
၂၀၂၂ နွေရာသီမှာ ဇာကာရီယာ ဟာ ချဲလ်ဆီးအသင်းထံကို ဂျူဗင်တပ်စ်အသင်းမှ အငှားလာရောက်ကစားနေပါတယ်။
နာမည်အပြည့်အစုံ –
မွေးနေ့ –
မွေးရပ် –
အရပ်အမြင့် –
ပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
ဒန်းနစ် လီမီ ဇာကာရီယာ လာကို လာဒို
၂၀.၁၁.၁၉၉၆ (၂၅နှစ်)
ဂျနီဗာ၊ ဆွစ်ဇာလန်
၆ ပေ ၂ လက်မ (1.90m)
–
ဆွစ်ဇာလန်
Denis Zakaria ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးသမားတစ်ဦးဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ လက်ရွေးစင်အသင်းနှင့် ပရီးမီးယားလိဂ်ဘောလုံးကလပ် ချဲလ်ဆီးအသင်းတို့မှာ ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ပါဝင်ကစားနေသူ တစ်ဉီးဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂျီနီဗာမြို့မှာ ဆာဗက်တီအသင်းနဲ့ သူ့ရဲ့ ကစားသမားဘဝကို စတင်ခဲ့တာပါ။ အဆိုပါနေရာမှတစ်ဆင့် အဆင့်ဆင့်တိုးတက်လာကာ U- 17 အသင်း နဲ့ U-18 အဆင့်များမှာ ယှဉ်ပြိုင်ခဲ့ပြီး 2014-15 ခုနှစ် ဘောလုံးရာသီရဲ့ ပဉ္စမအဆင့်မှာရပ်တည်ခဲ့တဲ့ U-21အသင်းအတွက် ယခင်ကစားပွဲတွေမှာ ဗဟိုနောက်ခံကစားသမားအနေနဲ့လည်းကောင်း ဗဟိုကွင်းလယ် ကစားအဖြစ်လည်းကောင်း နေရာအမျိုးမျိုးမှာ ပြောင်းရွေ့ကစားခဲ့ပါတယ်။

2015 ခုနှစ် ဇွန်လမှာတော့ Zakaria ဟာ Young Boys အသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ လူစားထိုးကစားသမားအဖြစ် အနည်းငယ်ပွဲထွက်ပြီးနောက်၊ ရာသီရဲ့ ဆဋ္ဌမမြောက်လိဂ်ပွဲအတွက် ပွဲထွက်လူစာရင်းမှာ စတင်အရွေးခံရပါတော့တယ်။ သူ့အသက် 19 နှစ်သာရှိသေးသည့်အချိန်မှာတော့ ဒုတိယတန်းအဆင့်မှာ ပွဲဦးထွက်ကစားခဲ့ပြီး လအနည်းငယ်အတွင်း ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေတဲ့အသင်းမှာ ပုံမှန်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလိုမျိုး ပါဝင်ကစားနိုင်မှုဟာ အသင်းကို Swiss Super League မှာ ဒုတိယနေရာနဲ့ ဥရောပပြိုင်ပွဲသို့ ဝင်ခွင့်ရအောင် ကူညီပေးခဲ့တာပါ။ Zakaria ဟာ Young Boys အသင်းနဲ့ ဒုတိယရာသီကုန်ခါနီးမှာ အသင်းအတွက် အရေးပါတဲ့ ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး Europa League မှာ ယှဉ်ပြိုင်ခဲ့ကာ Super League မှာ ဒုတိယနေရာဖြင့် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Young Boys အသင်းနဲ့ Switzerland နိုင်ငံအသင်းအတွက် သူ့ရဲ့ လျင်မြန်တဲ့တိုးတက်မှု၊ စွမ်းဆောင်နိုင်ရည်ရှိမှုတွေက ပြည်ပအသင်းတွေကို စိတ်ဝင်စားမှုတိုးအောင် ပြုလုပ်နိုင်ခဲ့တာကြောင့် အသက် 20 အရွယ် ကစားသမားဟာ 2017 နွေရာသီမှာ ဂျာမနီနိုင်ငံ Borussia Monchengladbach အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

Zakaria နဲ့ Borussia Mönchengladbach အသင်းတို့ဟာ 2017 ခုနှစ် ဇွန်လမှာ ငါးနှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီခဲ့ကြပြီး ကွင်းလယ်ကစားသမား Mahmoud Dahoud အသင်းပြောင်းရွေ့သွားတာကြောင့် သူ့နေရာမှာ Zakaria က ပါဝင်ကစားခဲ့ရပါတယ်။ သတင်းတွေအရ Young Boys အသင်းဟာ Zakaria ပြောင်းရွှေ့ကြေးအတွက် ယူရို 10 သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံမှာ Mönchengladbach အသင်းနဲ့ သူ့ရဲ့ပထမဆုံးရာသီအတွက် ကစားပွဲ ၃၃ ပွဲကစားခဲ့ကာ ပွဲအများစုမှာ ကွင်းလယ်ဗဟိုနေရာကနေပါဝင်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ လက်ရွေးစင်အသင်းအတွက်လည်း အကြိမ်များစွာ ကစားခဲ့ပါတယ်။ ဒီလိုမျိုးပါဝင်မှုတွေကြောင့် Zakaria ကို Monchengladbach အသင်းက အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နေရာပုံမှန်ရရှိခဲ့ပါတယ်။ 2018-19 ရာသီအတွင်း၊ Zakaria ဟာ သူ့ရဲ့ အားကစားပုံကို ပုံမှန်ကစားနေကြနေရာမှာပဲ အမြဲတစေကစားနေတာထက် box-to-box ကွင်းလယ်ကစားသမားအဖြစ် ပိုမိုတိုးတက်လာအောင် ရွေ့ပြောင်းကစားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

2019-20 ခုနှစ်မှာ Zakaria ဟာ ပွဲပယ်ပစ်ဒဏ် ပေးခံရပြီး အသင်းအတွက် ကစားပွဲ တစ်ပွဲသာ လွဲချော်ခဲ့ကာ Borussia Dortmund အသင်းနဲ့ယှဉ်ပြိုင်ကစားရတဲ့အချိန် မတ်လမှာတော့ ကွင်းလယ်နေရာမှာ ပြန်လည်ပါဝင်လာခဲ့ရသော်လည်း ကြီးကြီးမားမား ဒူးဒဏ်ရာရရှိသွားတာကြောင့် လက်ကျန်ရာသီမှာ ပွဲမကစားရသလောက်ကို ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမားဟာ နိုဝင်ဘာလနှောင်းပိုင်းမှာ ဖြည်းဖြည်းချင်း တစ်ကျော့ပြန်ကစားခဲ့ပြီး ဇန်နဝါရီလမှာတော့ အရင်လို ပုံမှန်ပြန်ကစားနိုင်ခဲ့ပါတယ်။ နောက်ထပ် မှတ်တိုင်တစ်ခုအတွက် အချိန်ကျန်သေးသော်လည်း Zakaria ဟာ သူ့ရဲ့ 125 ကြိမ်မြောက်ဖြစ်တဲ့ ဘွန်ဒက်လီဂါနောက်ဆုံးပွဲမှာ အစွမ်းကုန်ခြေစွမ်းပြသခဲ့တာကြောင့် ဂျာမန်ကစားသမားတွေထဲမှာ ပွဲပမာဏများပြီး ခြေစွမ်းပြနိုင်တဲ့ တတိယအသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ရာသီအကုန်မှာတော့Mönchengladbach အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အတွက် Juventus အသင်းထံ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြောင်းရွှေ့ခဲ့ပါတယ်။

Zakaria ဟာ လေးနှစ်ခွဲစာချုပ်ဖြင့် Juventus အသင်းထံ ယူရို 45 သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ Hellas Verona အသင်းကို 2 ဂိုး – 0 ဂိုး ဖြင့်အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ကလပ်အသစ်အတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး Coppa Italia ဖိုင်နယ်ပွဲစဉ်သို့ရောက်ရှိရန် အသင်းအားကူညီခြင်းအပါအဝင် Juventus အသင်းအတွက်စုစုပေါင်း 13 ပွဲကစားခဲ့ပါတယ်။ Zakaria ဟာ 2022-23 ရာသီမစတင်ခင် အပြောင်းအရွှေ့နောက်ဆုံးရက်မှာ Juventus အသင်းမှ ချယ်လ်ဆီးအသင်းသို့ အငှားဖြင့်ရောက်ရှိလာခဲ့ပြီး နောက်ရာသီအတွက် အပြီးသတ်ဝယ်ယူခွင့်လဲ ပါဝင်ပါတယ်။ Zakaria ဟာ ဘောလုံးကို ကောင်းမွန်စွာဖြတ်ထုတ်နိုင်ပြီး သန်မာကြံ့ခိုင် ထက်မြက်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့အပြင် Borussia Monchengladbach အသင်းနဲ့အတူ Bundesliga မှာ ထင်ရှားကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ရဲ့ ခံစစ်နေရာအများစုတွင် နေရာယူထားလေ့ရှိပြီး တိုက်စစ် ဒါမှမဟုတ် ခံစစ်အတွက်ပါ လိုက်ပါဆော့ကစားနိုင်တဲ့ ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။

ယခုအချိန်အထိ Zakaria ဟာ ဆွဇ်ဇာလန်နိုင်ငံအသင်းရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး 2016 ခုနှစ်က ဥရောပချန်ပီယံရှစ် နဲ့ 2018 ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် ကစားသမား ၂၃ ဦးစာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်ခဲ့ပါတယ်။ Zakaria ဟာ ထိုနှစ် မေလမှာ ပြုလုပ်ခဲ့တဲ့ 2019 UEFA Nations League Final ပွဲစဉ်တွေမှာ ပါဝင်ခဲ့ပြီး ယူရို 2020 ပြိုင်ပွဲသို့ တက်ရောက်နိုင်ရန် အသင်းကို စတုတ္ထအဆင့်နေရာသို့ရောက်အောင် ကူညီပေးခဲ့ပါတယ်။ 2018 ခုနှစ် ကမ္ဘာ့ဖလားနဲ့ ယူရို 2020 ပွဲစဉ်တွေမှာလည်း ဆွစ်ဇာလန်နိုင်ငံအတွက် ဂိုးသွင်းပေးခဲ့ကာ၊ ဥရောပလိဂ်ပြိုင်ပွဲများမှာတော့ Young Boys အသင်း၊ Borussia အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့အတွက် ကစားပေးခဲ့ကာ ယူရို 2020ပြိုင်ပွဲအတွက် ရွေးချယ်တဲ့ ဆွစ်ဇာလန်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
1 Comment