
2018 ခုနှစ် ဂျူလိုင်လ ၁၄ရက်နေ့မှာ နည်းစနစ်ကြွယ်ဝတဲ့ကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုဟာ နာပိုလီအသင်းမှနေ ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။
နာမည်အပြည့်အစုံ –
မွေးနေ့ –
မွေးရပ် –
အရပ်အမြင့် –
ပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
ဂျော့်ရှ်လူဝစ် ဖလယ်လို ဖီဟို
၂၀.၁၂.၁၉၉၁ (၃၀နှစ်)
Imbituba, ဘရာဇီးလ်
၅ ပေ ၁၀ လက်မ (1.78m)
၀၅.၀၈.၂၀၁၈
အီတလီ
Jorge Luiz Frello Filho ဟာ အီတလီနိုင်ငံ့လက်ရွေးစင်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့အတွက် ကွင်းလယ်ကစားသမားအဖြစ် ကစားပေးနေတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားတစ်ဦးဖြစ်ပါတယ်။ အီတလီနိုင်ငံရဲ့ အလွန်အရည်အချင်းရှိတဲ့ ကွင်းလယ်ကစားသမားဟာ နေရာယူပြီးတစ်ပြိုင်နက် ဘောလုံးကိုလျင်မြန်စွာကစားပြီး ဖြတ်တင်ဘောများဖြင့် ကစားပွဲရဲ့အခြေအနေကို ထိန်းချုပ်နိုင်ပါတယ်။ သူ့ကို နည်းစနစ်အားဖြင့် တိုက်စစ်နဲ့ ခံစစ် ၂မျိုးစလုံးမှာ ချိတ်ဆက်ကစားနိုင်တဲ့ deep-lying playmakerအဖြစ်ကွင်းလယ်မှာ နည်းပြများက ကစားစေကြပါတယ်။

Jorginho ဟာ Hellas Verona အသင်းမှာ လူငယ်ကစားသမားအဖြစ် စတင်ကစားခဲ့ပြီး 2010 ခုနှစ် ဇွန်လမှာ အငှားကစားသမားအဖြစ် Serie C2 မှာ Veneto ကလပ် Sambonifaceseအသင်းထံ သွားရောက်ခဲ့ပြီး ပထမဆုံး ပရော်ဖက်ရှင်နယ်ရာသီကို ကစားခဲ့ပါတယ်။ Jorginhoဟာ စုစုပေါင်း ကစားပွဲ 31 ပွဲကစားကာ 1 ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု 10 ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် (၁၁)နှစ်ကြာ စီးရီးအေမှ ဝေးကွာခဲ့ပြီး ပြန်လည်ရောက်ရှိလာတဲ့ Verona အသင်းမှာလည်း ကွင်းလယ်ဗဟိုကနေ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကစားခဲ့ပါတယ်။

Jorginho ဟာ နာပိုလီအသင်းထံ 2014ခုနှစ် ဇန်နဝါရီ 18ရက်နေ့မှာ ၄နှစ်ခွဲ ပူးတွဲပိုင်ဆိုင်မှု သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Veronaအသင်းထံမှ ရောက်ရှိလာခဲ့ပါတယ်။ Jorginho နာပိုလီအသင်းမှာရှိစဉ် Coppa Italiaဖလား/ the Italian Super Cup တို့အတွက် တိုက်ပွဲဝင်ရာမှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလဲ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ရိုမေးနီးယားကစားသမား Gheorghe Hagi ဟာ Jorginhoရဲ့ ကလေးဘဝ လေးစားအားကျခဲ့ရသူဖြစ်တာကြောင့် သူငယ်ချင်းများက Haginho လို့ စနောက်ခေါ်ခဲ့ကြပါတယ်။

Jorginhoဟာ ၂၀၁၈ခုနှစ်/ဇူလိုင် ၁၄ ရက်နေ့မှာတော့ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀+ အပိုဆုကြေး ၇သန်းဖြင့် ၅နှစ်စာချုပ်ချုပ်ဆိုကာ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့ပါတယ်။နာပိုလီအသင်းရဲ့ ဥက္ကဌကြီးကတော့ Jorginhoဟာ မန်စီးတီးအသင်းထံ ရောက်ရှိဖို့နီးစပ်ခဲ့တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အင်္ဂလန်နိုင်ငံမှာကစားရတဲ့ Jorginho ရဲ့ပထမဆုံးရာသီမှာ Maurizio Sarri ရဲ့ ချဲလ်ဆီးအသင်းအတွက် 54 ပွဲကစားခဲ့ပြီး Huddersfield ကို 3 ဂိုး – 0 ဂိုး ဖြင့်အနိုင်ရရှိတဲ့ပွဲမှာ ပင်နယ်တီသွင်းယူပြီး သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်တွင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အသင်းမန်နေဂျာ ဖရန့်လမ်းပတ်ရဲ့ လက်အောက်မှာ Jorginho ဟာ သူ့ရဲ့ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုအရည်အသွေးများကြောင့် ဒု-ကပ္ပတိန် ရာထူးပေးဖို့ မန်နေဂျာက ဆုံးဖြတ်ခဲ့ပြီးနောက် သူ့ရဲ့ ယခင်ရာသီမှ ပုံစံကောင်းများကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။

ကွင်းလယ်မှာ Jorginho ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ အားကိုးလို့ရနိုင်မှုဟာ အသင်းအတွက် အဓိကအစိတ်အပိုင်းများစွာထဲကတစ်ခု ဖြစ်ခဲ့ပါတယ်။ Watford အသင်းနဲ့ယှဉ်ပြိုင်ရတဲ့ပွဲမှာ အသင်းဖော် Tammy Abraham အတွက် သူ့ရဲ့ ပထမဆုံးအကြိမ် ဖန်တီးပေးပို့မှုဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ 2021 ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် ဘောလုံးပွဲများ ရပ်နားထားချိန်မတိုင်ခင်အထိ Jorginhoဟာ ချဲလ်ဆီးအသင်းရဲ့ ပြိုင်ပွဲအားလုံးအနက် ငါးပွဲသာ လွဲချော်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သုံးလအကြာမှာ ပြန်လည်စတင်သောအခါ Jorginho ဟာ အချိန်အတော်ကြာ မပါဝင်နိုင်ခဲ့သော်လည်း ရာသီကုန်မှာ FA ဖလားဖိုင်နယ်အထိ တက်ရောက်နိုင်အောင် အသင်းကိုကူညီပေးကာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Jorginho ဟာ အသင်းမှာ ဦးစားပေးပင်နယ်တီကန်သွင်းသူ ဖြစ်လာပြီးနောက်၊ 2020-21 ဘောလုံးရာသီက သူ့အတွက် မလွယ်ကူခဲ့ပါဘူး။ Cesar Azpilicueta လူစာရင်းထဲမပါဝင်နိုင်ချိန် ဘရိုက်တန်နဲ့ ရာသီအဖွင့်ပွဲစဉ်အတွက် အသင်းခေါင်းဆောင်တာဝန်ကို ယူခဲ့ပြီး ဝါနာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းကာ ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ နောက်အပတ် လီဗာပူးအသင်းအိမ်ကွင်းမှာ ကစားတုန်းက အသင်းခေါင်းဆောင်အဖြစ် ထပ်မံတာဝန်ယူခဲ့ပေမယ့် ကစားသမား 10 ယောက်သာ ကျန်တော့တဲ့ ချဲလ်ဆီးအသင်းဟာ 2 ဂိုး – 0 ဂိုး ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ကာ Jorginho ကလည်း တစ်ကျော့ပြန် ပင်နယ်တီလွဲချော်ခဲ့ပါတယ်။

Jorginho ဟာ Lampard ရဲ့ ပွဲထွက်လူစာရင်းမှာ အရေးကြီး ကစားသမားမဟုတ်သော်လည်း နာမည်ကြီး ကစားသမားများဖြစ်ကြတဲ့ Kante၊ Kovacic၊ Mount နဲ့ Kai Havertz တို့ထက် ပိုပြီးရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ပေါ်တိုမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပါအဝင် Jorginho အများဆုံးပါဝင်ကစားခဲ့သော ပြိုင်ပွဲခြောက်ပွဲအတွင်း UEFA မှ Man of the Match အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းဖော် လေးယောက်နဲ့အတူ 2021 Ballon d’Or အတွက် ကစားသမား 30 ဆန်ကာတင်စာရင်းမှာ ထည့်သွင်းခံခဲ့ရတဲ့အပြင် Jorginho ရဲ့ ခြေစွမ်းပြမှု၊ လှုပ်ရှားမှုနဲ့ ကွင်းအတွင်း ပံ့ပိုးမှုများ အားလုံးဟာ 2020-21 ရာသီရဲ့ အမှတ်ရစရာ အရှိဆုံး ပုံရိပ်ဖြစ်ခဲ့ပါတယ်။


2021-2022 ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းနည်းပြအဖြစ် Tuchel ရဲ့ ပထမဆုံးရာသီအပြည့်ကိုင်တွယ်ရတဲ့ ပထမနှစ်ဝက်မှာ Jorginho ဟာ ကွင်းလယ်ကနေ အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် ပင်နယ်တီကန်သွင်းမှု စွမ်းရည်များကို ထိန်းသိမ်းနိုင်ခဲ့ကာ ဒီဇင်ဘာလမှာ ယှဉ်ပြိုင်ရတဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာ အသင်းတို့နဲ့ပွဲများမှာ အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ Jorginho ဟာ ဖေဖေါ်ဝါရီလမှာ Al Hilal အသင်းနဲ့ယှဉ်ပြိုင်ကစားကာ အနိုင်ရရှိခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် ဒဏ်ရာကြောင့် ပွဲချိန်တစ်ဝက်တွင် ထွက်ခွာခဲ့ရပြီး အသင်းအတွက် ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့သော်လည်း ဖိုင်နယ်အတွက် အရန်ခုံမှာသာထိုင်ကာ အသင်းသားတွေကို အားပေးနေခဲ့ရပါတယ်။

အသက် 30 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ 2021 ခုနှစ်အတွင်း ကလပ်အသင်းနဲ့ နိုင်ငံအသင်း နှစ်ခုလုံးအတွက် ဖလားများကို ဆွတ်ခူပေးနိုင်ခဲ့ပြီးနောက် တစ်ရာသီလုံးမှာ ချီးကျူးမှုများစွာရရှိခဲ့ပါတယ်။ UEFA Men’s Player of the Year ဆုကို မဆွတ်ခူးမီနဲ့ Ballon d’Or အတွက် မဲပေးရွေးချိန်မှာ တတိယနေရာအထိရရှိခဲ့ချိန်မှာ ကမ္ဘာတစ်ဝှမ်းမှ ပရော်ဖက်ရှင်နယ် ကစားသမားများရဲ့ ရွေးချယ်မှုဖြင့် ကွင်းလယ်တွဲဘက် N’Golo Kante နဲ့အတူ FIFA FIFPro Men’s World 11 မှာ ပါဝင်ခဲ့ပါတယ်။ 2021 ရဲ့နောက်ဆုံးလများမှာ အသင်းခေါင်းဆောင် Cesar Azpilicueta က အကြောင်းအမျိုးမျိုးကြောင့် အရန်ခုံမှာ ထိုင်နေခဲ့ရစဉ် Jorginho ဟာ 2021-2022 ခုနှစ်ရာသီရဲ့ ကစားပွဲ 63 ပွဲအနက် 15 ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Jorginho ဟာ အီတလီနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့မှ နိုင်ငံသားဖြစ်သောကြောင့် အဆိုပါနိုင်ငံများရဲ့ လက်ရွေးစင်အသင်းများကို ကိုယ်စားပြုရန် အရည်အချင်းပြည့်မီခဲ့ပါတယ်။ 2012 ခုနှစ်မှာ အီတလီ U-21အသင်း အတွက် နိုင်ငံတကာပွဲစဉ် ပွဲဦးထွက် ကစားခဲ့ပြီး 2014 ခုနှစ်မှာ ဘရာဇီးနိုင်ငံထက် အီတလီနိုင်ငံအတွက် ပိုမိုကစားလိုသော ဆန္ဒကို ထုတ်ဖော်ခဲ့တာကြောင့် နောက်ပိုင်းတစ်လျှောက် အီတလီနိုင်ငံရဲ့ လက်ရွေးစင်အသင်းမှာပါဝင်ခဲ့ပါတယ်။ 2016 ခုနှစ် မတ်လ စပိန်နဲ့ အီတလီ ၁ဂိုးစီ သရေကျခဲ့တဲ့ချစ်ကြည်ရေးပွဲစဉ်မှာ အီတလီနိုင်ငံရဲ့ စီနီယာအသင်းသို့ ပထမဆုံးခေါ်ယူခံခဲ့ရပြီး နှစ်နှစ်အကြာမှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်ခဲ့ပါတယ်။
2018 UEFA Nations League ပြိုင်ပွဲမှာ Jorginho ဟာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ယူရို 2020 ခြေစစ်ပွဲမှာ ဂရိနိုင်ငံကို 2 ဂိုး – 0 ဂိုး ဖြင့် အနိုင်ယူကာအီတလီတို့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ နိုင်ငံ့အသင်းအတွက် သူ့ရဲ့တတိယမြောက် ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသင်းကိုကယ်တင်နိုင်ခဲ့တဲ့ သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့် Jorginho ဟာ Azzurri ရဲ့ ယူရို 2020 အသင်းအတွက်သာမက UEFA Euro 2020 Tournament အသင်းအတွက်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၂၂ Qatar ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ အီတလီအသင်း အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အုပ်စုအဆင့်တွင် ဆွစ်ဇာလန်အသင်းနဲ့ယှဉ်ပြိုင်စဉ် Jorginhoဟာ ကံမကောင်းစွာနဲ့ ပင်နယ်တီလွဲချော်ပြီး အုပ်စုအဆင့်မှာတင် ထွက်ခွာခဲ့ရပါတယ်။