Menu

We are presenting sports news quickly and accurately to our audience.

Follow us

Edouard Mendy

8 months ago 0 35

2021 ခုနှစ် ရီးရဲနှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင်တွေ့ရသည့် မန်ဒီ | Photo Credit:

အက်ဒွါ မန်ဒီ သည် Rennes အသင်းမှ ၂၀၂၀ စက်တင်ဘာလတွင် ချဲလ်ဆီးအသင်းထံ ရောက်ရှိလာခဲ့သည်။

နာမည်အပြည့်အစုံ –

မွေးရက် –

မွေးရပ် – 

အရပ်အမြင့် –

ပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း –

အက်ဒွါ ဟိုဆော့ မန်ဒီ

၀၁.၀၃.၁၉၉၂ (၃၀နှစ်)

Montivilliers, ပြင်သစ်

၆ ပေ ၄ လက်မ (1.94 m)

၂၉.၀၉.၂၀၂၀

ဆီနီဂေါ

      ဆီနီဂေါ လက်ရွေးစင်ဘောလုံးကစားသမား Kdouard Osoque Mendy ကတော့ 2020 ခုနှစ်တွင် Rennes မှ ချဲလ်ဆီးအသင်းနဲ့ ဆီနီဂေါ လက်ရွေးစင်အသင်းသို့ ရောက်ရှိလာသော ပရော်ဖက်ရှင်နယ်ဂိုးသမားတစ်ဦးဖြစ်ပါတယ်။  Mendy က ပြင်သစ်နိုင်ငံ၊ Montivilliers မှာမွေးဖွားခဲ့ပြီး ပြင်သစ်အမျိုးသားအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့အတွက် ကစားပေးတဲ့ Ferland Mendy (ဖာလန်းမန်ဒီ) ရဲ့ ဝမ်းကွဲတစ်ဦးဖြစ်ပါတယ်။ Mendy က သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကို AS Cherbourg အသင်းမှာ 2014 နွေရာသီအထိ စတင်ကစားခဲ့ပါတယ်။ 2014 နှင့် 2015 ခုနှစ်ကြားမှာတော့ မည်သည့်ကလပ်နဲ့မှ လက်တွဲဆော့ကစားခြင်းမရှိခဲ့ပဲ တစ်ကိုယ်တော့ လေ့ကျင့်မှုတွေနဲ့သာ  အချိန်တွေကိုကုန်ဆုံးခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ သူငယ်ချင်းတစ်ဦးမှ Marseille (မာဆေးလ်) အသင်းမှာ Mendy ကို ဂိုးသမားအဖြစ် ခေါ်ယူဖို့ နည်းပြကိုအကြံပြုခဲ့ရာ ဖုန်းခေါ်ဆိုဆွေးနွေးပြီးနောက် အသင်းနဲ့ ချက်ချင်း လက်မှတ်ရေးထိုးခဲ့ပြီး 2015-2016 ရာသီမှာ Florian Escales ရဲ့ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

        2016 ခုနှစ်မှာ Mendy က သူ့ရဲ့ ဘောလုံးကစားသမားအနေနဲ့ အသက်မွေးဝမ်းကျောင်းလမ်းကို ဆက်တိုက်လျှောက်နိုင်ဖို့အတွက် Reims အသင်းနဲ့ လက်တွဲဆော့ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Reims နဲ့ လက်တွဲနေတဲ့ သုံးနှစ်တာကာလအတွင်းမှာ သူ့ရဲ့ အံ့အားသင့်ဖွယ်ကောင်းပြီး တစ်သမတ်တည်းရှိတဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ Clean Sheet 14 ကြိမ် ပြသခဲ့ပြီး ဂိုးသမားတွေထဲမှာ တတိယမြောက် Clean Sheetအများဆုံးရရှိတဲ့ ဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

        2019-2020 ဘောလုံးရာသီမတိုင်မီ Rennes ကိုပြောင်းရွှေ့ပြီးနောက် Mendy က 33 ပွဲမှာ 31ကြိမ် ဂိုးပေါက်ကာကွယ်မှု ပြုလုပ်ကာ Clean Sheet 13 ကြိမ်နဲ့ သူ့ရဲ့ အရည်အချင်းကိုပြသခဲ့ပေမဲ့ Covid အခြေအနေတွေကြောင့် အဆိုပါ ပြိုင်ပွဲရာသီကို ပိတ်ပင်ခဲ့လိုက်ရပါတယ်။ သူဟာ အသင်းကို 2020 ခုနှစ်မှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ တတိယနေရာရရှိအောင် ကူညီပေးခဲ့ပြီး 2019-20 မှာ ယူရိုပါလိဂ်ပြိုင်ပွဲ လေးကြိမ်ကစားခဲ့ပြီး ဥရောပကလပ်ပြိုင်ပွဲတွေနဲ့ ကောင်းကောင်းရင်းနှီးပြီးသားဖြစ်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

အာဖရိကအကောင်းဆုံးဂိုးသမားဆုလက်ခံရယူစဉ် | Photo Credit:

        Mendy က 2017 Africa Cup of Nations ပြိုင်ပွဲမှာ Guinea-Bissau အတွက် ကစားရန် ဖိတ်ကြားခံခဲ့ရသော်လည်း ဖိတ်ခေါ်မှုကို ပယ်ချပြီး 2018 ခုနှစ်မှာ သု့ရဲ့အနာဂတ်ကို Senegal (ဆီနီဂေါ) အမျိုးသားအသင်းမှာပဲကစားဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ 2019 ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအစတွင် Mendy က Senegal ရဲ့ ပွဲထွက်ခွင့်ရဂိုးသမားဖြစ်သော်လည်း အသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ် Kenya (ကင်ညာ) အသင်းနဲ့ကစားတဲ့ ပွဲ ကစားအပြီးမှာ ဒဏ်ရာရရှိခဲ့ကာ ကျန်ပွဲစဉ်များကစပြီး ဗိုလ်လုပွဲအထိ အနားယူလိုက်ရပါတယ်။ ၂၀၂၁ခုနှစ် အတွက် ၂၀၂၂ခုနှစ်မှာကျင်းပတဲ့ 2021 Africa Cup of Nations ပြိုင်ပွဲမှာတော့ သူ့ရဲ့ လက်စွမ်းနဲ့ အရည်အချင်းတွေကြောင့်  အကောင်းဆုံး ဂိုးသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းရောက်ရှိလာချိန် | Photo Credit:

         ချဲလ်ဆီးအသင်းက 2020 ခုနှစ်မှာ Mendy နဲ့ ငါးနှစ်စာချုပ်ဖြင့်လက်မှတ်ရေးထိုးခဲ့ပြီး EFL ဖလားစတုတ္ထအဆင့် Tottenham Hotspur နဲ့ယှဉ်ပြိုင်ပွဲစဉ်မှာ သူ့ရဲ့ ပထမဆုံးပွဲထွက်ခြင်းကို စတင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲဦးထွက်တွင် Mendy က အာဖရိကတိုက်၏ ပထမဆုံး ဂိုးသမား ဖြစ်လာခဲ့တဲ့အပြင် သူ့ရဲ့ စံချိန်တင် Clean Sheet ကိုးကြိမ် နဲ့ စံနမူနာပြ ခဲ့ပြီး အသင်း ရဲ့ ချန်ပီယံလိဂ် အောင်မြင်မှု မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ Mendy ဟာ ချဲလ်ဆီးအသင်းနှင့်အတူ ရီးယဲလ်မက်ဒရစ်အသင်းကို ဆီမီးဖိုင်နယ်တွင် အနိုင်ရသည့်ပွဲမှာ ပါဝင်ကစားခဲ့ပြီး မန်စီးတီးအသင်းနဲ့ ဗိုလ်လုပွဲစဉ်မှာလည်း အနိုင်ယူကာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကစားသမားကောင်း တစ်ယောက်ဖြစ်ပါတယ်။ မည်သည့်ဂိုးသမားတစ်ဦးမှ ဥရောပထိပ်တန်းကလပ်ပြိုင်ပွဲများရဲ့ ပွဲဦးထွက်ရာသီတွေမှာ သူ့လိုမျိုး အောင်မြင်မှု မရရှိကြဘူးလို သိရပါတယ်။

UEFA အကောင်းဆုံးဂိုးသမားဆုလက်ခံရယူစဉ် | Photo Credit:

         1985 ခုနှစ် ယူရိုဖလားဖိုင်နယ်မှာ  Bruce Grobbelaar ကစားသမားပြီးနောက် Mendy က 2021 ချန်ပီယံလိဂ်ဖိုင်နယ်တွင် ကစားနိုင်သည့် ပထမဆုံး အာဖရိကဂိုးသမားဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲအတွင်း သူပြသခဲ့သည့် စွဲမက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်များကြောင့် “UEFA Champions League Goalkeeper of the Season” အဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာ့အကောင်းဆုံး ဂိုးသမားများကို အသိအမှတ်ပြုသည့် Yashin Trophy အတွက် နောက်ဆုံးမဲပေးမှုတွင်လည်း နေရာတစ်နေရာ ရရှိခဲ့ပါတယ်။ လီဗာပူးနဲ့ Wembley ဖိုင်နယ်ပွဲစဉ်တွေအပါအဝင် ပြိုင်ပွဲအရပ်ရပ်မှာ ကစားခဲ့သမျှ ပွဲစဉ်များမှာ ဂိုးပေါက်ကာကွယ်မှု 23 ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့အပြင် ကလပ်အသင်းအတွက် Clean Sheet 30 ပြည့်တဲ့ ဒုတိယအမြန်ဆုံးဂိုးသမားဖြစ်လာခဲ့ပါတယ်။ 

        Senegal အမျိုးသားအသင်းအတွက် အာဖရိကတိုက်ဖလားကို ဆွတ်ခူးပြီးနောက် 2021 ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲတွင် ပါဝင်ကစားရန် ပြန်လာခဲ့ပြီးနှောင်းပိုင်းတွင် Lille (လိုင်လီ) နဲ့ ယှဉ်ပြိင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်အသင်းကို ဂိုးလုံးဝမပေးဘဲ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းငါးပွဲဆက်တိုက် အနိုင်ရသည့် ပထမဆုံး အင်္ဂလိပ်အသင်း ဖြစ်လာခဲ့အောင် ကြိုးစားကစားခဲ့တာကို တွေမြင်ခဲ့ရပါတယ်။ Mendy ကို ချယ်လ်ဆီး ပရိတ်သတ်အတော်အများကတော့ ခံစစ်အပိုင်းမှာ ကိုယ်ခန္ဓာတောင့်တင်းစွာနဲ့ ပြိုင်ဘက်မှ သွင်းဂိုးများကို တံတိုင်းကြီးသဖွယ် ကာပေးနိုင်တဲ့ အသာစီးရ ဂိုးသမားအဖြစ် လူသိများကြပါတယ်။ Mendy က မကြာခဏဆိုသလို ဖြတ်ကျော်မှုများပြုလုပ်ရန်နဲ့ ပြိုင်ဘက်များရဲ့ ရွေ့ကွက်များကို မြင်သာအောင် အသင်းသားများအား အော်ဟစ်ပြောဆိုပေးလေ့ရှိတဲ့ ဂိုးသမားတစ်ဦးလည်းဖြစ်ပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *