Menu

We are presenting sports news quickly and accurately to our audience.

Follow us

ဖူဟမ်နှင့်ပွဲမှာ ဘယ်သူတွေပါမလဲနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ

2 months ago 0 161
ချဲလ်ဆီးအသင်းဟာ ပွဲမကစားရတာ ၂ပတ်ကျော်ရှိနေပြီးဖြစ်ပြီး ဒီတပတ်မှာတော့ ဖူဟမ်အသင်းကို အိမ်ကွင်း စတန်းဖို့ထ်ဘရစ်မှာ ဧည့်ခံကစားရမှာပါ။ ဒီပွဲနဲ့ပတ်သတ်ပြီးနည်းပြဂရေဟမ်ပေါ်တာက 

“ကျွန်တော့်တာဝန်က နည်းပြပဲဖြစ်တာကြောင့် အပြောင်းရွှေ့နောက်ဆုံးနေ့မှာ ဘာမှဝင်မပါပဲ ဖူဟမ်နဲ့ပွဲစဉ်အတွက်ပဲ ပြင်ဆင်နေခဲ့တာပါ။ “

“ကျွန်တော်တို့ ခေါင်းဆောင်နိုင်မှုစွမ်းရည်နဲ့၊ အုပ်စုဖွဲ့လုပ်ဆောင်မှုရှိစေရန်အတွက် ကွင်းပြင်ပလှုပ်ရှားမှုလေးတွေလဲ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ တစ်သင်းလုံးက ကြိုးကြိုးစားစားနဲ့ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း လေ့ကျင့်ဖြစ်ခဲ့ကြပါတယ်။”

Image

“နည်းပြအလုပ်ဆိုတာကလဲ လုပ်ငန်းစဉ်တစ်ခုလိုပါပဲ။ ဒါကိုမှ အချိန်ကအကူအညီပေးပါတယ်။ ဒါပေမယ့် အဲ့တာကိုလိုအပ်တယ်လို့ ကျွန်တော်ဘယ်တော့မှ မပြောဖူးပါဘူး။ အချိန်က အကူအညီဖြစ်ပေမယ့် လူတွေက အချိန်နဲ့ ဖိအားတွေအကြောင်းပဲ နေ့စဉ်ရက်ဆက်ပြောနေကြပါလိမ့်မယ်။”

“ကျွန်တော်တို့အသင်းမှာ မကြုံစဖူး ဒဏ်ရာပြသနာတွေ စုပုံပြီးပေါ်ပေါက်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ သင်ယူစရာတွေလဲရှိခဲ့ပြီး အဲ့ဒီအရာတွေကနေပဲ ခွန်အားတွေ ရယူစရာဖြစ်ခဲ့ပါတယ်။ ခုချိန်မှာတော့ လက်ကျန်ရာသီဝက်အတွက် တိုက်ပွဲဝင်နိုင်တော့မှာဖြစ်ပြီး အဲ့အတွက်မျှော်လင့်စောင့်စားနေမိပါတယ်။

Image

အန်ဇို့အပေါ် ပေါ်တာ့ပြောကြားချက်

“ဘယ်အရာကိုမှ ပြောင်းလဲအောင် ကျွန်တော်မလုပ်နိုင်ခဲ့ပါဘူး။ အန်ဇိုအပြောင်းအရွှေ့ပြီးသွားမှ ကျွန်တော်သိရတာပါ။ သူက အံ့ဩဖွယ်ကစားသမားဖြစ်တာကြောင့် ကျွန်တော်အရမ်းကျေနပ်မိပါတယ်။”

ဖူဟမ်နဲ့ပွဲမှာအန်ဇိုပါနိုင်မလားဆိုတဲ့အပေါ်

“ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။ ရှင်းလင်းအောင်လုပ်ရမယ့် စာရွက်စာတမ်းကိစ္စလေးတွေလဲ ကျန်ရှိနေပါသေးတယ်။ ကျွန်တော့်ရဲ့ စပိန်စကားပြောလဲ မကောင်းသလို သူ့ရဲ့ အင်္ဂလိပ်စကားပြောလဲ မကောင်းပါဘူး။ ဒါပေမယ့် ပွဲနေ့မှာတော့ရှိနေမှာပါ။ အထင်ကြီးစရာကောင်းတဲ့ လူငယ်လေးပါပဲ။”

Image

ဟာကင်ဇီယက်ချ်ရဲ့အခြေအနေအပေါ် ပြောကြားချက်

“သူပြန်ရောက်လာပြီး ဒီမနက်လေ့ကျင့်ရေးလာဆင်းပါတယ်။ သူ့လိုအဖြစ်အပျက်မျိုးက ပထမဆုံးလဲမဟုတ်သလို နောက်ဆုံးလဲမဟုတ်ပါဘူး။ သူက ပရော်ဖက်ရှင်နယ်ကစားသမားပါ။ သူနားလည်ပေးနိုင်ပါတယ်။ သူကဆုံးဖြတ်ချက်ခိုင်မာပြီး ကစားပေးနိုင်တဲ့ အခြေအနေရှိပါတယ်။ အသင်းအတွက် လက်ကျန်ရာသီတစ်လျောက် အရေးပါတဲ့ကစားသမားဖြစ်နေဆဲပါ။”

အသင်းရဲ့လူစာရင်းအခြေအနေအပေါ်

“ဒါက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပြီး ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေအတွက်တော့ အရည်အချင်းစစ်ဆေးမှုတစ်ခုလိုပါပဲ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ အများကြီးရှိနေပြီဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတွေရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့လိုပါတယ်။ ကွင်းထဲမှာ ၁၁ ယောက်ပဲကစားရမှာပါ။ ဒါကြောင့် အဆင်သင့်ဖြစ်နေဖို့နဲ့ အသင်းကိုအထောက်အပံ့ဖြစ်စေနိုင်ဖို့က အရေးကြီးပါတယ်။”

ဖူဟမ်အသင်းအပေါ် ပေါ်တာ့ပြောကြားချက်

“သူတို့အတွက် အရမ်းကောင်းတဲ့ ဘောလုံးရာသီကိုပိုင်ဆိုင်ထားပါတယ်။ နည်းပြ ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေက အသိအမှတ်ပြုလောက်စရာပါပဲ။ သူတို့ကအဲ့နေရာမှာ ကံကြောင့်ဆိုတာထက် ကြိုးစားမှုကြောင့် ရောက်ရှိနေတာပါ။ ကျွန်တော်တို့ ကစားရမယ့်ပွဲစဉ်ကို စောင့်မျှော်နေပါတယ်။ ရှုံးခဲ့ဖူးတဲ့ပွဲကိုလဲ အမှတ်ရနေဆဲဖြစ်ပါတယ်။”

FC Salzburg vs. Chelsea - Football Match Report - October 25, 2022 - ESPN

ချန်ပီယံလိဂ်အတွက်ကစားသမားရွေးချယ်မှုအပေါ်

“ကျွန်တော့်မှာ အချိန်လဲအနည်းငယ်ရှိသေးတော့ ဘယ်သူ့နဲ့စကားပြောဖို့လိုမလဲဆိုတာ သတိထားစောင့်ကြည့်နေပါတယ်။ ဟန်ပန်မကျတဲ့ စကားဝိုင်းလေးတွေလဲရှိနေပါတယ်။ ဒါကတစ်ကယ့် လက်ရှိအနေအထားပါ။ ရိုးသားပွင့်လင်းဖို့၊ လေးစားတတ်ဖို့နဲ့ ထင်သာမြင်သာရှိဖို့က အရေးကြီးပါတယ်။”

“ပိုက်ဆံသုံးရင် သုံးသလိုပြင်ပဝေဖန်သံတွေ ရှိလာမှာပါ။ ဒါကိုကျွန်တော်နားလည်ပါတယ်။ အရင်းအမြစ်တွေနဲ့ ငွေသုံးနိုင်တာကလဲ တစ်ကြောင်းဆိုပေမယ့် အစဉ်အလာရှိတဲ့ ပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်ဖို့နဲ့ သူတို့ကိုမျှတမှုရှိနေအောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။

Ex-Chelsea, Jorginho é anunciado como novo reforço do Arsenal | LANCE!

ဂျော်ဂျင်ညိုရဲ့ထွက်ခွာမှုအပေါ်

“ပထမဆုံးပြောချင်တာကတော့ သူကအရမ်းအံ့ဩဖို့ကောင်းပါတယ်။ ကောင်းမွန်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူအသင်းအတွက် ဆောင်ရွက်ပေးခဲ့တာတွေနဲ့ ရယူပေးခဲ့တာတွေက ထူးခြားပြောင်မြောက်ပါတယ်။ တစ်ခါတစ်လေ သင်ဟာဆုံးဖြတ်ချက် မဖြစ်မနေချရဖို့ ရှိလာတတ်ပါတယ်။ သူကလဲ သူ့မိသားစုအတွက် တွေးပြီးဆုံးဖြတ်ခဲ့တာဖြစ်လို့ ဘယ်သူ့အတွက်မှ အရှုံးမရှိပါဘူး။ သူ့အတွက် အကောင်းတွေပဲဖြစ်ဖို့ ဆုတောင်းပေးပါတယ်။ သူက ထိပ်တန်းပရော်ဖက်ရှင်နယ် ကစားသမားဖြစ်သလို ထိပ်တန်း လူပုဂ္ဂိုလ်တစ်ဦးလဲ ဖြစ်ပါတယ်။”

All Photo Credit to Chelsea FC and Arsenal FC.

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *