Menu

We are presenting sports news quickly and accurately to our audience.

Follow us

Conor Gallagher

8 months ago 0 59
Conor Gallagher | Photo Credit:

အသက် ၈နှစ်အရွယ်မှာ ချဲလ်ဆီးအကယ်ဒမီထံ ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိတွင်လည်း အသင်းကြီးအတွက်ခြေစွမ်းပြကစားလျက်ရှိပါတယ်။

နာမည်အပြည့်အစုံ –

မွေးနေ့ –

မွေးရပ် –

အရပ်အမြင့် –

ပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း – 

ကော်နာ ဂျွန် ဂယ်လယ်ဂါ

၀၆.၀၂.၂၀၀ (၂၂နှစ်)

Epsom, အင်္ဂလန်

၅ ပေ ၁၁ လက်မ (1.82m)

၀၆.၀၈.၂၀၂၂

အင်္ဂလန်

        အင်္ဂလန် ပရော်ဖက်ရှင်နယ် ဘောလုံးသမား Conor John Gallagher ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းတို့အတွက် ကွင်းလယ်ကစားသမားအဖြစ် ကစားနေသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ငယ်ရွယ်စဉ် အကယ်ဒမီကစားသမားဘဝကတည်းက ဗဟိုကွင်းလယ်ကစားသမားဖြစ်ခဲ့ပြီး U-16 အသင်းထံရောက်တဲ့အခါမှာ နေရာပိုဖြန့်ပြီး ကစားခဲ့ပါတယ်။ နောက်ပိုင်းကစားပွဲများမှာ Gallagher ဟာ Box to Box ကစားရာမှာကျွမ်းကျင်တဲ့ ကွင်းလယ်ကစားသမား ဖြစ်လာပြီး ပြိုင်ဘက်ရဲ့ ပင်နယ်တီ ဧရိယာအတွင်းအထိဝင်ရောက်ကာ ဂိုးဖန်တီးမှုများပြုလုပ်ခြင်းနဲ့ ဂိုးများသွင်းနိုင်ကာ စီနီယာ ပရော်ဖက်ရှင်နယ် အဆင့်လောက်ထိ တစ်ဖြည်းဖြည်း
တိုးတက်ရင့်ကျက်လာခဲ့ပါတယ်။  

Gallagher is one of the best Chelsea Academy Player from Cobham | Photo Credit:

       ချဲလ်ဆီးအသင်းရဲ့ ပရိတ်သတ်တွေဖြစ်တဲ့ ဘောလုံးမိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ကလပ်အသင်းအသီးသီးမှာ ပညာတော်သင်ဖြစ်ခဲ့တဲ့ ညီအစ်ကိုတွေကြောင့် Gallagher ဟာလည်း သူမတူတဲ့ ဘောလုံးစွမ်းရည်တွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူဟာ စိတ်ဓာတ်ကောင်းမွန်ပြီး အသင်းစိတ်ဓာတ်ရှိတဲ့ကစားသမားဖြစ်တဲ့အပြင် ခြောက်နှစ်သားကတည်းက ချဲလ်ဆီးကလပ်အသင်းနဲ့ လေ့ကျင့်ကစားခဲ့ကာ ချဲလ်ဆီးအသင်းရဲ့  လူငယ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ဘွဲ့ရတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုလည်း ချဲလ်ဆီးအသင်းမှာပဲ စတင်ခဲ့ပြီး Charlton Athletic၊ Swansea City၊ West Bromwich Albion နဲ့ Crystal Palace အသင်းများထံ အငှားသွားရောက်ကစားခဲ့ပါတယ်။

        ပထမဆုံး အငှားသွားရောက်ကစားခဲ့တဲ့ Charlton အသင်းနဲ့ ပွဲဦးထွက်ကာလမှာ ခြောက်ပွဲကစားပြီး ၃ ဂိုး သွင်းယူပြီးနောက် Gallagher ဟာ သြဂုတ်လအတွက် အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့ တစ်လတာအကောင်းဆုံး လူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ Charlton အသင်းနဲ့ အချိန်အတော်ကြာ ကစားပြီးနောက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ချန်ပီယံအသင်းဖြစ်သည့် ဆွမ်ဆီးစီးတီးအသင်းကို အငှားဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။ ဆွမ်ဆီးအသင်းမှာ ကစားနေချိန်အတွင်း Gallagher ဟာ ဆွမ်ဆီးအသင်းမှာ ကစားရခြင်းက သူ့ကိုယ်သူ ဘောလုံးသမားတစ်ဦးအဖြစ် ပိုမိုလွတ်လပ်စွာဖော်ပြနိုင်စေတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ထို့နောက် ချယ်ဆီးအသင်းနဲ့ 2020 ခုနှစ် စက်တင်ဘာလ 17 ရက်နေ့မှာ ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး 2020-21 ရာသီအတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ West Bromwich Albion အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။ Gallagher ဟာ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့လည်း 2021 ခုနှစ် ဇူလိုင်လမှာ တစ်နှစ်အငှားစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Gallagher represent to England National Team | Photo Credit:

        ပညာတော်သင် ပထမနှစ် လူငယ်ဖလားမှာ  Gallagher ဟာ လူစားလဲတင်ရောက်မှု နှစ်ကြိမ်အပါအဝင် ၃၁ ပွဲကစားခဲ့ပါတယ်။ 2017 ခုနှစ် မတ်လမှာ သူရဲ့ အကယ်ဒမီအသင်းအတွက် ပွဲဦးထွက်ပွဲစဉ်ကို  Cobham မှာ ကစားခဲ့ရပြီး အရေးကြီးသော အဖွင့်ဂိုး အပါအဝင် U-18 အသင်းအတွက် ၅ဂိုးသွင်းယူခဲ့ပါတယ်။ 2017-18 ရာသီတစ်လျှောက်လုံးမှာလည်း ချဲလ်ဆီးအသင်းရဲ့  လူငယ်အသင်းအတွက် ကွင်းလယ်ကစားသမားအဖြစ် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကစားခဲ့ပြီး FA Youth Cup ကို ထပ်မံထိန်းသိမ်းထားနိုင်သောကြောင့် ပြိုင်ပွဲတိုင်းမှာ စံချိန်တင်ဆုဖလားများ ထပ်မံရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Gallagher ဟာ 2017 ခုနှစ် အောက်တိုဘာလ U-17 ကမ္ဘာ့ဖလားဖိုင်နယ်မတိုင်မီ အင်္ဂလန်U-17 အသင်းမှာ ပထမဆုံးပွဲထွက်ကစားကာ ဆုတံဆိပ်တစ်ခုရရှိခဲ့ပါတယ်။ သူဟာ ချန်ပီယံရှစ်ပြိုင်ပွဲတွေ အပါအဝင် ကစားပွဲရဲ့  နောက်ဆုံးမိနစ်တွေအထိ ကွင်းလယ်ကနေ တည်ငြိမ်စွာ ကစားလေ့ရှိပါတယ်။ ခရစ္စတယ်ပဲလေ့စ်မှာ အငှားနဲ့ကစားခဲ့စဉ်က စွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန် လက်ရွေးစင်စီနီယာအသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံခဲ့ရကာ 2021ခုနှစ် နိုဝင်ဘာလမှာ  ဆန်မာရီနိုအသင်းကို 10ဂိုး – 0ဂိုး နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ဒုတိယပိုင်းမှာ  လူစားလဲဝင်ရောက်ကစားခဲ့ပြီး သူ့ရဲ့နိုင်ငံ့စီနီယာအသင်းအတွက် ပွဲဦးထွက်ကို စတင်ခဲ့ပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *