
Carney Chukwuemeka singed for Chelsea | Photo Credit:
ချူကွီမီကာ ဟာ ၂၀၂၂ နွေရာသီမှာ အက်စ်တွန်ဗီလာအသင်းမှနေ ၆နှစ်စာချုပ်ဖြင့် ချဲလ်ဆီးကိုပြောင်းရွှေ့လာတာဖြစ်ပါတယ်။
နာမည်အပြည့်အစုံ –
မွေးနေ့ –
မွေးရပ် –
အရပ်အမြင့် –
ပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
ကာနီချီဘူဇီ ချူကွီမီကာ
၂၀.၁၀.၂၀၀၃ (၁၈နှစ်)
Eisenstadt, England
၆ ပေ ၁ လက်မ (1.87m)
၀၈.၁၀.၂၀၂၂
အင်္ဂလန်
Carney Chukwuemeka ဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းမှာ ကွင်းလယ်ကစားသမားအဖြစ် ကစားနေသည့် အင်္ဂလိပ် ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။ အသက် 12 နှစ်အရွယ်မှာ Northampton Town အသင်းကနေတစ်ဆင့် လူငယ်ကစားသမားဘ၀ကို စတင်ခဲ့ပြီး သူ့ရဲ့ ဘောလုံးကို သယ်ဆောင်နိုင်စွမ်းနှင့် ပြိုင်ဘက်တွေကို အာရုံစူးစိုက်စွာ နည်းလမ်းအမျိုးမျိုးနဲ့ ဖြတ်ကျော်နိုင်ခြင်းတို့က အရေးကြီးသောအချက်များအဖြစ် သူ့ရဲ့ ဘောလုံးကစားသမားဘဝကို အဆင့်မြှင့်တင်မှုမှာ အလျင်အမြန် အထောက်အကူဖြစ်စေခဲ့ပါတယ်။
Chukwuemeka ဟာ 2016 ခုနှစ် မတ်လမှာ Northampton Town အကယ်ဒမီမှ Aston Villa အကယ်ဒမီသို့ ပြောင်းရွှေ့ခဲ့ပြီး 2020 ခုနှစ် ဇူလိုင်လမှာ Villa အသင်းနဲ့ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ သူရဲ့ စီနီယာအသင်း ပွဲဦးထွက်ကိုလည်း မေလ 19 ရက်၊ 2021 ခုနှစ်မှာ ကစားခဲ့ပြီး နောက်လမှာပဲ 2020-21 ရာသီအတွက် the Aston Villa Academy Player of the Season ဆုအတွက် မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။ လူငယ်အသင်းအတွက် ပွဲတိုင်းမှာ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းတွေနဲ့ ဆက်တိုက်ပါဝင်ကစားခဲ့ပြီး UEFA ရဲ့ Team of the Tournament မှာ ရွေးချယ်ခံခဲ့ရပါတယ်။ Chukwuemeka ဟာ Villa အသင်းအတွက် ကစားပွဲစုစုပေါင်း 14 ပွဲ ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူနိုင်သည့် အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ Villaအသင်းနဲ့လက်တွဲဖြုတ်ခဲ့ပြီးနောက် 2022 ခုနှစ် ဩဂုတ်လ 4 ရက်နေ့မှာတော့ ချဲလ်ဆီးအသင်းက Chukwuemeka နဲ့ ခြောက်နှစ်သက်တမ်းရှိ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

Carney Chukwuemeka won the 2022 European U-19 Championship | Photo Credit:
Chukwuemeka ဟာ အင်္ဂလန်၊ သြစတြီးယားနှင့် နိုင်ဂျီးရီးယား အစရှိတဲ့ နိုင်ငံတကာအဆင့်မှာ ကိုယ်စားပြုရတဲ့အထိ ချီးကျူးစရာကောင်းလှတဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝနေသူတစ်ယောက်ပါ။ အင်္ဂလန် U-17 အသင်းအတွက် နှစ်ပွဲကစားအပြီး သူ့ရဲ့ အင်္ဂလန် U-18 ပွဲဦးထွက်ကို 2021 ခုနှစ် မတ်လ 29 ရက်နေ့မှာ Walesအသင်ကိုး 2 ဂိုး – 0 ဂိုး ဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ စတင်ခဲ့ပါတယ်။ 2022 ခုနှစ် ဇွန်လ 17 ရက်နေ့မှာ Chukwuemeka ဟာ UEFA European U-19 Championship ဖိုင်နယ်အတွက် အင်္ဂလန်နိုင်ငံရဲ့ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ပြိုင်ပွဲအတွင်း သူ့ရဲ့ စွမ်းဆောင်ရည်များက UEFA ပြိုင်ပွဲမှာ ပြောစမှတ်ပြုဖွယ် ဖြစ်ခဲ့ပါတယ်။