Menu

We are presenting sports news quickly and accurately to our audience.

Follow us

Christian Pulisic

8 months ago 0 57

၂၀၁၉ ဇန်နဝါရီ ၂ရက်နေ့မှာ ချဲလ်ဆီးအသင်းထံကို ဒေါ့မွန်အသင်းမှရောက်ရှိလာခဲ့ပြီး လျင်မြန်စွာကစားတက်ပြီး အသင်းရဲ့တောင်ပံတိုက်စစ်နေရာတွင် ကစားသည်။

နာမည်အပြည့်အစုံ –

မွေးနေ့ –

အရပ်အမြင့် –

ပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း – 

ခရစ်စတီယန် မိတ် ပူလီစစ်

၁၈.၀၉.၁၉၉၈ (၂၄နှစ်)

၅ ပေ ၁၀ လက်မ (1.78m)

၁၁.၀၈.၂၀၁၉

အမေရိကန်

မွေးရပ်

Hershey, Pennsylvania, USA

        အမေရိကန် ပရော်ဖက်ရှင်နယ် ဘောလုံး ကစားသမား Christian Mate Pulisic ဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး နှင့် အမေရိကန် လက်ရွေးစင်အသင်းအတွက်  ကွင်းလယ်တိုက်စစ် ကစားသမား သို့မဟုတ် တောင်ပံကစားသမားအဖြစ် ကစားနေသူတစ်ယောက်ပါ။ သူရဲ့ ထူးခြားသောကစားပုံနဲ့ လူမျိုးစုကြောင့် ပရိသတ်များနဲ့ အခြားကစားသမားအများအပြားက သူ့ကို “Captain America” လို့ခေါ်ကြပါတယ်။ 

      သူ့မှာ အံ့သြဖွယ်ကောင်းတဲ့ ဘောလုံးအရည်အချင်းတွေ ပြည့်နှက်နေတဲ့ အကြောင်းရင်းကတော့ သူ့မိဘတွေဖြစ်တဲ့ Kelley နဲ့ Mark Pulisic တို့နှစ်ယောက်လုံးက George Mason တက္ကသိုလ်မှ လက်ရွေးစင်ဘောလုံးသမားများဖြစ်ခဲ့ကြလို့ပါပဲ။ သူရဲ့ ဖခင် Mark Pulisic က1990 ခုနှစ်များမှာ Harrisburg Heat အသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ဘောလုံးကစားခဲ့ပြီး လူငယ်အသင်းအတွက် နည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူရဲ့မိခင်က အင်္ဂလန်နိုင်ငံမှ Fulbright ပရိုဂရမ်ရဲ့ teacher exchange မှာ ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တာကြောင့် Pulisicတို့မိသားစုက နေရာအတော်အများကို အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပါတယ်။ 

        နောက်ဆုံး သူတို့ အရင်နေထိုင်ခဲ့ရာ Hershey၊ Pennsylvania ဒေသမှာ ပြန်လည်အခြေချနေထိုင်ပြီးနောက် Pulisic ဟာ U.S. Soccer Development Academy အသင်းဖြစ်တဲ့ PA Classics မှာ ဘောလုံးကစားရင်း ကြီးပြင်းလာကာ အခုချိန်မှာ Penn FC ဟုလူသိများတဲ့ Harrisburg City Islanders အသင်းနဲ့ လေ့ကျင့်ကစားရင်း သူ့ရဲ့ ဆယ်ကျော်သက်အရွယ်ကို ကုန်ဆုံးခဲ့ပါတယ်။     

Pulisic played for Borussia Bortmund | Photo Credit:

        Pulisic ဟာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ လူငယ်အကယ်ဒမီအသင်းအတွက် (၁၅)ပွဲသာကစားပေးခဲ့ရပြီး 2016 ခုနှစ် အသက် 17 နှစ်အရွယ်တွင် စီနီယာအသင်းမှာ ပါဝင်ကစားခွင့်ရရှိကာ လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် Pulisic က ဒေါ့မွန်အသင်းနဲ့ ဒုတိယမြောက်ရာသီမှာ သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲဦးထွက်ကို ကစားခွင့်ရခဲ့ပြီး ဒေါ့မွန်အသင်းရဲ့ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ချန်ပီယံလိဂ်ကစားခွင့်ရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

        ထို့နောက် 2019 ခုနှစ် ဇန်နဝါရီလမှာ Pulisic ဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေး $73 သန်း (ပေါင် 57.6 သန်း) ဖြင့် ပြောင်းရွှေ့ခဲ့ပြီး မြောက်အမေရိကမှ ဘောလုံးကစားသမားတွေထဲက ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ Pulisic ကြားမှ သဘောတူညီချက်အရ 2018-2019 ရာသီအတွက် သူ့ကို ဒေါ့မွန်အသင်းထံ အဌားချထားခဲ့ပြီး 2019-2020 ရာသီမှသာ ချဲလ်ဆီးကစားသမား အဖြစ်စတင်စေခဲ့ပါတယ်။ 2019 နှစ်ကုန်မှာ Pulisic က ပွဲထွက်လူစာရင်းမှာ ပုံမှန်ကစားသမားအဖြစ် ရပ်တည်ခဲ့သော်လည်း ဒဏ်ရာနှင့် Covid-19 ကူးစက်ရောဂါကြောင့် ဇန်နဝါရီလမှ ဇွန်လအစထိ ယှဉ်ပြိုင်ရတဲ့ ကစားပွဲတွေမှာ ပါဝင်ကစားနိုင်ခြင်းမရှိတော့ဘဲ ဇွန်လအလယ်မှသာ ပြန်လည် စတင်နိုင်ခဲ့ပါတယ်။

Pulisic scored Burnley hat-trick | Photo Credit:

        ဒါ့အပြင်၂၀၂၀ ဩဂုတ်လမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာရရှိခဲ့တာတောင် စက်တင်ဘာ ၉ ရက်နေ့မှ လေ့ကျင့်ရေးပြန်ဆင်းခဲ့ပါတယ်။ သို့သော်လည်း Lampard က သူ့ကို ဒဏ်ရာများကြောင့် စိုးရိမ်ကာ ပွဲစဉ်များမှာမပါဝင်ခိုင်းဘဲ အနားယူခိုင်းခဲ့ပါတယ်။ Pulisic က Lampard လက်ထက်မှာ ဆော့ရတဲ့ပွဲစဉ်တိုင်းမှာ တိုက်စစ်မှူး 3 နေရာရဲ့ ညာဘက် သို့မဟုတ် ဘယ်ဘက်မှ တောင်ပံတိုက်စစ်မှူးအဖြစ် ကစားလေ့ရှိပါတယ်။ ချဲလ်ဆီးအသင်းရဲ့ 2021-22 ရာသီအဖွင့်ပွဲစဉ်မှာတော့ ပါဝင်ကစားကာ ဂိုးသွင်းနိုင်ခဲ့သော်လည်း ပွဲစဉ်ကစားပြီး နောက်အပတ်မှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး COVID-19 နှင့် ခြေကျင်းဝတ်ဒဏ်ရာဟောင်းကြောင့် နိုဝင်ဘာလအထိ ပြန်မပါဝင်နိုင်ခဲ့ပါဘူး။

         Pulisic ဟာ အသက် 21 နှစ်မှာ “Hat-Trick” ကိုရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာပြီး 2020-21 UEFA ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစစဉ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အမေရိကန်နိုင်ငံသားနဲ့ ချယ်လ်ဆီးအသင်းရဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ 2021ခုနှစ် UEFA Champions League ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရတဲ့ ပထမဆုံး အမေရိကန်ကစားသမား ဖြစ်လာခဲ့ပေမဲ့ ဒဏ်ရာကြောင့် ပွဲစဉ်မှနုတ်ထွက်ခဲ့ရပါတယ်။ 

Pulisic, the Captain of the USA national Team | Photo Credit:

        အခုနောက်ပိုင်းနှစ်များမှာ အမေရိကန်လက်ရွေးစင်အသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူတွေထဲမှာ Pulisic က အသက်အငယ်ဆုံးကစားသမားဖြစ်ပြီး အသက် 20 နှစ်အရွယ်မှာ နိုင်ငံတကာပွဲစဉ်သွင်းဂိုး 10 ဂိုးသွင်းယူနိုင်ခဲ့တဲ့ အမေရိကန်လက်ရွေးစင် ကစားသမားများထဲမှ တစ်ဉီးဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းသို့ မရောက်မီ Pulisic ဟာ အမေရိကန်နိုင်ငံကို 2019 CONCACAF Gold Cup ဖိုင်နယ်သို့ တက်ရောက်နိုင်အောင် အသင်းကို ဦးဆောင်ခဲ့ပြီး 2019-20 CONCACAF Nations Leagueမှာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ Pulisic ဟာ တစ်နှစ်တာအကောင်းဆုံး US ဘောလုံးအမျိုးသားအားကစားသမားဆု ၃ ခုနဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်အားကစားသမားဆု ၁ ဆုတို့ကို ရရှိထားသော ကစားသမား ဖြစ်ပါတယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဘောလုံးကစားတာအပြင် အားလပ်ချိန်မှာ စစ်တုရင်ကစားရတာကိုလည်း နှစ်သက်တယ်လို့ သိရပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *