
Chelsea Legend Claude Makelele | Photo Credit:
2019 ခုနှစ် သြဂုတ်လမှာ ချဲလ်ဆီးအသင်းရဲ့ ဂန္တ၀င်ကစားသမား Claude Makelele ဟာ လူငယ်ကစားသမားများအတွက် နည်းစနစ်အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ရန် ချဲလ်ဆီးအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Makelele ဟာ ချဲလ်ဆီးအသင်းရဲ့ Cobham လေ့ကျင့်ရေးကွင်းမှာ အကယ်ဒမီကစားသမားများနှင့် တိုက်ရိုက်အလုပ်လုပ်ကာ အချိန်များစွာကုန်ဆုံးရင်း သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်လေ့လာတဲ့အပြင် ချဲလ်ဆီးကစားသမားများအငှားဖြင့် အခြားအသင်းများသို့ ပုံမှန်သွားရောက်ကစားရသည့်အခါ သူတို့ရဲ့ ပွဲစဉ်များကို ခွဲခြမ်းစိတ်ဖြာပြီး မှတ်ချက်များပေးရတဲ့အလုပ်ကိုလည်း ကျေပွန်စွာလုပ်ကိုင်နေသူဖြစ်ပါတယ်။

Claude Makelele and his blue team mates | Photo Credit:
Makelele ဟာ ချဲလ်ဆီးအသင်းအတွက် ငါးနှစ်တာကစားပေးခဲ့တဲ့ စွမ်းဆောင်ရည်ပြည့်ဝသည့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး ပွဲပေါင်း 217 ပွဲကစားကာ 2 ဂိုးသွင်းနိုင်ခဲ့သူတစ်ဉီးဖြစ်ပါသည်။ ဒါ့အပြင် လိဂ်ချန်ပီယံနှစ်ကြိမ်၊ FA ဖလားတစ်ကြိမ်၊ ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းနဲ့ သူရဲ့နောက်ဆုံးပွဲဖြစ်တဲ့ 2008 ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်ရောက်အောင်လည်း ကူညီပေးခဲ့ပါတယ်။ Paris Saint-Germain အသင်းမှာ သူရဲ့ ကစားသမားဘ၀ကို ပြီးဆုံးခဲ့ပြီး နောက်ပိုင်းမှာ Carlo Ancelotti ရဲ့ နည်းပြအဖွဲ့သို့ ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ချဲလ်ဆီးအသင်းရဲ့ နည်းပြဟောင်း Paul Clement (ပေါလ်ကလီးမန့်)နဲ့အတူ ဆွမ်ဆီးမြို့ကို လက်ထောက်နည်းပြအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ 2014 ခုနှစ်မှာ Bastia အသင်းကို ကိုင်တွယ်ပြီးနောက် ချယ်လ်ဆီးအသင်းကို မပြန်မီ ဘယ်လ်ဂျီယံ ထိပ်သီးကလပ် Eupen အသင်းကိုလည်း ကိုင်တွယ်ခဲ့တာပဲဖြစ်ပါတယ်။