အာဆင်နယ်ကိုရှုံးနိမ့်ခဲ့တဲ့အပေါ်
“ကစားသမားတွေဟာ ယုံကြည်မှုရှိရှိနဲ့ အသင်းတစ်သင်းအဖြစ် ကောင်းကောင်းလှုပ်ရှားနိုင်ခဲ့တဲ့အတွက် အသိအမှတ်ပြုပါတယ်။ ကောင်လေးတွေက ;၅အစွမ်းကုန် ကစားပေးခဲ့ကြပါတယ်။ ကျွန်တော်တို ဂိုးဧရိယာထဲမှာ အခွင့်အရေးတွေရရှိခဲ့ပေမယ့် လက်လွှတ်ခဲ့ရပါတယ်။”
“ချုံပြောရရင်တော့ အာဆင်နယ်ဟာ အနိုင်နဲ့ထိုက်တန်ပါတယ်။ ဂိုးပေးလိုက်ရတာတော့ စိတ်ပျက်စရာကောင်းပေမယ့် တစ်ပွဲလုံးချုံပြောရရင် ရလဒ်အတွက် ကျွန်တော်တိုမှာ စောဒကတက်စရာ သိပ်မရှိပါဘူး။”
“အသင်း၂သင်းလုံးရဲ့ ဖြစ်နေတဲ့အနေအထားကိုလဲ ထည့်တွက်ဖိုလိုပါတယ်။ အာဆင်နယ်ကစားသမားတွေဟာ အချိန်အကြာကြီး တွဲဆော့ထားပြီး ကောင်းကောင်းလှုပ်ရှားနိုင်ပါတယ်။ ကျွန်တော်တိုက မတူညီတဲ့ အနေအထားမှာ ရှိနေပါတယ်။ကျွန်တော်တို ဒီပွဲစဉ်မှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။”
“ကျွန်တော်တို အရည်အချင်းပိုင်းမှာ ချိုတဲ့ခဲ့ပြီး အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့ပေမယ့် ပိုကောင်းတဲ့အသင်းက အနိုင်ရရှိခဲ့ပါတယ်။ ကျွန်တော်တို မျှော်လင့်မထားဘဲ ဂိုးပေးခဲ့ရပြီး ခံစစ်ပိုင်းဟာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။”
“ကစားကွက်ပိုင်းမှာ ကျွန်တော်တို ဖြစ်ချင်သလို မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ကွင်းထဲမှာ အသင်း၂သင်းတော့ ရှိနေမှာဖြစ်ပြီး သူတိုရဲ့ပုံစံကောင်းရနေမှုနဲ့ ဘယ်အဆင့်ကို ရောက်ရှိနေလဲဆိုတာလဲ နားလည်ထားဖိုလိုပါတယ်။”
“ထိပ်တန်းမန်နေဂျာတွေနဲ့ ထိပ်တန်းကစားသမားတွေရှိတဲ့ ထိပ်တန်းအသင်းတွေ တွေ့ဆုံမှုမှာ ကြီးမားတဲ့အနိုင်ရလဒ်ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှမ်းမိုးခံခဲ့ရပါတယ်။”