Menu

We are presenting sports news quickly and accurately to our audience.

Follow us

အူဘာ့အတွက်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ် | Chelsea Vs Arsenal Press Conference

5 months ago 0 59

အူဘာမီယန်းအပေါ် ပေါ်တာပြောကြားချက်

        “ဒီပွဲက လန်ဒန်မြို့ခံပြိုင်ဘက်တွေ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲကြီးပွဲကောင်းလဲဖြစ်ပါတယ်။ အသင်းကောင်း၂သင်း တွေ့ဆုံမှာဖြစ်ပြီး အာဆင်နယ်ကလဲ အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ အူဘာ့အတွက်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့က စိတ်ပူနေကြပေမယ့် အတိတ်က အတိတ်ပဲဖြစ်ပါတယ်။ “

        “ကျွန်တော်တို့ ဒီပွဲကိုအာရုံအပြည့်အဝ စူးစိုက်ထားပြီး ကောင်းကောင်းကစားကြမှာပါ။ အူဘာကလဲ ပွဲစဉ်အတွက် စောင့်မျှော်နေပါတယ်။ သူကဒီရက်ပိုင်းမှာလဲ တော်တော်လေး ပုံမှန်အတိုင်းဖြစ်နေပြီး ပွဲနေ့ရောက်ရင်လဲ စိတ်ဆုံးဖြတ်ချက်ခိုင်မာနေမှာ သေချာပါတယ်။”

Photo Credit:

ချေးဝဲလ်ရဲ့ ဒဏ်ရာအခြေအနေအပေါ်

       “သူက ဒီနေ့နေ့လည်ပိုင်းလောက်မှာမှ scanဖတ်ပြီး စစ်ဆေးရမှာပါ။ ဒဏ်ရာကို သတိထားနေရပေမယ့် သူကတော့ အဆင်ပြေနေပါတယ်။ ဒဏ်ရာရဲ့ ယောင်ရမ်းနေမှုကို သက်သာအောင်စောင့်ဆိုင်းနေရတာကြောင့် scanဖတ်ဖို့ ကြန်ကြာနေတာဖြစ်ပါတယ်။”

       “သူက ဆိုးဆိုးရွားရွား ဖြစ်သွားမှာကိုတော့ ကြောက်ရွံ့နေပါတယ်။ ဒဏ်ရာကို scan မဖတ်ရသေးခင်ထိတော့ အခြေအနေကို ပြောပြနိုင်ဖို့ ခက်ခဲပါတယ်။ ခုချိန်မှာတော့ မျှော်လင့်ချက်နဲ့ပဲ ဆုတောင်းပေးနေကြပါတယ်။ စိတ်ပျက်စရာဖြစ်ရတာတော့ အသေအချာပါပဲ။”

ပွဲစဉ်အတွက်ပြင်ဆင်ချိန် တစ်ရက်ပိုရရှိတဲ့အပေါ်

       “ကျွန်တော်တို့လဲ ပွဲအများကြီးကစားထားပြီး ဖြစ်တာကြောင့် ဒါကပြသနာတစ်ခုတော့ မဟုတ်ပါဘူး။ တစ်ရက်ပိုရတော့လဲ ကျွန်တော်တို့အတွက် အကျိုးရှိရှိ အသုံးချလို့ရပါတယ်။ ကျွန်တော်တို့အတွက် အလျင်အမြန်အလှည့်အပြောင်းဖြစ်စေမယ့် အရာအားလုံးကို အသုံးပြုထားပါတယ်။”

       “ကျွန်တော်တို့ရဲ့ အလုပ်ကို ကျွန်တော်တို့သီပြီး ပြင်ပအသံတွေကိုလဲ ကြားသိပါတယ်။ ဘရိုက်တန်နဲ့ပွဲစဉ်တုန်းက ကောင်းကောင်းမကစားနိုင်ခဲ့လို့ ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ဇာကရက်နဲ့ပွဲစဉ်မှာ ကောင်းကောင်းလေ့ကျင့်ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ အခုအဲ့စွမ်းဆောင်ရည်တွေကို အာဆင်နယ်နဲ့ပွဲဆီ ယူဆောင်သွားမှာပါ။”

       “ဒီတစ်ပတ်ကတော့ တကယ့်ရက်သတ္တပတ်ပါပဲ။ လိဂ်ပွဲစဉ် ၂ပွဲနဲ့ ကြားမှာEFL Cup ၁ပွဲကစားရမှာပါ။ ကျွန်တော်တို့ လာမယ့်အာဆင်နယ်နဲ့ပွဲစဉ်ကို အာရုံစိုက်ထားပြီး အနိုင်ရရှိဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။”

ချဲလ်ဆီးအသင်းကို ၂ လကြာတာဝန်ယူပြီးအခြေအနေ

       “သိသာတဲ့အချက်ကတော့ အချိန်တိုလေးအတွင်းမှာ ပွဲစဉ်အများကြီး ကိုင်တွယ်ခဲ့ရပါတယ်။ လေ့ကျင့်ချိန်အကန့်အသတ်ကလဲ နည်းပါးပါတယ်။ ကစားသမားတွေနဲ့ ပိုရင်းနှီးလာပြီး သူတို့ရဲ့တုန့်ပြန်မှုတွေကြောင့် ပျော်ရွှင်ရသလို သူတို့ကိုလဲပိုပြီး နားလည်လာပါပြီ။”

       “ကစားကွက်အခြေအနေကတော့ ကျွန်တော်တို့ပိုလုပ်ပြပြီး တိုးတက်လာနိုင်ပါသေးတယ်။ တစ်ချိန်တည်းမှာပဲ အရှုပ်အထွေးတွေနဲ့ ဒဏ်ရာပြသနာတွေကိုလဲ သဘောပေါက်လာပါတယ်။ ကျွန်တော်တို့ အဆင်ပြေအောင် လုပ်ထားနိုင်ခဲ့ပေမယ့် ဆက်လက်တိုးတက်မှုရှိဖို့ လိုပါသေးတယ်။ “

စတာလင်ရဲ့ ကစားပုံအပေါ်

       “အခြားကစားသမားတွေလိုပါပဲ။ အကုန်လုံး တိုးတက်မှုရှိနိုင်ပါတယ်။ ထပ်ပြောဖို့လိုအပ်တာက ကစားသမားတစ်ယောက်ချင်းစီကို အကျယ်ချဲ့ပြောရတာ ကျွန်တော်မကြိုက်ပါဘူး။ စိန်ခေါ်မှုက အကုန်လုံးအတွက်ဖြစ်တာကြောင့် အကုန်လုံးအပေါ်မှာ ကျွန်တော့်တာဝန် ရှိပါတယ်။”

အာဆင်နယ်ရဲ့ အရှိန်ကောင်းနေမှုကို လိုက်မှီပါ့မလားဆိုတဲ့အပေါ်

       “ဒီအချက်က အရမ်းအရေးကြီးပါတယ်။ တစ်ကယ်လို့ ဘယ်ပွဲမှာမှ မကြုံဖူးထားသေးရင် ဒါကတစ်ကယ့် စိန်ခေါ်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။”

အာဆင်နယ်နဲ့ပွဲမှာမှတ်တမ်းကောင်းပိုင်ဆိုင်နိုင်မလားဆိုတဲ့အပေါ်

       “မကြာသေးခင်ပွဲစဉ်တုန်းက ကျွန်တော်သာအမှတ်မမှားခဲ့ရင် သိပ်အကြောင်းမလှခဲ့ပါဘူး။ ဒါကြောင့် ဒီအပွဲစဉ်မှာ ပိုကောင်းအောင် စွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်လို့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ အပေါင်းလက္ခဏာတွေဆောင်နိုင်ဖို့၊ ကောင်းကောင်းကစားဖို့နဲ့ ပရိသတ်တွေရဲ့အားပေးမှုတွေကို လိုချင်ပါတယ်။”

အာဆင်နယ်နဲ့ပွဲအတွက်အသင်းရဲ့အခြေအနေအပေါ်

       “ကိုဗာချစ်က ဒီနေ့လေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ပြီး အခြေအနေကတော့ ကန်ခိုင်းမခိုင်း မသိသေးပါဘူး။ ချူကွာမေကားကတော့ တံကောက်ကြောမှာ ပြသနာ သေးသေးလေးရှိနေပါသေးတယ်။”

ကမ္ဘာ့ဖလားမတိုင်ခင် ကီပါပြန်ကစားရမလားဆိုတဲ့အပေါ်

       “ကျွန်တော်တော့ မထင်ပါဘူး။”

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *