Menu

We are presenting sports news quickly and accurately to our audience.

Follow us

Kai Havertz 

8 months ago 0 55

၂၀၂၁ခုနှစ် ချန်ပီယံလိဂ်ဖလားရပြီး အောင်ပွဲခံနေသည့် ကိုင်းဟားဗာ့ဇ် | Photo Credit:

၂၀၂၀ နွေရာသီမှာ လေဗာကူဆင်အသင်းမှနေ ဂျာမနီလက်ရွေးစင်ကစားသမား ကိုင်းဟားဗာ့ဇ်ဟာ ချဲလ်ဆီးအသင်းကိုရောက်ရှိလာခဲ့ပါတယ်။

နာမည်အပြည့်အစုံ –

မွေးနေ့ –

မွေးရပ် –

အရပ်အမြင့် –

ပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း – 

ကိုင်း ဟာဗာ့ဇ်

၁၁.၀၆.၁၉၉၉ (၂၃နှစ်)

Aachen, ဂျာမနီ

၆ ပေ ၃ လက်မ (1.93m)

၁၄.၀၉.၂၀၂၀

ဂျာမနီ

        Kai Lukas Havertz သည် ယခုအချိန်တွင် အသက် 23နှစ်သာရှိသေးပြီး ဂျာမနီလက်ရွေးစင်အသင်းနှင့် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းတို့အတွက် ရှေ့တန်းကစားသမားအဖြစ် ကစားနေတဲ့ ဂျာမန် ပရော်ဖက်ရှင်နယ်ကစားသမား ဖြစ်ပါတယ်။ သူ့အဘိုး ဦးဆောင်တဲ့ အပျော်တမ်းကလပ်တစ်ခုမှာ လေးနှစ်သားအရွယ်ကပင် ဘောလုံးနှင့်ထိတွေ့မှု ရှိခဲ့တာဖြစ်ပါတယ်။ သူက ကွင်းလယ်မှာ တိုက်စစ်ဆင်နိုင်စွမ်းရှိပြီး ကျဉ်းမြောင်းတဲ့နေရာတွေကနေလဲ အပိုင်ကန်သွင်းနိုင်စွမ်းရှိတဲ့အပြင် ပြိုင်ဘက်တွေအသာစီးရနေချိန်မှာလဲ  ဘောလုံးပိုင်ဆိုင်မှုပြန်ယူနိုင်စွမ်းရှိပါတယ်။ သူဟာ အထောင်တိုက်စစ်မှူးအနေဖြင့်လဲ ကျယ်ကျယ်ပြန့်ပြန့် ကစားနိုင်တဲ့အပြင် တိကျပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ပြိုင်ဘက်တွေကို ဖြတ်ကျော်နိုင်မှုတွေကြောင့် နာမည်ကြီးကျော်ကြားပါတယ်။

လေဗာကူဆင်အသင်းတွင်ကစားစဉ်က | Photo Credit:

        ဂျာမန်ဘောလုံးလောကရဲ့  အတောက်ပဆုံးအလားအလာရှိတဲ့ လူငယ်ခြေတက်များထဲ မှ Havertz က Bayern Leverkusen အသင်းမှာ ပွဲဦးထွက်ကစားပြီးနောက် စံချိန်များစွာတင်ခဲ့ပြီး အသက် 18 နှစ်နဲ့ 307 ရက်အတွင်း Bundesliga (ဘွန်ဒက်လီဂါ)မှာ ကစားပွဲပေါင်း 50 ပြည့်မြောက်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Leverkusen အသင်းဟာ ရာသီပြီးဆုံးချိန်တွင် ပဉ္စမနေရာမှာ ရပ်တည်နိုင်ခဲ့ကာ ကလပ်အသင်းနဲ့ လိဂ်ပွဲစဉ် 30 ပွဲ ကစားပြီး 3 ဂိုးသွင်းကာ ဒုတိယမြောက် ရာသီကို အဆုံးသတ်ခဲ့ပါတယ်။ Havertz က 2018 ခုနှစ် စက်တင်ဘာလမှာ သူ့ရဲ့ နိုင်ငံတကာပွဲစဉ်တွင် ဂျာမနီလက်ရွေးစင်စီနီယာအသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး ယူအီးအက်ဖ်အေ ယူရို 2020 ပြိုင်ပွဲမှာ ဂျာမနီနိုင်ငံ့လက်ရွေးစင် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူ့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဥရောပကလပ်တော်တော်များများက စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပြီး ချဲလ်ဆီးအသင်းက သူ့ကို 2020 ခုနှစ် မှာပြောင်းရွှေ့ကြေး ယူရို 84 သန်း (ပေါင် 72 သန်း) နဲ့ ခေါ်ယူခဲ့ပြီး 2021 ခုနှစ်မှာ Romelu Lukaku (ရိုမီလူ လူကာကူ) ကို မခေါ်ယူခင်အထိ ချဲလ်ဆီးရဲ့ တန်ကြေးအကြီးဆုံး ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်ဖိုင်နယ်တွင် မန်စီးတီးအသင်းအားဂိုးသွင်းယူပြီး အောင်ပွဲခံနေစဉ် | Photo Credit:

        သို့သော်လည်း ကပ်ရောဂါဖြစ်ပွားနေချိန် ဒဏ်ရာနဲ့ ဖျားနာမှုများကိုခံစားနေရတဲ့ကြားက နေရာဒေသအသစ်မှာ ဘဝကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့ရတဲ့ Havertz အတွက်ကတော့ လွယ်ကူတဲ့ ဘဝလမ်းကြောင်းမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကစားသမားဘဝရဲ့ အခမ်းနားဆုံး အခိုက်အတန့်တွေနဲ့ အောင်မြင်မှုတွေ အားလုံးကို ဖြတ်သန်းနိုင်ဖို့အတွက် စိုးရိမ်မှုတွေကို ကျော်လွှားပြီးတာနဲ့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ တိုက်စစ်စွမ်းရည်ဟာ အသင်းအတွက် ကွင်းထဲမှာ ဆော့ကစားချိန် အရေးကြီးတဲ့အခန်းကဏ္ဍာမှာ ပါဝင်လာပါတော့တယ်။ 2020 ခုနှစ်မှာ Brighton & Hove Albion အသင်းနဲ့ ကစားခဲ့တဲ့ လိဂ်အဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို EFL Cup ရဲ့ တတိယမြောက်အလှည့် Barnsley (ဘန်စလေ) အသင်းကို 6 ဂိုး – 0 ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဘဝအစောပိုင်းမှာ ချဲလ်ဆီးအသင်းမှာ အမြဲတမ်းနီးပါး အဆင်သင့်ရှိနေပေမယ့်လည်း Covid-19 ကြောင့် ပွဲစဉ်တွေရပ်နားခဲ့ရပြီး ကြံ့ခိုင်မှုအပြည့်ပြန်ရဖို့ အတွက်လည်းထင်တာထက် အချိန်ပိုကြာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအတွက် သမိုင်းဝင်သွင်းဂိုးကို ချန်ပီယံလိဂ်ဖိုင်နယ်တွင် သွင်းယူလိုက်ချိန် | Photo Credit:

        ချဲလ်ဆီးအသင်းအတွက် Havertz ဟာ ချန်ပီယံလိဂ်၊ UEFA စူပါဖလား၊ 2021 FIFA Club World Cup အစရှိတဲ့ ဆုဖလားတွေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရသည့်ဂိုးကို သွင်းယူနိုင်ခဲ့ကာ UEFA Super Cup မှာ အသင်းဖော် Hakim Ziyech ကို သွင်းဂိုးများရအောင်လည်း ကူညီပံ့ပိုးပေးခဲ့ပါတယ်။ Havertz ရဲ့ အကြီးကျယ်ဆုံးသော အခိုက်အတန့်များထဲမှ တစ်ခုကို ဖော်ပြရရင် သူသည် ပြိုင်ဘက်ဂိုးသမားကို လှည့်ကာ လျင်မြန်တဲ့ဂိုးကို သွင်းယူနိုင်ခဲ့မှုကြောင့် ချဲလ်ဆီးအသင်းရဲ့ ဒုတိယမြောက် ဥရောပချန်ပီယံဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။ Havertz က ချန်ပီယံလိဂ် ဖိုင်နယ်နှင့် ဖီဖာကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်တို့မှာ သူ့ရဲ့ အမိုက်စား ပင်နယ်တီအပါအဝင် ဖိုင်နယ် ပွဲစဉ်၂ပွဲလုံးမှာ အနိုင်ဂိုးသွင်းယူပေးနိုင်တဲ့ သမိုင်းကြောင်းကို ဖန်တီးခဲ့ပြီး 2011 ခုနှစ်မှာ Barcelona (ဘာစီလိုနာ) အသင်းအတွက် Lionel Messi (လီယွန်နယ်မက်ဆီ) ကအလားတူ သွင်းယူနိုင်ခဲ့ပြီးနောက် Havertz က ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် 2022 ခုနှစ် မတ်လလယ်တွင် Newcastle (နယူးကာဆယ်) အသင်းနှင့်ပွဲစဉ်တွင် နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ်၃ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဂျာမနီနိုင်ငံလက်ရွေးစင်အသင်းတွင် ကစားနေစဉ် | Photo Credit:

        Havertz ရဲ့ ကစားဟန်ကို တခြားဘောလုံးကစားသမားကြီးတွေဖြစ်တဲ့ Mest Ozil၊ Michael Ballack၊ Tono Kroos၊ Thomas Muller အစရှိသော ဘောလုံးသမိုင်းမှာ ထိပ်ဆုံးနေရာတွေကိုရယူထားတဲ့ ကစားသမားကောင်းများနဲ့ နှိုင်းယှဉ်ခံထားရတာ ဖြစ်ပါတယ်။ Havetz ဟာ ကွင်းအတွင်းနေရာစုံမှ စွမ်းဆောင်နိုင်တဲ့ ကစားသမားဖြစ်ပြီး ထောင့်ကန်ဘောဖြတ်တင်ပေးချိန်မှာလဲ နေရာယူမှန်ကန်တဲ့အပြင် လျန်မြန်စွာပြေးလွှားနိုင်တဲ့ အရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်းတစ်ဦးအဖြစ် ချီးကျူးခံခဲ့ရပါသေးတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *