
Graham Stephen Potter ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဘောလုံးကလပ် ချဲလ်ဆီးအသင်းရဲ့ နည်းပြချုပ်အဖြစ် လုပ်ဆောင်နေတဲ့ အင်္ဂလိပ်ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဟောင်းတစ်ယောက် ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် ကစားချိန်အတွင်း ဘယ်ဘက် နောက်ခံလူအဖြစ် ကစားခဲ့ပြီး ဘောလုံးလိဂ်ပွဲစဉ်တွေမှာ စုစုပေါင်း 307 ပွဲ ကစားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Potter ဟာ ပရီးမီးယားလိဂ်ပွဲစဉ်မှာ Southampton အသင်းနဲ့၊ ဘောလုံးကွန်ဖရင့်ပွဲစဉ်မှာ Shrewsbury Town အသင်းတို့ ဘက်မှကစားခဲ့ပါတယ်။ နိုင်ငံတကာအဆင့်မှာတော့ အင်္ဂလန်နိုင်ငံရဲ့ U-21 အသင်းအတွက် ကစားပေးခဲ့ဖူးပါတယ်။
Potter ဟာ ဘောလုံးကစားသမားတစ်ဦးအနေနဲ့ စွမ်းဆောင်ရည်တွေ တိုးတက်နေစဉ်မှာပဲ ဘောလုံးနည်းပြ အသက်မွေးဝမ်းကြောင်းအတွက် အာရုံစိုက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ သူ့ရဲ့ အစောဆုံးနည်းပြအတွေ့အကြုံအချို့ကို Combined Universities များနဲ့ Leeds Metropolitan University အသင်းများနှင့် လက်တွဲကာ လေ့လာနိုင်ခဲ့ပြီး 2007 ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်မှာ ဂါနာအမျိုးသမီးလက်ရွေးစင် အသင်းအတွက် နည်းစနစ်ဒါရိုက်တာအဖြစ်လည်းကောင်း University of Hull အသင်းအတွက် ဘောလုံးဖွံ့ဖြိုးတိုးတက်မှုမန်နေဂျာအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ 2010 ခုနှစ်အကုန်မှာတော့ ဆွီဒင်နိုင်ငံမှ Ostersunds အသင်းသို့ ရောက်ရှိလာပြီး အသင်းကို ထိပ်တန်းလိဂ်များမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင် ဦးဆောင်နိုင်ခဲ့တဲ့အပြင် သူတို့ရဲ့ ပထမဆုံးပြည်တွင်းဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဥရောပဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်နိုင်အောင်လည်း နည်းပြနိုင်ခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းစွာပဲ မန်နေဂျာအဖြစ် သူ့ရဲ့ပထမနှစ်ရာသီစလုံးမှာ အသင်းကို fourth divisionမှာ ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့ပြီး 2015 ခုနှစ်မှာတော့ top divisionရဲ့ ဒုတိယနေရာသို့ ရောက်ရှိသည်အထိ နည်းပြပေးနိုင်ခဲ့ပါသည်။

Ostersunds အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်မှ တန်းဆင်းခဲ့ရတဲ့ Swansea Cityအသင်းက 2018-19 ရာသီအတွက် အသင်းကို ဦးဆောင်စီမံရန် Potter ကိုကမ်းလှမ်းခဲ့ပါတယ်။ Swansea City နဲ့လက်တွဲနေချိန်အတွင်း Brighton အသင်းကလည်း Potter ရဲ့ ရဲရင့်ပြီး စိတ်လှုပ်ရှားဖွယ် ဆွီဒင်နည်းစနစ်များကို အင်္ဂလိပ်ဘောလုံးလောကမှာ တွေ့ရှိလိုက်ရပြီးနောက် 2019-20 ရာသီအစမှာ သူတို့အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ဦးဆောင်ရန် ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့သော်လည်း Swansea City ဟာ Brighton အသင်းရဲ့ ကမ်းလှမ်းမှုကို ကနဦးမှာ ပယ်ချခဲ့ပြီး Potter ကို ချန်ပီယံရှစ် လစာအများဆုံးမန်နေဂျာများထဲမှ တစ်ဦးဖြစ်လာစေမယ့် ကတိနဲ့ စာချုပ်အသစ်နဲ့ ဆွဲဆောင်ခဲ့ပါသည်။သို့သော်လည်း နောက်ဆုံးမှာ Potterနဲ့သူ့ရဲ့ လက်ထောက်ဝန်ထမ်းများအတွက် ပေါင် ၃ သန်းခန့် လျော်ကြေးပေးမယ့် Brighton & Hove Albion အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး Potterဟာ ဘရိုက်တန်အသင်းနှင့် လေးနှစ်စာချုပ်ကို 2019 ခုနှစ် မေလ 20 ရက်နေ့မှာ သဘောတူချုပ်ဆိုခဲ့ပါတယ်။

Brighton & Hove Albion အသင်းရဲ့ နည်းပြအဖြစ် စံချိန်ချိုးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း၊ Potter ဟာ စိတ်ကူးသစ်များကို လက်ခံပြီး တီထွင်ဖန်တီးလိုသော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်းပြသနိုင်ခဲ့ပါသည်။ ဒါ့အပြင် ကစားသမားတိုင်းကို သူတို့ကစားရတဲ့ပွဲရဲ့ ထိပ်ဆုံးသို့ တွန်းပို့ရာမှာ ကျွမ်းကျင်ကြောင်း၊ အထောက်အထားနှင့် ခိုင်မာတဲ့ နည်းဗျူဟာပိုင်းတွေကို နားလည်မှုရှိအောင် အသင်းကို စုစည်းသင်ပြပို့ချပေးနိုင်ကြောင်း အစရှိသဖြင့် သက်သေပြခဲ့ပါတယ်။
Brighton & Hove Albion အသင်းမှာ နည်းပြအဖြစ်ရှိစဉ်အတွင်း Potter ဟာ တောင်ဘက်ကမ်းရိုးတန်းရှိ သူ့ရဲ့ အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးနည်းစနစ်တွေအတွက် ချီးကျုးမှုများရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်မှာ လိဂ်ပွဲစဉ်ပြီးဆုံးအောင် ကူညီပေးခဲ့တဲ့အပြင် ပြိုင်ဘက်များထက် ခြေတစ်လှမ်းသာစေရန် နည်းဗျူဟာများနဲ့ ကစားကွက်များကို ပြောင်းလွယ်ပြင်လွယ်ရှိကြောင်းကိုလည်း ပြသခဲ့ပါတယ်။ ထို့အပြင် Potter အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချယ်လ်ဆီးအသင်းကို မန်ယူအသင်းက အမှတ်မှီနိုင်မည့် အခွင့်အရေးကို တရားဝင်အဆုံးသတ်ကာ ကလပ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါသေးတယ်။

Brighton အသင်းနဲ့ သုံးနှစ်ကြာ လက်တွဲပြီးနောက် Potter နဲ့ သူ့ရဲ့ လက်ထောက်ဝန်ထမ်းငါးဦးဟာ 2022 ခုနှစ် စက်တင်ဘာလ 8 ရက်နေ့မှာ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွေ့ခဲ့ပြီး Brighton အသင်းရဲ့ အဆိုအရ Potter နဲ့ သူ့ရဲ့ လက်ထောက်ဝန်ထမ်းငါးဦးအတွက် ချယ်လ်ဆီးအသင်းထံမှ စုစုပေါင်း လျော်ကြေးငွေပေါင် 21.5 သန်း ရရှိခဲ့သည်ဟု သိရပါတယ်။ အဲဒီနောက်မှာတော့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းရဲ့ နည်းပြ သောမတ်စ်တူချယ် နေရာကို Potter က နည်းပြချုပ်အဖြစ် ငါးနှစ်စာချုပ်ချုပ်ဆိုပြီးတရားဝင် အစားထိုး ဝင်ရောက်ခဲ့ပါတယ်။
Potter ဟာ ဆွီဒင်နိုင်ငံမှာ စိတ်ဝင်စားစရာအကောင်းဆုံးနည်းပြများထဲမှ တစ်ဦးဖြစ်ပါတယ်။ သူဟာ အားကစားအပြင် အခြားဘာသာရပ်များမှာ ဘွဲ့ဒီဂရီများ ရရှိထားပြီး စာတွေ့များမှ ပူးပေါင်းပါဝင်နိုင်စွမ်း၊ ရှေ့သို့တွေးခေါ်နိုင်စွမ်း၊ ချဉ်းကပ်မှုစွမ်းရည်တို့ကို အသုံးချပြီး ကစားပွဲတွေမှာ တိုက်စစ်နဲ့ အောင်အောင်မြင်မြင် ကစားနိုင်မယ့်နည်းလမ်းများကို နည်းပြသင်ကြားနိုင်စွမ်းရှိသူ တစ်ယောက်ပါ။ သူ့ရဲ့ “တိုးတက်သော” နဲ့ “သမားရိုးကျမဟုတ်သော” နည်းပြနည်းစနစ်များအတွက် ပရိတ်သတ်တွေနဲ့ ကစားသမားများရဲ့ ချီးမွမ်းခြင်းကိုခံရတဲ့ နည်းပြကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ Potter ဟာ Swansea အသင်းမှာတုန်းက ချန်ပီယံရှစ်ပွဲစဉ်မှာ မိနစ် 90 အတွင်း မတူညီသော ကစားနည်း ပုံစံဆယ်မျိုးကို အသုံးပြုကာ အသင်းကို ဖြတ်တင်ဘောများထွက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။