
James Russell ဟာ ချဲလ်ဆီးအကယ်ဒမီကစားသမားဟောင်းဖြစ်ပြီး အသက်၁၄နှစ်အရွယ်မှာ ချဲလ်ဆီးအသင်းမှာပဲ ဂိုးသမားအဖြစ်နဲ့ ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ သူဟာ အသက်၂၀အရွယ်အထိ ဘောလုံးကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ၂၀၀၉ခုနှစ်အရောက်မှာတော့ အကယ်ဒမီအသင်းအတွက် ဂိုးနည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ကာ ၂၀၁၉-၂၀ ဘောလုံးရာသီအစမှာ စီနီယာအသင်းအတွက် ဂိုးနည်းပြ Henrique Hilario ရဲ့ လက်ထောက်နည်းပြအဖြစ် ရွှေ့ပြောင်း တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။