
An early image of Stamford Bridge | Photo Credit:
Chelsea Pitch Owners (CPO) သည် ပရီးမီးယားလိဂ် ဘောလုံးအသင်း Chelsea ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ CPO က Stamford Bridge ကွင်းရဲ့ အလွတ်ပိုင်ရှင်ဖြစ်သလို ကွင်းအမည်ပေးပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်ထားပြီး ပရိတ်သတ်တွေကို ရည်ရွယ်ချက် နှစ်ခုနဲ့ ဆောင်ရွက်ပေးနေလျက်ရှိပါတယ်။ အဲ့တာကတော့ ပရိတ်သတ်တွေဟာ အားကစားကွင်းရဲ့ အနာဂတ်ကို အကာအကွယ်ပေးရင်း သူတို့ စိတ်ကြိုက်ဘောလုံးအသင်းတစ်သင်းရဲ့ အပိုင်းအစလေးတွေကို ပိုင်ဆိုင်ခွင့်ရနိုင်တာပဲ ဖြစ်ပါတယ်။ 1970 နှင့် 1980 ခုနှစ်များအတွင်း ချဲလ်ဆီးအသင်းဟာ ပြင်းထန်လွန်းတဲ့ ဘဏ္ဍာရေးအခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီး Stamford Bridge ရဲ့ ပြုပြင်မွမ်းမံရေးပရောဂျက်ကိုလည်း နောက်သို့ရွေ့ခဲ့ရပါတယ်။ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ နောက်ပိုင်း ကလပ်ရဲ့ ပိုင်ဆိုင်မှုတွေ (နောက်ဆက်တွဲ Cabra Estates) ပြောင်းလဲမှုကြောင့် ကလပ်ရဲ့ လက်ကျန်ပိုင်ဆိုင်မှုကို အိမ်ခြံမြေ developer Marler Estates ထံသို့ ရောင်းချခဲ့ရပြီး အဆိုပါ အပြောင်းအရွေ့ကြောင့် အသင်းဟာ ကွင်းဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ရပါတယ်။
1992 ခုနှစ်မှာ စျေးကွက်ပြိုကျမှုကြောင့် အိမ်ခြံမြေ developer တော်တော်များများ ဒေဝါလီခံခဲ့ရပေမဲ့ အားကစားကွင်းရဲ့ အနာဂတ်ကတော့ ခဏတာ လုံခြုံသွားပါတယ်။ ထိုအချိန်က ဥက္ကဋ္ဌ Ken Bates က ဘဏ္ဍာရေးမှူးများနဲ့ ညှိနှိုင်းကာ ဘောလုံးအသင်းအတွက် အားကစားကွင်းပိုင်ဆိုင်မှုကို ပြန်လည်ရယူရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် Chelsea Pitch Owners ကို တည်ထောင်ခဲ့ပါတယ်။ 1997 ခုနှစ်တွင် ကလပ်ရဲ့ မိခင်ကုမ္ပဏီ Chelsea Village plc မှ ပေါင် 10 သန်းချေးငှားမှု အကူအညီနဲ့ Stamford Bridge၊ turnstiles, pitch နှင့် Chelsea FC အမည်တို့ကို ရယူနိုင်ခဲ့ပြီး CPO က ချဲလ်ဆီးအသင်းအား Stamford Bridge ကို ၁၉၉ နှစ်အငှားချကာ အမည်ခံခွင့်ပေးနိုင်ခဲ့ပါတယ်။
Chelsea Pitch Owners များကို အခမဲ့ထိန်းချုပ်ခွင့် ပေးရခြင်းရဲ့ ရည်ရွယ်ချက်က Stamford Bridge ကို အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချခြင်းမှ တားဆီးဖို့အတွက်ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ CPO ကို ထိန်းချုပ်ခြင်းမှ တားဆီးရန်အတွက် အစုရှယ်ယာရှင်တစ်ဦးလျှင် အစုရှယ်ယာမည်မျှပိုင်ဆိုင်သည်ဖြစ်စေ မဲပေးပိုင်ခွင့် 100 ထိသာ ကန့်သတ်ထားသည်။ CPO အဖွဲ့အစည်းဟာ အကျိုးအမြတ်မယူဘဲ အကြွေးပြန်ဆပ်ရန် ရန်ပုံငွေစုဆောင်းပြီး ဘောလုံးကွင်းကို ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုများတွင်သာ အသုံးပြုနိုင်ကြောင်း ပြဋ္ဌာန်းချက်၊ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် ပရိသတ်များကလည်း သူတို့ကြိုက်နှစ်သက်တဲ့ အသင်းကို ကာကွယ်ဖို့ ရှယ်ယာအမြောက်အများကို ဝယ်ယူအားပေးခဲ့ကြပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးပရိသတ်များကို တစ်ဦးချင်းရှယ်ယာ 23000 ကျော်ကို ရောင်းချခဲ့ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် ပရိသတ် 13,000 (ရေတွက်ဆဲ) ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော ကွင်းဖြစ်စေခဲ့သည်။ အဲ့ထဲမှာ နာမည်ကျော် အစုရှယ်ယာရှင်များဖြစ်တဲ့ Thomas Tuchel နဲ့ ယခင်မန်နေဂျာများ – Frank Lampard, Antonio Conte နှင့် Jose Moringo တို့ပါဝင်ပါတယ်။ 2011 ခုနှစ် စာရင်းအရ CPO ဟာ အစုရှယ်ယာ 15000 ခန့် ရောင်းချခဲ့ပြီး အကြွေးပေါင် ၁.၅ သန်းခန့် ပြေလည်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ CPO ရဲ့ ဥက္ကဌဟာ ချဲလ်ဆီးအသင်း ခေါင်းဆောင်ဟောင်း John Terry ဖြစ်ပါတယ်။
CPOဟာ ချဲလ်ဆီးကလပ်ရဲ့အမည်ကို ပိုင်ဆိုင်ထားတဲ့အတွက် ချဲလ်ဆီးပထမအသင်းက သူတို့ရဲ့ အိမ်ကွင်းပွဲစဉ်များကို Stamford Bridge မှာ ကစားနေသရွေ့ “Chelsea Football Club Ltd” နာမည်ကို အသုံးပြုခွင့်ရရှိမှာဖြစ်ပြီး ချဲလ်ဆီးအသင်းက CPO ရှယ်ယာရှင်များရဲ့ 75% သဘောတူညီချက်မပါဘဲ ကွင်းအသစ်သို့ ပြောင်းရွှေ့ပါက Chelsea Football Club အမည်ကို အသုံးပြုလို့ မရပါဘူး။ ချဲလ်ဆီးဘောလုံးအသင်းက Stamford Bridge မှာ CPO ပိုင်တဲ့ လက်ကျန်မြေကို 2011 ခုနှစ် အောက်တိုဘာလ 3 ရက်နေ့တွင် ဝယ်ယူရန် ကမ်းလှမ်းခဲ့ပြီး အားကစားကွင်းအသစ်သို့ ပြောင်းရွှေ့ရန် တောင်းဆိုခဲ့ပါတယ်။ အဆိုပါ အဆိုပြုချက်ကို 2011 ခုနှစ် အောက်တိုဘာလ 27 ရက်နေ့မှာ ကျင်းပတဲ့ အထွေထွေ CPO အစည်းအဝေးမှာ တင်ပြခဲ့သော်လည်း မဲအားလုံးဟာ အနိမ့်ဆုံး ၇၅ ရာခိုင်နှုန်းအောက်ဖြစ်တဲ့ ၆၁.၆ ရာခိုင်နှုန်းဆီကသာ ထောက်ခံမှု ရခဲ့တာကြောင့် အဆိုပါ တောင်းဆိုမှုဟာ ငြင်းပယ်ခံခဲ့ရပါတယ်။ သို့သော်လည်း ချဲလ်ဆီးဘောလုံးအသင်းဟာ 2012 ခုနှစ် မေလမှာ ကွင်းပြောင်းဖို့ ရည်ရွယ်ချက်ဖြင့် ထိုင်ခုံ ၆၀,၀၀၀ ဆံ့သော Battersea Power Station အားရောင်းချမည့် လေလံပွဲမှာပါဝင်ခဲ့ပါသေးတယ်။
Reference: Chelsea FC and Wikipedia