောင်းဆုံးဂိုးသမားအဖြစ် ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ရရှိခဲ့ပါတယ်။  ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့အချိန်မှာလည်း အသင်းနဲ့အတူ အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။ အသင်းမှာရှိစဉ်တစ်လျှောက်လုံး ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်း နှစ်ကြိမ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Cudicini ရဲ့ နောက်ဆုံးကစားခဲ့တဲ့အသင်းကတော့ 2014 ခုနှစ်မှာ ထွက်ခွာခဲ့တဲ့ Major League Soccer ရဲ့ LA Galaxy အသင်းဖြစ်ခဲ့ပြီး 2015 ခုနှစ် မတ်လမှာ အိုင်ယာလန်နိုင်ငံရဲ့ U-21 အသင်းမှာ ဂိုးသမားရာထူးကို လက်ခံပြီး ကစားခဲ့ပါတယ်။

        Cudicini ဟာ 2015 ခုနှစ် ချယ်လ်ဆီးအသင်းရဲ့ ရာသီကြိုခရီးစဉ်မှာ ကလပ်သံတမန်အဖြစ် Canada နဲ့ United States နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး မိုနာကိုမှာကျင်းပတဲ့ 2015-16 ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲမှာလည်း ကလပ်ကို ကိုယ်စားပြုခဲ့ပါသေးတယ်။ 2016 ခုနှစ် ဇူလိုင်လကစပြီး နည်းပြ Antonio Conte (အန်တိုနီယိုကွန်တီ) ရဲ့လက်ထောက်အဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး 2018-19 ရာသီတစ်လျှောက်လုံးမှာလည်း အဆိုပါ ရာထူးနဲ့ Maurizio Sarri လက်အောက်မှာ ဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ Cudicini ဟာ 2019 ခုနှစ် နွေရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အငှားကစားသမားများအတွက် နည်းပညာဆိုင်ရာ နည်းပြရာထူးကို ပြောင်းလဲလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *