
အသင်းခေါင်းဆောင်အနေနဲ့ FIFA Club World Cup ကိုကိုင်မြှောက်နေစဉ် | Photo Credit:
ဆီဆာ ဟာ ချဲလ်ဆီးအသင်းဆီ 2012 ခုနှစ် August လက မာဆေးလ်အသင်းမှပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
နာမည်အပြည့်အစုံ –
မွေးရက် –
မွေးရပ် –
အရပ်အမြင့် –
ပထမဆုံးပွဲထွက်ခွင့်ရသည့်နေ့ –
ဆီဆာ အက်စ်ပီလီ ကွီတာ တန်ကို
၂၈.၀၈.၁၉၈၉ (၃၃နှစ်)
Zizur Mayor, စပိန်
၅ ပေ ၁၀ လက်မ (1.78 m)
၂၅.၀၉.၂၀၁၂
César Azpilicueta Tanco ဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းနဲ့
စပိန်နိုင်ငံ လက်ရွေးစင်အသင်းတို့အတွက် ညာနောက်ခံကစားသမားအနေနဲ့ကော ဗဟိုခံစစ်မှူးအနေနဲ့ပါ ကစားနေတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ပါတယ်။ သူရဲ့လိုက်လျောညီထွေကစားနိုင်မှုနဲ့ အသင်းရဲ့တိုက်စစ်တွေအထိ လိုက်ပါကစားနိုင်တဲ့အပြင် တစ်ဖက်အသင်းရဲ့ တောင်ပံကစားသမားတွေကို ထိန်းထားနိုင်တဲ့ သူ့ရဲ့စွမ်းရည်က ပရိသတ်တွေအထင်ကြီးခဲ့တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ လူမှုရေးမှာလည်း Azpilicueta က အသင်းဖော်တွေနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးရှိတယ်လို့ပြောလို့ရပါတယ်။ သူ့နာမည်ကို အသံထွက်ရာမှာ အခက်အခဲရှိလို့ဆိုပြီး သူငယ်ချင်းများကသူ့ကို မော်နီတာ “Dave” လို့ စနောက်ပြီး နာမည်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Chelsea signed César Azpilicueta from Marseille | Photo Credit:
Azpilicueta ဟာ သူ့ရဲ့ ဇာတိမြို့မှ Osasuna အသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပြီး ကျွမ်းကျင်အဆင့်များကို လေ့ကျင့်ရင်းနဲ့ တိုးတက်လာခဲ့ပြီးနောက် သူ့ရဲ့ La Liga ပွဲဦးထွက်ကို ၂၀၀၇ ခုနှစ် ဧပြီလ ၈ ရက်နေ့ Bernabeu မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ပါတယ်။ သူဟာ ကစားသမားဘဝအစမှာ ရှေ့တန်းကစားသမားအဖြစ် ကစားခဲ့ပြီး လာလီဂါမှာကစားရင်း ကွင်းလယ်ကစားသမားအဖြစ် သုံးရာသီကြာ ကစားခဲ့ပါတယ်။ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် (လူငယ်နှင့်စီနီယာ) မှာ ဗဟိုခံစစ်၊ ဗဟိုကွင်းလယ်ကစားသမားအပါအဝင် ကွင်းထဲမှ နေရာများစွာကနေ ကစားနိုင်စွမ်းရှိကြောင်း ပရိတ်သတ်တွေကို ပြသခဲ့ပါတယ်။
ပြင်သစ်ကလပ် Olympique de Marseille က Azpilicueta နဲ့ 4 နှစ်စာချုပ်ကိုချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီး စွမ်းဆောင်ရည်အပေါ် မူတည်၍ ပြောင်းရွှေ့ကြေး ယူရို 9.5 သန်းအထိ တိုးမြှင့်နိုင်ဖွယ်ရှိကြောင်း 2010 ခုနှစ် ဇွန်လမှာ ကြေညာခဲ့ပါတယ်။ 2010 ခုနှစ် နိုဝင်ဘာလ 27 ရက်နေ့မှာ Montpellier အသင်းကို အိမ်ကွင်းမှာ 4 ဂိုး – 0 ဂိုး ဖြင့်အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပထမဆုံးမိနစ်အနည်းငယ်ကစားအပြီး Azpilicueta ဟာ သူ့ရဲ့ဘယ်ဘက်ဒူးခေါင်းအတွင်းပိုင်းအရွတ်များ ဆုတ်ပြဲသွားတဲ့ဒဏ်ရာရရှိခဲ့ပြီး ရလဒ်အနေနဲ့ ခြောက်လကြာ ကစားပွဲတွေကနေ လွဲချော်ခဲ့ပါတယ်။

Chelsea’s Spanish players won the Europa League in 2013 | Photo Credit:
2012 ခုနှစ်နွေရာသီမှာတော့ Azpilicueta ဟာ ချဲလ်ဆီးအသင်းသို့ပြောင်းရွှေ့ခဲ့ပြီး
သူ့ရဲ့ ပွဲဦးထွက်အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ Wolverhampton Wanderers အသင်းကို 6 ဂိုး – 0 ဂိုး ဖြင့်အနိုင်ရရှိခဲ့တဲ့ Capital One Cupပြိုင်ပွဲတွင် စတင်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးရာသီမှာ ယူရိုပါလိဂ်ဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ Azpilicueta ဟာ ကစားပွဲ 38 ပွဲမှာ 27 ဂိုးသာခွင့်ပြုပေးခဲ့ရတဲ့ ဖြတ်သန်းရ အခက်ဆုံးခံစစ်မှာ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး Jose Mourinho ရဲ့ကြီးထွားနေတဲ့ အသင်းအတွက် အလိုအပ်ဆုံး အသင်းဝင်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ကွင်းအတွင်းစွမ်းဆောင်ရည်ကို အသင်းဖော်များနဲ့ ပရိသတ်တွေအကုန်လုံးက သတိပြုမိခဲ့ပြီးဖြစ်ပါတယ်။
အဲ့တာကြောင့်ပဲ Azpilicueta ဟာ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုများအတွက် အသိအမှတ်ပြုမှုရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်လေးဦးထဲအထိ ရွေးချယ်ခံခဲ့ရပြီး နောက်ဆုံးမှာတော့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအသင်းအတွက် ပွဲပေါင်း 450 ကျော် ကစားထားပြီး လက်ရှိအချိန်အထိ အသင်းအတွက် ပွဲအများဆုံးကစားထားသူစာရင်းရဲ့ အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် သူဟာ ချဲလ်ဆီးအသင်းကို 2019 ယူရိုပါလိဂ် ၊ 2021 ချန်ပီယံလိဂ် နဲ့ 2021 FIFA Club World Cup တွေမှာ အောင်ပွဲတွေရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဉီးဖြစ်ပါတယ်။

Chelsea’s Captain represents for his national team, Spain | Photo Credit:
နိုင်ငံတကာအဆင့်မှာတော့ Azpilicueta ဟာ 2005 ခုနှစ် အသက်16 နှစ်ခန့်မှာ စပိန်နိုင်ငံ U-16အသင်းအတွက် ကစားပေးဖို့ ရွေးချယ်ခံရခဲ့ရပါတယ်။ 2007 ခုနှစ်မှာ ဥရောပချန်ပီယံဆုရရှိခဲ့တဲ့ စပိန် U-19 အသင်းသားတစ်ဦးဖြစ်သလို U-21 အသင်းကိုလည်း 2011ခုနှစ်မှာ ဥရောပချန်ပီယံဆုကို ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ Azpilicueta ဟာ စပိန်နိုင်ငံအတွက် သုံးနှစ်နီးပါးမျှ မကစားခဲ့သော်လည်း ရွှေ့ဆိုင်းထားသော ယူရို 2020 ပြိုင်ပွဲအတွက် စပိန်နိုင်ငံရဲ့ ဘောလုံးသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ Azpilicueta ဟာ လူငယ်အရွယ်မှာ စပိန်နိုင်ငံအတွက် လူငယ်အဆင့်ပြိုင်ပွဲစုံ 55 ပွဲကစားပေးခဲ့ပါတယ်။ ထပ်မံဖြည့်စွက်ရလျှင် ကမ္ဘာ့ဖလားအတွက် နှစ်ကြိမ်၊ 2016 ယူရို နဲ့ 2020 ယူရိုပြိုင်ပွဲတို့အတွက် ရွေးချယ်ခံရခြင်းအပြင် 2013 ခုနှစ်မှာ နိုင်ငံ့လက်ရွေးစင်အသင်းဖြင့် ပွဲဦးထွက်အနေနဲ့ပါဝင်ခဲ့ပါတယ်။