
Hakim celebrated after goal scored | Photo Credit:
၂၀၂၀ ခုနှစ်မှာ အိုင်းယက်အသင်းကနေချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဟာကင် ဟာ အသင်းရဲ့တောင်ပံ့တိုက်စစ်မှာ ကစားနေတဲ့ မော်ရိုကိုသားပဲဖြစ်ပါတယ်။
နာမည်အပြည့်အစုံ –
မွေးနေ့ –
မွေးရပ် –
အရပ်အမြင့် –
ပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
ဟာကင် ဇီးယျက်ဇ်
၁၉.၀၃.၁၉၉၃ (၂၉နှစ်)
Dronten, နယ်သာလန်
၅ ပေ ၁၁ လက်မ (1.80m)
၁၇.၁၀.၂၀၂၀
မော်ရိုကို
Hakim Ziyech ဟာ ကွင်းလယ်တိုက်စစ်ကစားသမား (သို့မဟုတ်) တောင်ပံကစားသမားအဖြစ် ချယ်လ်ဆီးအသင်းနဲ့ မော်ရိုကိုလက်ရွေးစင်အသင်းတို့အတွက် ယှဉ်ပြိုင်ကစားနေတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။ Ziyech ဟာ သူ့ရဲ့ free-kick တိကျမှု၊ အဆုံးသတ်သေချာမှု၊ အလိမ်အခေါက်တွေနဲ့၊ အဝေးကဖြတ်တင်ဘောများကြောင့် Amsterdamsche Football Club Ajax ရဲ့ ပရိတ်သတ်တွေက သူ့ကို “The Wizard” ဟုနာမည်ပြောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Hakim won Ajax Player of the Year Award twice | Photo Credit:
2012 ခုနှစ်မှာ Ziyech က သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို စတင်ရန် နယ်သာလန်ကလပ် Heerenveen အသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့ပေမဲ့ နှစ်နှစ်အကြာမှာ ဒတ်ခ်ျအသင်းဖြစ်တဲ့ Twente သို့ ပြောင်းရွေ့ခဲ့ပြီး 2016 ခုနှစ်မှာတော့ Ajax အသင်းနဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၁ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ Ajaxအသင်းအတွက် 16 ဂိုးသွင်းကာ 13 ဂိုး ဖန်တီးပေးနိုင်မှုကြောင့် သူ့ရဲ့ ဘောလုံးသမား ဘဝတစ်လျှောက်မှာ 2018-2019 ဘောလုံးရာသီဟာ ယနေ့အထိ အအောင်မြင်ဆုံးဖြစ်ပါတယ်။ များသောအားဖြင့် ဘယ်ခြေနဲ့ ပြင်းထန်တဲ့ ကန်ချက်တွေထွက်တဲ့ ကွင်းလယ်ကစားသမားဟာ Ajax မှာ ညာတောင်ပံသို့ ဖြတ်တင်ဘောပေးပို့မှုတွေ ပြုလုပ်နိုင်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် ပရိတ်သတ်တွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘယ်တောင်ပံ (သို့) ကွင်းလယ်တိုက်စစ်မှုးအဖြစ်လည်း ကစားနိုင်ပါသေးတယ်။

Hakim won the UEFA Super Cup with Chelsea in 2021 | Photo Credit:
Ziyech ဟာ 2020-20 ခုနှစ် ဇူလိုင်လမှာ Ajax အသင်းမှ ချယ်လ်ဆီးအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့တဲ့အတွက် 2020-21 ရာသီအဖွင့်ပွဲစဉ်တွင် အသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုပြီးချိန် 2020 ခုနှစ် ဖေဖော်ဝါရီလမှာ မော်ရိုကိုနိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် သွားရောက်ကစားခွင့်ပြုရန် အစောပိုင်းမှာတည်းက ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရခဲ့ပါတယ်။ သို့သော်လည်း Ziyech ဟာ ချဲလ်ဆီးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဒူးဒဏ်ရာရရှိခဲ့သောကြောင့် ကောင်းမွန်စွာစတင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒဏ်ရာသက်သာပျောက်ကင်းပြီးနောက် ချဲလ်ဆီးအသင်းနှင့်အတူ အလားအလာကောင်းများ ပြန်လည်ရရှိလာပြီး ဒီဇင်ဘာလအစမှာ လိဒ်ယူနိုက်တက်ကို 3 ဂိုး – 1 ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာနောက်တစ်ခု ထပ်မံရရှိခဲ့ပါတယ်။

Hakim won the UEFA Champion League in 2021 | Photo Credit:
ပြိုင်ပွဲအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် 2021 ခုနှစ် ဇန်နဝါရီလမှာ အသင်းမှ ခဏတာ အနားယူခဲ့ပေမဲ့ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ပြသဖို့နှင့် ပွဲထွက်စာရင်းမှာ အမြဲတမ်း ပါဝင်ခွင့်ရဖို့အတွက် အချိန်ကာလတစ်ခုအထိ အနားယူခဲ့ရပါတယ်။ ဘောလုံးကစားသမားပီပီ Ziyech ဟာ ဒဏ်ရာတွေကို ဘေးဖယ်ပြီး မတ်လအတွင်း အရေးကြီးသောပွဲစဉ်အချို့မှာ သူရဲ့ အခန်းကဏ္ဍကို ပြသနိုင်ခဲ့ပြီး အသင်းအတွက်လည်း အကျိုးသက်ရောက်မှုများ ရရှိအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။
Ziyech ဟာ ဘောလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ ကစားတစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုအကျိုးပြုနိုင်မှုက သူ့အသင်းအတွက် အခွင့်အရေးတွေ အများကြီးရခဲ့ပြီး သူ့ရဲ့ ထူးခြားသောဟန်ချက်နဲ့ အရှိန်ကြောင့် ပြိုင်ဘက်ရဲ့အာရုံစိုက်မှုကို အလွယ်တကူရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ဘက်အသင်းကို ဖြတ်ကျော်ရန် ပုံမှန်လမ်းကြောင်းအတိုင်း ဆက်သွားမည့်အစား ကန်သွင်းမှုများပြုလုပ်ပြီး အခွင့်အရေးများကို အခါအခွင့်သင့်သလို ဖန်တီးပေးတတ်သေးပါတယ်။

Hakim represented Morocco National Team | Photo Credit:
Ziyech ဟာ နယ်သာလန်နိုင်ငံမှာ မော်ရိုနိုင်ငံသားမိဘများမှ မွေးဖွားခဲ့သောကြောင့် နယ်သာလန် (သို့မဟုတ်) မော်ရိုကို နိုင်ငံအသင်းများအတွက် နိုင်ငံကိုယ်စားပြုကစားရန် အရည်အချင်းပြည့်မှီတဲ့ ကစားသမားဖြစ်ပါတယ်။ Ziyech ဟာ နယ်သာလန်လူငယ်အသင်းများအတွက် U-19၊ U-20 နှင့် U-21 ပြိုင်ပွဲများမှာ ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားပြုရမည့်နိုင်ငံတစ်နိုင်ငံကိုပဲ ရွေးချယ်ရတော့မည့်အချိန် စီနီယာအဆင့်မှာ မော်ရိုကိုနိုင်ငံအတွက် ကစားရန် ရွေးချယ်ခဲ့ပြီး အောက်တိုဘာလမှာ နိုင်ငံ့အသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပါတယ်။ သို့သော် Ziyech ဟာ သူ့ရဲ့ ဆိုးရွားသောသဘောထားနဲ့ ပြိုင်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး ကစားပွဲများမှာပါဝင်ရန် ငြင်းဆိုမှုများကြောင့် 2021 ခုနှစ် စက်တင်ဘာလမှာ နိုင်ငံအသင်းမှ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါ့အပြင် Ziyech ကို ဒဏ်ရာတွေကို ဖန်တီးတယ်လို့ မဟုတ်မမှန်သတင်းများနဲ့ စွပ်စွဲခဲ့သော မန်နေဂျာ Vahid Halilhodi နဲ့ အဆင်မပြေမှုများကြောင့် နောက်ပိုင်းမှာ မော်ရိုကိုရဲ့ 2021 Africa Cup of Nations အသင်းမှ ထွက်ခဲ့ပြီး 2022 ခုနှစ် ဖေဖော်ဝါရီလ 8 ရက်နေ့မှာ Ziyech က နိုင်ငံတကာဘောလုံးလောကမှ အနားယူကြောင်းကြေငြာခဲ့ပါတယ်။ နိုင်ငံအသင်းမှနှုတ်ထွက်ပြီး အနားယူနေစဉ် Ziyech နဲ့ သူ့ရဲ့ မော်ရိုကိုမှအသင်းဖော် Noussair Mazraoui နှစ်ဦးစလုံးဟာ 2022 ခုနှစ် FIFA 2022 ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မော်ရိုကိုနိုင်ငံကို ကိုယ်စားပြုရန် Vahid Halilhod ရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားဝင်ရောက်ကစားမဲ့ မော်ရိုကိုအသင်းနှင့်အတူ နိုင်ငံလက်ရွေးစင်အသင်းတွင် ဝင်ရောက်ကစားနေပြီဖြစ်ပါတယ်။