အပြောင်းအရွှေ့ရာသီဖွင့်လစ်ပြီး နှစ်သစ်ရဲ့ပထမဆုံးပွဲစကန်ချိန်မှာပဲ ချဲလ်ဆီးအသင်းဟာ စိတ်ပျက်ဖို့ကောင်းတဲ့ကစားဟန်တွေနဲ့ အဝေးကွင်းရှုံးပွဲကိုကြုံတွေ့ခဲ့ရပြန်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းကို တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့အပြီးမှာတော့ တချို့ချဲလ်ဆီးပရိတ်သတ်တွေဟာ ဂရေဟမ်ပေါ်တာကို အသင်းကနေထွက်ဖို့ အလိုရှိလာကြတာဟာ ပိုအသံကျယ်လာပါတယ်။ ဂရေဟမ်ပေါ်တာ ချဲလ်ဆီးအသင်းကိုရောက်လာတာဟာ ခုဆိုရင် ၄လနီးပါးဖြစ်လာပြီဖြစ်ပြီး၊ ၁၆ပွဲကိုနည်းပြအဖြစ်နဲ့ကိုင်တွယ်ထားပေမဲ့လည်း ခုချိန်ထိရုန်းကန်နေရကာ ပေါ်တာအနေနဲ့ လက်ရှိအသင်းရဲ့ လူစာရင်းကို ကစားသမားအသစ်တွေခေါ်ယူဖို့ဆန္ဒရှိနေပါတယ်။
လက်ရှိအချိန်မှာလည်း ချဲလ်ဆီးအသင်းက လူခေါ်ယူရာမှာ လက်နှေးမနေဘဲ အပြောင်းအရွှေ့ဖွင့်တာနဲ့ အသက် ၂၀ အရွယ်၊ လူငယ်တိုက်စစ်မှု ဒေးဗစ် ဒက်ထရို ဖိုဖာနာ (David Datro Fofana) ကို နော်ဝေကလပ်အသင်း Molde အသင်းကနေခေါ်ယူထားပါပြီ။ Vasco da Gama အသင်းရဲ့ ဘုရားဇီးကွင်းလယ်ကစားသမားလေးဖြစ်တဲ့ အန်ဒရေး ဆန်းတို့စ် (Andrey Snatos)၊ အသက် ၁၈နှစ် ကစားသမားလေးကလည်း ချဲလ်ဆီးအသင်းနဲ့စာချုပ်ချုပ်ဆိုဖို့အတွက် လန်ဒန်ကိုရောက်နေပါပြီ၊ နောက်ထပ်လည်း ပြင်သစ်နောက်တန်းကစားသမား ဘန်နွာ ဘတ်ဒီယာရှီးလ် (Benoit Badiashile, ၂၁နှစ်) အတွက်ကို မိုနာကိုအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီရယူထားပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးပရိတ်သတ်တွေက လူငယ်ကစားသမားတွေအပြင် အသင်းအတွက်အသင့်သုံးလို့ရမယ့် ကစားသမားမျိုးကိုအလိုရှိနေကြပါတယ်။ ပရိတ်သတ်အားလုံးရဲ့လတ်တလောစိတ်ဝင်တစားရှိနေတဲ့အပြောင်းအရွှေ့ကတော့ မကြာသေးခင်ကမှ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကာတာကမ္ဘာ့ဖလားကို ရယူထားခဲ့တဲ့ အန်ဇို ဖာနန်ဒက် (Enzo Fernandez) ရဲ့သတင်းပဲဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ထိပ်တန်းအသင်းကြီးတသင်းရဲ့ အဆင့်အတန်းမျိုးမှာရှိနေဖို့ဆိုရင် လက်ရှိအသင်းရဲ့ကွင်းလယ်နေရာအတွက်ကို ဆောင်းရာသီအပြောင်းအရွှေ့ (ဒီ ဇန်နဝါရီလ) မဟုတ်ရင် နွေရာသီအပြောင်းအရွှေ့မှာတော့ အနည်းဆုံးကစားသမားတယောက်မဖြစ်မနေခေါ်ယူရမှာပါ။ လက်ရှိကွင်းလယ်နေရာအတွက်ကို ချဲလ်ဆီးအသင်းက ဝယ်ဖို့နာမည်ထွက်နေတဲ့ကစားသမားက အန်ဇို ဖာနန်ဒက် တယောက်ထဲတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အားလုံးရဲ့အာစုံစိုက်မှုကို ရရှိနေတဲ့အပြောင်းအရွှေ့ကတော့ အန်ဇို ဖာနန်ဒက်ပါပဲ။
၂၀၂၂ကာတာ ကမ္ဘာ့ဖလားမှာ လူငယ်အကောင်းဆုံးကစားစုကိုရရှိခဲ့တဲ့ အန်ဇိုဖာနန်ဒက် ဟာ မကြာခင်မှာပဲ အသက် ၂၂နှစ်ပြည့်တော့မှာပါ၊ သူ့အနေနဲ့ ဇန်နဝါရိလ ၃၁ရက်နေ့မတိုင်ခင်မှာ စတန်းဖို့ထ်ဘရစ်ကိုပြောင်းရွှေ့လာနိုင်မလား?
ဒီမေးခွန်းကိုဖြေရရင်တော့ ခုလတ်တလောမှာ ဘင်ဖီကာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ကြားမှာ ဆွေးနွေးညှိနှိုင်းမှုကိစ္စတွေရှိနေပြီဖြစ်ပြီး ချဲလ်ဆီးအသင်းဘက်က အန်ဇို အတွက်ကို စာချုပ်ဖျက်သိမ်းကြေး စတာလင်ပေါင် ၁၀၆သန်းအထိပေးချေဖို့ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။
ဆွေးနွေးမှုတွေဆက်တိုက်ပြုလုပ်နေတာမှန်ပေမယ့် ဒီလောက်များတဲ့ပမာဏကိုချဲလ်ဆီးအသင်းက ပေးချေဖို့ အစီအစဉ်မရှိတဲ့အပြင် အလောတကြီးပြုလုပ်မှာမဟုတ်ပါဘူး၊ အကြောင်းကတော့ ဒီပမာဏကိုပေးချေဖို့အတွက် တခြားအသင်းတွေလည်းခုချိန်မှာမရှိနိုင်ဘူးလို့ယူဆတာကြောင့် အတက်နိုင်ဆုံးပြောင်းရွှေ့ကြေးလျော့ကျလာအောင် ဘင်ဖီကာအသင်းကို ဆွေးနွေးညှိနှိုင်းနေတာပဲဖြစ်ပါတယ်။ ဘင်ဖီကာအသင်းအနေနဲ့ကလည်း သူတို့အသင်းကို River Plate အသင်းကနေ ဂျွန်လကမှပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ၂၅ပွဲသာကစားပေးထားရသေးတဲ့ ကစားသမားကို အလောတကြီးရောင်းထုတ်ပေးဖို့ဆန္ဒမရှိပါဘူး။ နွေရာသီတုန်းက ဒါဝင် နူးညက် (Darwin Nunez) ကို လီပါပူးအသင်းဆီ ယူရိုသန်း ၁၀၀နဲ့ရောင်းချထားတာကြောင့် ငွေလည်းမလိုပါဘူး။
ဆွေးနွေးမှုတွေဆက်တိုက်ပြုလုပ်နေတာမှန်ပေမယ့် ဒီလောက်များတဲ့ပမာဏကိုချဲလ်ဆီးအသင်းက ပေးချေဖို့ အစီအစဉ်မရှိတဲ့အပြင် အလောတကြီးပြုလုပ်မှာမဟုတ်ပါဘူး၊ အကြောင်းကတော့ ဒီပမာဏကိုပေးချေဖို့အတွက် တခြားအသင်းတွေလည်းခုချိန်မှာမရှိနိုင်ဘူးလို့ယူဆတာကြောင့် အတက်နိုင်ဆုံးပြောင်းရွှေ့ကြေးလျော့ကျလာအောင် ဘင်ဖီကာအသင်းကို ဆွေးနွေးညှိနှိုင်းနေတာပဲဖြစ်ပါတယ်။ ဘင်ဖီကာအသင်းအနေနဲ့ကလည်း သူတို့အသင်းကို River Plate အသင်းကနေ ဂျွန်လကမှပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ၂၅ပွဲသာကစားပေးထားရသေးတဲ့ ကစားသမားကို အလောတကြီးရောင်းထုတ်ပေးဖို့ဆန္ဒမရှိပါဘူး။ နွေရာသီတုန်းက ဒါဝင် နူးညက် (Darwin Nunez) ကို လီပါပူးအသင်းဆီ ယူရိုသန်း ၁၀၀နဲ့ရောင်းချထားတာကြောင့် ငွေလည်းမလိုပါဘူး။

ဘယ်လင်ဂမ် (Bellingham) ရဲ့အနာဂတ်နဲ့ပတ်သတ်လို့ကတော့ နွေရာသီရောက်မှသာဆုံးဖြတ်ဖို့ရှိနေပြီး၊ သူ့ကိုခေါ်ယူချင်တဲ့ ဉရောပအသင်းကြီးတွေရှိနေတာကြောင့် ခေါ်ယူဖို့ခက်ခဲနိုင်ကြောင်း ချဲလ်ဆီးအသင်းကနားလည်ထားပါတယ်။ ၂၀၂၂ ကတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့အတူခြေစွမ်းပြကစားထားခဲ့တဲ့ ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ဖို့ရေပန်းအစားဆုံးဖြစ်နေတာကတော့ ပရီးမီးယားလိဂ်အသင်းတသင်းဖြစ်တဲ့ လီပါပူးအသင်းပဲဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမားခေါ်ယူဖို့အတွက် အလောတကြီးဖြစ်မနေတဲ့အချက်ထဲမှာ အသင်းရဲ့ကွင်းလယ်ကစားသမား အန်ဂိုလိုကွန်တေ ကိုစာချုပ်သစ်ချုပ်ဆိုဖို့ညှိနှိုင်းမှုတွေအဆင်ပြေလာလို့ပဲဖြစ်ပါတယ်။ မတ်လမှာ အသက် ၃၂နှစ်ပြည့်တော့မှာဖြစ်တဲ့ အန်ဂိုလိုဟာ ဒဏ်ရာပြဿနာတွေကြောင့် ဩဂုတ်လကတည်းကအနားယူနေခဲ့ရတာပါ၊ အန်ဂိုလိုရဲ့ အသင်းမှာဆက်ရှိနေဖို့ဆိုတဲ့ အနာဂတ်ကလည်း အပြည့်အဝတော့ စိတ်ချရတဲ့အခြေအနေမဟုတ်ဘူးဆိုတာကိုလည်း နားလည်ရပါတယ်။
ဒီလိုပြောရတဲ့အကြောင်းကတော့ စီနီယာကစားသမားတွေနဲ့ချိတ်ဆက်ပြီးသိရသလောက်ဆိုရင် ဒီရာသီဟာ ဂျော်ဂျင်ညိုရဲ့ ချဲလ်ဆီးအသင်းအတွက်နောက်ဆုံးရာသီလို့သိရတာကြောင့် သူ့နေရာကိုလည်း အစားထိုးဖို့လိုအပ်လာပြန်ပါတယ်။ အီတလီကစားသမားဟာ ဒီရာသီကုန်ရင် ချဲလ်ဆီးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ၊ သူကတော့ အရင်ကစားခဲ့တဲ့ စီးရီးအေကိုပြန်သွားဖို့ရည်ရွယ်ထားပါတယ်။ ဂျော်ဂျင်ညိုရဲ့အေးဂျင့် ဂျာအိုဆန်းတို့စ် ကတော့ မကြာသေးခင်ကပဲ ချဲလ်ဆီးအသင်းဘက်က အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ ဂျော်ဂျင်ညိုကို စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းခဲ့တယ်လို့တော့ပြောဖူးတာတော့ရှိပါတယ်။

အန်ဇိုဖာနန်ဒက်၊ ဘယ်လင်ဂမ်တို့အပြင် ချဲလ်ဆီးအသင်းက လိုချင်နေတဲ့ကစားသမားကတော့ ဝက်စ်ဟမ်းကစားသမား ဒီကလန်ရိုက်ပါပဲ။ ဒါပေမဲ့ သူကလည်း ဘယ်လင်ဂမ်လိုပါပဲ နွေရာသီမတိုင်ခင်ခေါ်ယူဖို့မလွယ်ကူတဲ့အပြင် တခြားအသင်းတွေကစိတ်ဝင်စားခြင်းခံနေတဲ့ ရိုက်စ်ရဲ့ ပြောင်းရွှေ့ဈေးကလည်းသက်သာနေမှာမဟုတ်ပါဘူး။
တဖက်မှာ ချဲလ်ဆီးအသင်းက ဈေးသက်သက်သာသာနဲ့ခေါ်ယူနိုင်ဖို့အတွက် စောင့်ကြည့်နေတာကတော့ ဘရိုက်တန်ကွင်းလယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ မွိုက်စ် ကိုင်စီဒို (Moises Caicedo) နဲ့ အလက်စစ် မတ်ခ် အယ်လီဆာ (Alexis Mac Allister)တို့အပြင် ဆောက်သမ်တန်အသင်းရဲ့လူငယ်ကစားသမား ရိုမီရိုလာဗီယာ (Romeo Lavia) ပဲဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ကာတာ ကမ္ဘာ့ဖလားရယူတဲ့ မတ်ခ်အလီဆာ ဟာ သူ့အတွက်သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးသာရရှိမယ်ဆိုရင် ဘရိုက်တန်အသင်းကနေထွက်ခွာမှာပါ၊ ချဲလ်ဆီးအသင်းအနေနဲ့ သူ့ကိုခေါ်ယူနိုင်ဖို့ဆိုရင် စတာလင်ပေါင် ၆၀သန်းလောက်ကုန်ကျလိမ့်မယ်လို့ခန့်မှန်းနေကြပေမယ့်လည်း ချဲလ်ဆီးအသင်းအနေနဲ့ကတော့ သူ့ကို စတာလင်ပေါင် ၃၅သန်းကနေ ၄၀သန်းအထိပဲ ဈေးသတ်မှတ်ထားပါတယ်။

နောက်ထပ်ကစားသမားကတော့ အိုင်းယက်စ် (Ajax) အသင်းရဲ့ကွင်းလယ်ကစားသမား အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ အက်ဆင် အဲဗားရက်စ် (Edson Alvarez) ပါ၊ သူ့ကိုချဲလ်ဆီးအသင်းက စောင့်ကြည့်နေဆဲဖြစ်ပြီး၊ နွေရာသီအပြောင်းအရွှေ့ရာသီပိတ်ခါနီးတုန်းက ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် အိုင်းယက်စ်အသင်းက မက်စီကိုကစားသမားကို မရောင်းချပေးခဲ့လို့ မအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ ခုလိုချိန်ရာသီဝက်မှာလည်း ချဲလ်ဆီးအသင်းအနေနဲ့ အဲဗားရက်စ်ကို ခေါ် ယူနိုင်ဖို့ဆိုတာမလွယ်ကူတဲ့အခြေအနေဖြစ်နေတုန်းပါပဲ။
ချဲလ်ဆီးအသင်းအနေနဲ့ ကွင်းလယ်နေရာဖြည့်ဖို့ပဲလိုတာမဟုတ်ပဲ တိုက်စစ်နေရာတွေကိုလည်း အရည်အသွေးပြည့်ဝဖို့အတွက်ဖြည့်တင်းဖို့လိုအပ်နေပါတယ်။ အဲ့ဒါကြောင့်ကွင်းလယ်ကစားသမားခေါ်ယူရာမှာငွေအမြောက်အများသုံးလိုက်ရင် တခြားနေရာတွေဖြည့်ဖို့ဆိုရင် ငွေကြေးတွက်ချက်ပြီးလုပ်ကိုင်ရတာတွေရှိလာတော့မှာပါ။ ဒါပေမယ့် ဒါကလက်ရှိအခြေအနေပါ၊ နောက်ရက်တွေမှာလည်း အချိန်နဲ့အမျှတော့ အခြေအနေတွေကပြောင်းလဲလာနိုင်ပါတယ်။
ချဲလ်ဆီးအသင်းက ကစားသမားတွေခေါ်ယူဖို့အတွက်ကို အသင်းတော်တော်များများနဲ့ပြောဆိုဆွေးနွေးမှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင်ဟာ အသင်းတွေအနေနဲ့ သူတို့ဆီကအကျိုးအမြတ်ထုတ်မှာကိုမလိုလားတာကြောင့် သူတို့လက်တွဲဖို့အဆင်မပြေဘူးဆိုရင်တော့ အပြောင်းအရွှေ့ကိစ္စတွေကိုဆက်မလုပ်ပါဘူး။ ( တန်ကြေးထက် မတန်မဆဈေးတွေပေးပြီးခေါ်မှာမဟုတ်တာကိုဆိုလို) ချဲလ်ဆီးအသင်းက လက်ရှိအချိန်မှာ ကစားသမားတွေလည်းဆက်တိုက်ခေါ်ယူနေပါတယ်၊ တချို့အပြောင်းအရွှေ့တွေ့ကိုစောင့်ဆိုင်းနေပြီး၊ အဆင်မပြေတာတွေကိုတော့ ဆွေးနွေးမှုတွေရပ်ထားပါတယ်။
တကယ်လို့သာ ချဲလ်ဆီးအသင်းရဲ့ပစ်မှတ်ကစားသမားကို တခြားအသင်းကခေါ်ယူသွားခဲ့မယ်ဆိုရင်လည်း ချဲလ်ဆီးအသင်းအတွက် ဆွေးနွေးထားတဲ့ကစားသမားတယောက်ကတော့ အဆင့်သင့်ရှိနေမှာပါ။ ချဲလ်ဆီးအသင်းက ဒီအပြောင်းအရွှေ့မှာ စနစ်တကျလုပ်ဆောင်နေတာကြောင့် အသင်းအတွက် အကောင်းဆုံးပုံစံတွေရရှိလာဖို့ရှိနေပါတယ်။
Simon Johnson (The Athletic) ရေးသားထားတဲ့ What we’re hearing about Chelsea midfield targets ကို စီလျော်အောင်ဘာသာပြန်ဆိုထားတာပဲဖြစ်ပါတယ်။