Menu

We are presenting sports news quickly and accurately to our audience.

Follow us

Chelsea Vs Dinamo Zagreb Press Conference

5 months ago 0 44

“ကီပါကတော့ ဇာဂရက်နဲ့ပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး။ မနက်ဖြန်ပွဲအတွက်မဟုတ်ပဲ နောက်ပွဲစဉ်တွေအတွက် ချန်ထားတာဖြစ်ပါတယ်။ ကိုဗာချစ်ကိုတော့ ကြိုတင်တာကွယ်မှုအနေနဲ့ လိုအပ်မှအသုံးပြုမှာ ဖြစ်ပါတယ်။ ကူလီဘာလီကတော့ အကူအညီပေးနိုင်ဖို့အတွက် အဆင်သင့်ရှိပါတယ်။”

မန်ဒီ့အပေါ် ပေါ်တာ့အမြင်

“သူက ကျွမ်းကျင်မှု၊ အကူအညီပေးနိုင်မှုရှိတဲ့ တစ်ကယ်တော်တဲ့ ဂိုးသမားပါ။ ကျွန်တော်စရောက်လာတုန်းက သူဒဏ်ရာရရှိခဲ့ပါတယ်။ အလုပ်ကြိုးစားပြီး အသင်းနဲ့ကီပါကိုလဲ အကူပေးကာ တစ်ခါတစ်လေမှာ  စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတဲ့အရာကို သူသိနားလည်ပါတယ်။ သူအဆင်သင့်ဖြစ်တာ သေချာကြောင်း သူလုပ်ပြနိုင်ခဲ့ပါတယ်။ ခုသူအခွင့်အရေးရရှိပါပြီ။”

ဂိုးသမားရွေးချယ်မှုအတွက် ခေါင်းခဲရတဲ့အပေါ်

“တစ်သင်းလုံးမှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရန် ရွေးစရာတွေအများကြီးရှိဖို့ မျှော်လင့်ရတာ ကောင်းပါတယ်။ ဒါမှ ကစားသမားတွေဟာ အပြိုင်အဆိုင်ရှိပြီး အချင်းချင်းတွန်းအားပေးကြမှာပါ။ ဒါက အသင်းအတွက် အကျိုးရှိစေမယ့် အရာပါပဲ။”

 

photo#crd

 

ဘရိုက်တန်ကိုရှုံးနိမ့်မှုကဇာကရက်နဲ့ပွဲအတွက်သက်ရောက်မှုရှိစေလားဆိုတဲ့အပေါ်

“ကျွန်တော်တို့ဟာ ပြိုင်ပွဲအပေါ်နဲ့ ပြိုင်ဘက်အသင်းအပေါ် လေးစားမှုရှိရပါမယ်။ ကျွန်တော်တို့ အနိုင်ရရှိဖို့ ပြင်ဆင်ထားရန် လိုအပ်ပါတယ်။ အိမ်ကွင်းမှာ ကစားရမှာဖြစ်တဲ့အတွက် ကောင်းကောင်း အဆုံးသတ်ချင်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်ကရလဒ်အတွက် တုံ့ပြန်မှုပြုလုပ်ရမှာဖြစ်ပြီး အနိုင်ရရှိနိုင်မယ့် ကစားသမားစာရင်းကိုပဲ ရွေးချယ်သွားမှာပါ။”

စတာလင်ပုံစံကောင်းတွေပျောက်ဆုံးနေတဲ့အပေါ်

“ဒါက ခင်ဗျားတို့ရဲ့ ထင်မြင်ချက်ပါ။ ကစားသမားတိုင်းမှာ သူတို့ဖြစ်ချင်သလို အဆင်ပြေမသွားတဲ့အချိန်ဆိုတာ ရှိပါတယ်။ တစ်ဦးတစ်ယောက်အမြင်နဲ့ အကျယ်ချဲ့ပြောဖို့လွယ်ပေမယ့် အသင်းတစ်ခုလုံးကို ချုံကြည့်ပြီး လုပ်ဆောင်ချက်တွေ ဘယ်လိုဖြစ်နေလဲဆိုတာလဲ ကြည့်တတ်ဖို့လိုအပ်ပါတယ်။ အသင်းတစ်ခုလုံး တိုးတက်မှုရှိမှ တစ်ဦးတစ်ယောက်ချင်းစီက ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်နိုင်မှာပါ။”

“ဇာကရက်အသင်းမှာ ပါရမီရှိပြီး အန္တရာယ်များတဲ့ တောင်ပံကစားသမားတွေ ရှိပါတယ်။ အနေအထားကောင်းကောင်းနဲ့ သေချာဖွဲ့စည်းထားပြီး အရည်အချင်းရှိတဲ့အသင်းလဲ ဖြစ်ပါတယ်။ သူတို့က ဒီနေရာအထိလာပြီး အခွင့်အရေးကိုအရယူဖို့ ပြင်ဆင်ထားပြီး ကျွန်တော်တို့ကလဲ အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ ကျွန်တော်တို့က ဒီပွဲကို အနိုင်နဲ့ပဲအဆုံးသတ်ချင်ပါတယ်။”

“ပွဲစဉ်၂ခုဟာ မတူညီနိုင်ပါဘူး။ ကစားပွဲဟာ ဘယ်လိုဖြစ်လိမ့်မယ်ဆိုပြီး ဘယ်တော့မှ ထင်ကြေးမပေးသင့်ပါဘူး။ ဒါပေမယ့် အိမ်ကွင်းမှာကစားရမှာဖြစ်လို့ ကျွန်တော်တို့က အဓိကဇာတ်ဆောင်တွေဖြစ်ဖို့လိုပြီး အခွင့်အရေးတွေရဖို့ကြိုးစားကာ ရှေ့ကနေဦးဆောင်ထားနိုင်ဖို့ လိုပါတယ်။”

ဇက်ကရီယာရဲ့ အခြေအနေအပေါ်

“သူကတော်ပါတယ်။ ကောင်းမွန်စွာလေ့ကျင့်ပြီး အသင်းဖော်တွေကိုလဲ အကူအညီဖြစ်စေပါတယ်။ အခြားသူတွေလိုပဲ ပွဲမကစားရတော့ စိတ်ပျက်မှုလေးတွေတော့ ရှိပါတယ်။ ပိတ်ရက်တွေမတိုင်ခင်တော့ ရလဒ်တွေက အပေါင်းလက္ခဏာဆောင်နေပါတယ်။ သူက အသင်းထဲမှာရှိနေပြီး၊ ကစားလဲ ကစားနိုင်ပါတယ်။ ဘာဖြစ်လာမလဲ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။”

photo#crd

“ကျွန်တော်ရဲ့အလုပ်မှာ ကျွန်တော်တို့ နားစွင့်နေတဲ့အရာနဲ့ ပတ်သတ်ပြီး သတိထားဖို့ လိုပါတယ်။ ဘာဖြစ်နေဖြစ်နေ လူတွေကတော့ ပြောကြမှာဖြစ်ပြီး ဒါကလဲ ဘဝရဲ့တစ်စိတ်တစ်ဒေသပဲဖြစ်ပါတယ်။ ဒီလိုအသင်းကြီးမှာ ရောက်ရှိနေရင် ကြည်းထဲကြပ်ထဲရောက်သွားဖို့ အချိန် မိနစ်၉၀လောက်ပဲ လိုပါတယ်။ ဒီလိုအရာတွေကို ကြိုတင်မျှော်လင့်ထားပြီး တတ်နိုင်သမျှ လိမ္မာပါးနပ်စွာ ဖြေရှင်းတတ်ဖို့တော့ လိုအပ်ပါတယ်။ လူတိုင်းက အမြင်တစ်မျိုးစီရှိကြပြီး ဒီအရာတွေကို ကျွန်တော်တို့ ထိန်းချုပ်လို့မရနိုင်ပါဘူး။”

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *