
Fulham Broadway | Photo Credit:
ဘောလုံး ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဘောလုံးကွင်း Stamford Bridge ဟာ လန်ဒန်မြို့ရဲ့ အနောက်အရပ် ဖူလ်ဟမ်မှာတည်ရှိပြီး Chelsea ကလပ်ဟာလည်း အဆိုပါ ဘောလုံးကွင်းနားမှာ တည်ရှိပါတယ်။ ထိုကွင်းဟာ 2022-23 ရာသီ ပရီးမီးယာလိဂ်ရဲ့ ကိုးခုမြောက် အကြီးဆုံးနေရာဖြစ်ပြီး ပရိတ်သတ်ဉီးရေ 40,834 ဆံ့တယ်လို့ သိရပါတယ်။ 1905 ခုနှစ် စတင်တည်ထောင်ချိန်မှစ၍ Chelsea Football Club ဟာ နိုင်ငံရဲ့ ရှေးအကျဆုံး ဘောလုံးကွင်းများထဲမှ တစ်ခုဖြစ်ပြီး Stamford Bridgeကွင်းကိုလည်းအိမ်ကွင်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။။
ဘောလုံးကွင်းအဖြစ် အသုံးမပြုမှီ 1877 ခုနှစ် ဧပြီလ 28 ရက်နေ့ကစပြီး The Bridge ဟာ အားကစားပွဲများကျင်းပရာနေရာ ဖြစ်ခဲ့ပါတယ်။ အစောပိုင်းတည်ရှိမှု ၂၇ နှစ်တာကာလအတွင်း သမိုင်းကြောင်းအရ ရေပန်းစားခဲ့သော ဗစ်တိုးရီးယား အားကစား ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ပြေးခုန်ပစ် ပြိုင်ပွဲများအတွက် လန်ဒန် ပြေးခုန်ပစ်ကလပ်က အဆိုပါနေရာကို သီးသန့်နီးပါး အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဘောလုံးကွင်းကြီးရဲ့ ဖြစ်တည်လာပုံကို ပြောပြရရင်တော့ အဂ်လိပ်နိုင်ငံသား Mr. Henry Ausgustus (Gus) Mears နဲ့ သူရဲ့အစ်ကိုဖြစ်သူ Mr. J. T. Mears တို့က သူတို့ကြိုက်နှစ်သက်တဲ့ ဘောလုံးအားကစားပွဲကိုကျင်းပချင်သော ရည်ရွယ်ချက်ဖြင့် 1904 ခုနှစ်မှာ မြေကွက်အပိုများမှ (ယခင်က ဈေးဥယျာဉ်ကြီး) မြေကွက်လပ်တွေကို ရောင်းချပေးအောင် ညှိနှိုင်းဝယ်ယူခဲ့တယ်လို့ သိရပြီး အဆိုပါအချိန်က ဘောလုံးအားကစားဟာ အင်္ဂလန်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို လွှမ်းမိုးခဲ့ပြီး အဓိကမြို့တော်မှာလည်း လျင်မြန်စွာ ရေပန်းစားလာခဲ့ပါတယ်။
နိုင်ငံတစ်ဝှမ်းရှိ အခြားသော အားကစားကွင်းများကဲ့သို့ 12.5 ဧက ကျယ်ဝန်းသော ကွင်းသစ်အား ကျော်ကြားသော စကော့တလန် ဘောလုံးကွင်း ဗိသုကာပညာရှင် Archibald Leitch မှ ဒီဇိုင်းထုတ်ထားတယ်လို့ သိရပါတယ်။ ကွင်းအရှေ့ဘက်မှ ပွဲကြည့်စင်ဟာ ကိုက် ၁၂၀ ရှည်လျားကာ ပရိသတ် အယောက် ၅,၀၀၀ ဆန့်ပြီး ပညာရှင်ရဲ့ ထင်ရှားသည့်လက်ရာတစ်ခုဖြစ်တဲ့ ခေါင်မိုးပေါ်မှာ အလယ်ခေါင်မြင်းမိုရ်ကို တပ်ဆင်ထားပါတယ်။ Piccadilly Line ဆိုတဲ့ မြေအောက်မီးရထားလမ်းဖောက်လုပ်စဉ်အတွင်း တူးဖော်ခဲ့တဲ့ တန်ချိန်ထောင်ပေါင်းများစွာသော မြေကြီးအစအနများဖြင့် မြေဖို့မွမ်းမံပြီး မတ်တပ်ရပ်ကြည့်ရှုသူများအတွက် မြင့်မားသောလှေကားထစ်တွေကို ဖန်တီးကာ ကြီးမားတဲ့ အဖွင့်ပန်းကန်လုံးတစ်လုံးပုံစံကို ဆောက်လုပ်ခဲ့ပါတယ်။

An early image of Stamford Bridge | Photo Credit:
လန်ဒန်မြို့ တောင်ပိုင်းရှိ ပျက်စီးယိုယွင်းနေတဲ့ ခရစ္စတယ်ပဲလေ့စ်အားကစားကွင်းပြီးနောက် ပရိတ်သတ် 100,000(မတ်တပ်ရပ်ကြည့်ရှုသူများအပါအဝင်)ဆန့်တဲ့ The Bridge ကွင်းဟာ နိုင်ငံအတွင်း ဒုတိယအကြီးဆုံးနဲ့ FA ဖလားဗိုလ်လုပွဲနေရာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပထမတော့ ဒေသခံအသင်းဖြစ်တဲ့ ဖူလ်ဟမ် FC ကို အဆိုပါကွင်းမှာ ကစားဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ သူတို့က အခွင့်အရေးကို ငြင်းပယ်ခဲ့ကြပြီး ရလဒ်အနေဖြင့် 1905 ခုနှစ် မတ်လမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အသင်းသစ် ချဲလ်ဆီးဘောလုံးအသင်းဟာ လအနည်းငယ်ကြာပြီးနောက် ဘောလုံးရာသီစတင်ချိန်မှာ Stamford Bridge ကွင်းသစ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။
ရာသီအဖွင့်နှစ်မှာ ပရိသတ် 60,000 ဖြင့် စတင်ခဲ့ပြီး ရာသီ နှစ်ရာသီ အပြီးမှာတော့ Football League Division One သို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။ 1920 ခုနှစ်နဲ့ 1922 ခုနှစ်ကြားမှာ ကျင်းပခဲ့တဲ့ FA Cup ဖိုင်နယ်သုံးကြိမ်ကို ၎င်းကွင်းမှာ ပါဆော့ကစားခဲ့ခြင်းကြောင့် အသင်းဟာ ပရိတ်သတ်တွေကြားမှာ အလွန်လျင်မြန်စွာ ရေပန်းစားလာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြောင့် အရှေ့ဘက်ပွဲကြည့်စင် ပျက်စီးသွားခဲ့ပြီး အသစ်ပြန်လည် ဆောက်လုပ်ခဲ့ရပ်သည်။ ပွဲကြည့်စင်အသစ်ဟာ ဖြိုဖျက်ခြင်းမခံရမီ နှစ်ပေါင်း 30 ကြာ ခံနိုင်ရည်ရှိသော်လည်း အချို့သောသူများက ကွင်းအနောက်မှ ရထားတိုက်ရိုက်ဖြတ်သွားရင်တောင် တုန်ခါသွားတယ်ဟု ကောလဟာလများ ပြောဆိုခဲ့ဖူးကြပါတယ်။
ပရိတ်သတ် ထိုင်လျက်အားပေးနိုင်အောင်ဆိုပြီး Stamford Bridgeကို ပြုပြင်ကူးပြောင်းရေးက 1993 ခုနှစ်ထိ မစတင်နိုင်ခဲ့သလို မြောက်ဘက်လှေကားထစ်ကိုသာ ဆက်လက်အသုံးပြုနေခဲ့ကြပါသေးတယ်။ ချယ်လ်ဆီးအသင်းရဲ့ အဆင်ပြေနေတဲ့ အချိန်ကာလအတွင်းမှာ Stamford Bridge ကွင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ပွဲကြည့်စင် အသစ်များကိုဆယ်စုနှစ်တစ်ခုအတွင်း ထည့်သွင်းတည်ဆောက်နိုင်ခဲ့ပါတယ်။ အနောက်ဘက်ပွဲကြည့်စင်ကို ပြန်လည်တည်ဆောက်ရန် သဘောတူညီချက်ပြုလုပ်ကာ 1965 ခုနှစ်အတွင်း အစီအစဉ်ရေးဆွဲနိုင်ခဲ့ပါသည်။ နောက်ဆုံးမှာတော့ ပရိသတ် အယောက်ပေါင်း 6,000 အနည်းငယ်ပိုတဲ့ပမာဏဟ ထိုင်နိုင်သည့် အနောက်ဘက်ပွဲကြည့်စင်ဟာ ယခင်ကရှိခဲ့တဲ့ ကြီးမားလှတဲ့ လှေကားထစ်များပုံစံအတိုင်း ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Chelsea in action in front of a packed Stamford Bridge crowd | Photo Credit:
အခြေခံအရေးပေါ်ဆေးသတ္တာ ထားရှိပေးသည့် နေရာ၆ခုကို ကွင်းရဲ့အနောက်ဘက်မှာ ထည့်သွင်းတည်ဆောက်ခဲ့မှုကြောင့် Old Trafford ကွင်းပြီးနောက် ဒီလိုမျိုး ပြည်သူတွေအတွက် အဆင်ပြေအောင် ပစ္စည်းတွေထားရှိတဲ့ နိုင်ငံရဲ့ ဒုတိယအားကစားကွင်း ဖြစ်လာပါတယ်။ ကွင်းရဲ့မူလ အရှေ့ဘက်ပွဲကြည့်စင်ဟာ နှစ်ပေါင်း 60 ကျော် သက်တမ်းရှိပြီး နွမ်းနယ်နေချိန် အနောက်ဘက်ပွဲကြည့်စင်က ပြုပြင်ပြီးဖြစ်တာကြောင့် ချဲလ်ဆီးကလပ်ရဲ့ ဒါရိုက်တာများက ရည်မှန်းချက်ကြီးသော အတွေးအမြင်များနဲ့ Stamford Bridge အား ပရိတ်သတ်ပေါင်း အယောက် 60,000 ဆံ့တဲ့ ကွင်းအဖြစ် အပြည့်အဝ ပြုပြင်မွမ်းမံမှုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ဒီပရောဂျက်အသစ်ဟာ မှားယွင်းတဲ့အခိုက်အတန့်မှာ စတင်ခဲ့ပြီး အားကစားကွင်းဒီဇိုင်း နောက်ခံမရှိတဲ့ ဗိသုကာပညာရှင်များကို ငှားရမ်းခဲ့ခြင်းလိုမျိုး ဆိုးရွားတဲ့ရွေးချယ်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
1970 ခုနှစ်များအစောပိုင်းမှာ အဆောက်အအုံသပိတ်ကြောင့် ဗြိတိန်ရဲ့စီးပွားရေးကျဆင်းမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကွင်းကို ပြန်လည်ပြင်ဆင်ဖို့ ဘတ်ဂျက်နောက်ကျခဲ့ရပါသေးတယ်။ အဆိုပါ ဖြစ်ရပ်ကြီးက ကွင်းရဲ့ပြုပြင်မွမ်းမံမှုအပြင် အသင်းမှာရှိနေတဲ့ အဓိက ကစားသမားတွေရဲ့ တန်ကြေးတွေကိုမပေးနိုင်တော့တဲ့အတွက် ကွင်းတွင်း စွမ်းဆောင်ရည်ကျဆင်းခြင်းတို့နဲ့အတူ ဒေဝါလီခံရတော့မဲ့အဖြစ်သို့ တွန်းအားပေးခဲ့သလို ဖြစ်နေခဲ့ပါတယ်။ အဲ့အချိန်မှာတော့ အရှေ့ဘက်ပွဲကြည့်စင်ကြီးက ပရိတ်သတ်တွေကို ယခင်ကထက် ကွင်းပြင်သို့ ပိုမိုနီးကပ်စေခဲ့ပြီး တည်ဆောက်ပြုပြင်ပြီးချိန် 1974 ခုနှစ် တစ်ဖြည်းဖြည်း လူကြိုက်များပြီး အောင်မြင်နေခဲ့ပါတယ်။ အချိန်အတော်ကြာပြီးနောက် ကွင်းအတွင်းရော အပြင်မှာပါ ပွဲကြည့်စင်တွေကို ပြန်လည်မွမ်းမံထားတဲ့ အားကစားကွင်းကြီးဟာ ယနေ့ခေတ်မှာတော့ ရှေးအကျဆုံးကွင်းကြီးဖြစ်နေဆဲပါ။

Stamford Bridge as it appeared in the late 1960s and early 1970s. | Photo Credit:
1980 ခုနှစ်များအစောပိုင်းမှာ ချဲလ်ဆီးဘောလုံးအသင်းဟာ ဒေဝါလီခံလုနီးပါးဖြစ်နေချိန် သန်းကြွယ်သူဌေး Ken Bates က အသင်းအား ဝယ်ယူခဲ့ပြီး Division 2 သို့ပြောင်းရွေ့ခဲ့ရပါတယ်။ သို့သော် ပိုင်ဆိုင်မှုအပြောင်းအရွှေ့ရဲ့ ရလဒ်ကြောင့် ကလပ်ရဲ့ ဒါရိုက်တာဟောင်းများက စတော့ရှယ်ယာများကို အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများထံ ရောင်းချခဲ့တဲ့အတွက် မတူညီသောစီးပွားရေးလုပ်ငန်းမှ လူများက အားကစားကွင်းကို ထိန်းချုပ်ခွင့်ရခဲ့ပါတယ်။ Stamford Bridge မှာ ချယ်လ်ဆီးအသင်းက ဆက်လက်ကစားနိုင်သော်လည်း ကွင်းကို Fulham သို့မဟုတ် QPR ကဲ့သို့သော အသင်းများနဲ့ မျှဝေသုံးစွဲနေရင်း အဆိုပါနေရာများမှာ အိမ်များ သို့မဟုတ် စူပါမားကတ် ဆောက်လုပ်ဖို့အထိ ဖြစ်နိုင်ချေများခဲ့ပါတယ်။
ဒီလိုမျိုး အဖြစ်အပျက်တွေ တင်းမာမှုကြောင့် တရားရင်ဆိုင်စရိတ်နဲ့ ကုန်ကျစရိတ်များခဲ့ပြီး ရလဒ်အနေနဲ့ နောက်ထပ်မြေပြင် ဖွံ့ဖြိုးတိုးတက်မှုလှုပ်ငန်းတွေကို ရပ်တန့်စေဖို့အတွက် 10 နှစ်ကြာ တရားရုံးတော်မှာ တရားရင်ဆိုင်ခဲ့ရပါသည်။ တရားရေးရာ အခကြေးငွေအတွက် “Save the Bridge” ကမ်ပိန်းလှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မထင်မှတ်ထားသော အလှည့်အပြောင်းတစ်ခုဖြစ်တဲ့ အိမ်ခြံမြေဈေးကွက်ပြိုလဲခြင်းက အသင်းကို ကယ်တင်ခဲ့ပြီး developer များကို ဒေဝါလီခံစေကာ ချဲလ်ဆီးဘောလုံးအသင်းက 1992 ခုနှစ်မှာ ကွင်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ Stamford Bridge ကိုလည်း နိုင်ငံရဲ့ အထင်ကြီးစရာ အကောင်းဆုံးအားကစားကွင်းများထဲမှ တစ်ခုအဖြစ်သို့ ပြောင်းလဲရန် 1993 ခုနှစ်မှာ စတင်ခဲ့ပါတယ်။

A sign at the stadium campaigning for Chelsea to remain at Stamford Bridge. | Photo Credit:
မြောက်ဘက်ပွဲကြည့်စင် ဧရိယာအား ပြုပြင်မွမ်းမံခြင်းက Stamford Bridge ကို လက်ရှိအားကစားကွင်းအဖြစ်သို့ တည်ဆောက်ခဲ့မှုကို အရှိန်မြှင့်ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ်လို ကစားပွဲကို ထိုင်ခုံများနဲ့သာ ကြည့်ရှုမှုများလာတာကြောင့် ထိုင်ခုံအများအပြားလိုအပ်လာပြီး မူရင်းပုံစံဖြစ်တဲ့ ကစားပွဲကို မတ်တပ်ရပ်ကြည့်ရတဲ့ပုံစံဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ “Matthew Harding Stand” ပွဲကြည့်စင်ကို 1994 ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ကွင်းတည်ဆောက်နေချိန်မှာ ငွေကြေးအများအပြား အထောက်အပံ့ပြုခဲ့ပြီး ရဟတ်ယာဉ် မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဒုဥက္ကဋ္ဌအား ဂုဏ်ပြုသောအားဖြင့် ပွဲကြည့်စင်ဆောက်လုပ်အပြီး နှစ်နှစ်အကြာမှာ နာမည်ကို “Matthew Harding Stand” လို့ ပေးခဲ့ခြင်းဖြစ်ပါတယ်။

Supporters cheer on Chelsea from the old Shed End. | Photo Credit:
1993-94 လိဂ်ရာသီ၏နောက်ဆုံးနေ့အထိ အရင်လို မတ်တပ်ရပ်အားပေးရတဲ့ လှေကားထစ်ပုံစံကို နောက်ဆုံးအသုံးပြုခဲ့ပြီး “The Shed End” ထိုင်ခုံများ မတည်ဆောက်မီ နှစ်အနည်းငယ်လောက်ထိ ယာယီထိုင်ခုံတွေကိုသာ အသုံးပြုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကွင်းကပ်လျက်မှာ ကြယ်လေးပွင့်ဟိုတယ်၊ တိုက်ခန်းများနှင့် မြေအောက်ကားပါကင်ကို တစ်ပြိုင်နက်တည်း တည်ဆောက်ခဲ့ပါတယ်။ Stamford Bridge အသစ်မဖြစ်လာခင် အနောက်ဘက်ပွဲကြည့်စင်အသစ်ရဲ့ အောက်ပိုင်းကို အချိန်ဇယားအတိုင်း ဆောက်လုပ်ခဲ့သော်လည်း စီမံကိန်း အတည်ပြုချက်ရယူခြင်းနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာကောင်စီနဲ့ ပြဿနာများကြောင့် ကျန်ရှိနေတဲ့နေရာများကို အဆုံးသတ် အပြီးတည်ဆောက်ဖို့ အချိန် ၂နှစ်နှောင့်နှေးစေခဲ့ပါတယ်။
အားကစားကွင်းရဲ့ အကြီးဆုံးအပိုင်းဖြစ်တဲ့ ထိုင်ခုံပေါင်း 13,500 ပါရှိပြီး တစ်နှစ်ပတ်လုံးအသုံးပြုရန်အတွက် သေတ္တာများ၊ ခန်းမများနဲ့ အနားယူရာအခန်းများကို နောက်ဆုံး ပြဿနာများအပြီးမှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ထိုင်ခုံများအပြည့်နဲ့ သစ်လွင်နေတဲ့ Stamford Bridge ကို 1973 ခုနှစ်မှာ အရှေ့ဘက်ပွဲကြည့်စင်နဲ့အတူ ပြန်လည်စတင်ဆောက်လုပ်ခဲ့ပြီး 2001-2002 ရာသီအစအတွက် အချိန်မှီပြီးစီးနိုင်ခဲ့ပါတယ်။

The completed East Stand before the rest of Stamford Bridge was redeveloped. | Photo Credit:
အခုလက်ရှိ အားကစားကွင်းရဲ့ ထိုင်ခုံနေရာတွေဟာ အကြမ်းဖျင်းအားဖြင့် ပရိတ်သတ်ဉီးရေ ၄၀,၀၀၀ ခန့်ဆန့်ပြီး ဘဲဥပုံကြီးတစ်ခုကဲ့သို့ ပုံသဏ္ဍာန်အမျိုးအစားရှိပါတယ်။ ပွဲကြည့်စင်အားလုံးဟာလဲ ကွင်းမျက်နှာပြင်နဲ့ နီးကပ်နေတာဖြစ်ပါတယ်။ မူလ အားကစားကွင်းမှ ကြီးမားလှတဲ့ Shed နံရံကတော့ အခုချိန်ထိ တည်ရှိနေပြီး မကြာသေးမီ ပြီးခဲ့တဲ့နှစ်များမှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲများကို ပြုပြင်ခဲ့ပါတယ်။ အဆိုပါ ပြောင်းလဲမှုကို Megastore နဲ့ လက်မှတ်ကောင်တာတို့မှ ဖြတ်၍ လက်ရှိ အားကစားကွင်းရဲ့ အပြင်ဘက်သို့ ထွက်လိုက်လျှင် တွေ့မြင်နိုင်ပါတယ်။

The modern-day Stamford Bridge in all its glory. | Photo Credit:
ကျန်ရှိနေသော 12.5 ဧကကျယ်ဝန်းတဲ့ အသင်းပိုင်မြေဧရိယာ အများစုမှာတော့ ကြယ်လေးပွင့်ဟိုတယ် နှစ်ခု၊ စားသောက်ဆိုင်များ၊ ပွဲရုံနှင့် အစည်းအဝေးခန်းမများ၊ မြေအောက်ကားရပ်နားရန်နေရာ၊ ကြံ့ခိုင်ရေးအသင်း၊ တေးဂီတကွင်းများ၊ စီးပွားရေးစင်တာတစ်ခု အပါအဝင် အများအပြားကို ဆောက်လုပ်နေပြီးဖြစ်ပါတယ်။
References: Chelsea FC, Wikipedia, and other sources…