Menu

We are presenting sports news quickly and accurately to our audience.

Follow us

Kalidou Koulibaly

7 months ago 0 13

အသင်းအတွက်ပထမဆုံးသွင်းယူပြီးနောက် အောင်ပွဲခံနေသည့် K2 | Photo Credit:

2022 နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းထံ နာပိုလီအသင်းမှ 4နှစ်စာချုပ်သက်တမ်းဖြင့်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

နာမည်အပြည့်အစုံ –

မွေးရက် –

မွေးရပ် –                                

အရပ်အမြင့် –

ပထမဆုံးပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း –

ကာလီဒို ကူလီဘာလီ

၂၀.၀၆.၁၉၉၁ (၃၁နှစ်)

Saint-Dié-des-Vosges, ပြင်သစ်

၆ ပေ ၁ လက်မ (1.86 m)

၀၆.၀၈.၂၀၂၂

ဆီနီဂေါ

        ပရီးမီးယားလိဂ် ချယ်ဆီးအသင်းက ခေါ်ယူနိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်ကစားသမား Kalidou Koulibaly (ကာလီဒိုကူလီဘာလီ) ဟာ ကမ္ဘာ့အကောင်းဆုံးနဲ့ အပြည့်စုံဆုံး နောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု၊ အရှိန်အဟုန်နဲ့ ခံစစ်စွမ်းရည်တွေကြောင့် သူ့ရဲ့ပရိသတ်တွေက သူ့ကို “K2” နဲ့ “The Wall”ဆိုပြီး နာမည်ပြောင်များ ပေးထားကြတယ်လို့ သိရပါတယ်။ Koulibaly ဟာ ပြင်သစ်နိုင်ငံမှာမွေးဖွားခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ဆီနီဂေါလက်ရွေးစင်အသင်းတို့အတွက် ဗဟိုခံစစ်ကစားသမားအဖြစ် ကိုယ်စားပြုကစားဖို့အတွက် အရည်အချင်းပြည့်မှီတဲ့ ကစားသမားတစ်ဉီးဖြစ်ပါတယ်။ သူဟာ မွတ်စလင်တစ်ဦးဖြစ်ပြီး ပြင်သစ်၊ အင်္ဂလိပ်နှင့် အီတလီ အစရှိတဲ့ ဘာသာစကား သုံးမျိုးကို ပြောဆိုနိုင်ပါတယ်။

        Koulibaly ဟာ သူ့ရဲ့ ကစားသမားဘဝကို မွေးရပ်မြေမှ ဘောလုံးကလပ် SR Saint-Dié ရဲ့ လူငယ်အသင်းနဲ့ စတင်ခဲ့ပါတယ်။ သူဟာ Saintအသင်းမှာ ၂ရာသီကြာကစားခဲ့စဉ် Championnat de France Amateur 2တွင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဇူလိုင်လ 1 ရက်၊ 2009 ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ကလပ် Metzရဲ့ လူငယ်ပရိုဂရမ်မှာ ပါဝင်ခဲ့ပါတယ်။ Metz အသင်းမှာရှိနေစဉ်အတွင်း Koulibaly ဟာ 2009-10 Coupe Gambardella မှာ ကလပ်ရဲ့ U-19 အသင်းတွင်ကစားကာ Sochaux အသင်းကို အနိုင်ရရှိအောင် ပါဝင်ကူညီနိုင်ခဲ့တဲ့အပြင် Championnat de France Amateur မှာ နောက်ဆုံးရမှတ် 107 မှတ်ဖြင့် Metz က လိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အချိန် ကလပ်ရဲ့အကြီးတန်းအသင်းမှာ 15 ပွဲပါဝင်ကစားခဲ့တယ်လို့ သိရပါတယ်။  

ကူလီဘာလီ Metz တွင်ကစားခဲ့ချိန် | Photo Credit:

        2010-11 ဘောလုံးရာသီမစတင်မီ Koulibaly က သူ့ရဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို Metz အသင်းနဲ့ပဲ တစ်နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး မန်နေဂျာသစ် Dominique Bijotat က သူ့ကို စီနီယာအသင်းမှာ ကစားစေခဲ့ပါတယ်။ သူရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်ကို ဩဂုတ်လ 20 ရက်၊ 2010 မှာ Vannes အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ လိဂ်ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။နောက်ခံလူ Nuno Frechaut  အသင်းမှထွက်ခွာသွားပြီးနောက် Koulibaly ဟာ ကလပ်ရဲ့ စီနီယာအသင်းမှာ ပုံမှန်ကစားခွင့်ရခဲ့ပြီး 2010-11 ရာသီအတွင်းမှာ ပွဲပေါင်း 19 ပွဲကစားခဲ့ကာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

       Koulibaly က Metz အသင်းနဲ့ 3 နှစ် စာချုပ်သက်တမ်းတိုးခဲ့ပြီး 2014 ခုနှစ်အထိ အသင်းတွင် ဆက်လက်ရှိနေခဲ့သော်လည်း သူ့ရဲ့ နိုင်ငံ့အတွက် ကစားပေးခဲ့ရတာကြောင့် 2011-12 ရာသီရဲ့ ပထမဆုံးလိဂ်ပွဲငါးပွဲအား လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နောက်ဆက်တွဲ ဒဏ်ရာတွေကြောင့် 2011-12 ဘောလုံးရာသီရဲ့ ကျန်ရှိနေတဲ့ပွဲတွေကို အသင်းနဲ့အတူကစားနိုင်ရန် ကြန့်ကြာခဲ့ပေမဲ့ 2011-12 ရာသီအပြီးတွင် Koulibaly ဟာပြိုင်ပွဲပေါင်းစုံတွင် စုစုပေါင်း 23 ပွဲ ကစားပေးခဲ့ပါတယ်။

Genk တွင်ကစားခဲ့စဉ်က | Photo Credit: 

        ဇွန်လ 29 ရက်၊ 2012 ခုနှစ်မှာတော့ Koulibaly ဟာ လေးနှစ်စာချုပ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံမှ Genkအသင်းသို့ ရောက်ရှိလာခဲ့ပါတယ်။ Genk အသင်းဟာ Koulibaly ကိုခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ဘောလုံးကလပ်အများအပြားထဲမှ အင်အားကောင်းလွန်းတဲ့ Anderlecht ကလပ်ကိုကျော်လွန်ပြီး ခေါ်ယူနိုင်ခဲ့ပါတယ်။ အသင်းသစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဗဟိုခံစစ်မှူးအဖြစ် ကစားခဲ့ပါတယ်။ 2012 ခုနှစ် ဒီဇင်ဘာလ 23 ရက်နေ့ အိမ်ကွင်းမှာ Anderlecht အသင်းကို 4 ဂိုး – 2 ဂိုးဖြင့် ရှုံးနိမ့်ခဲ့ချိန် Koulibaly ဟာ သူ့ရဲ့အမှားအတွက် ပြင်ဆင်ရန် အသင်းအတွက်သူ့ရဲ့ ပထမဆုံးဂိုးကို  ခေါင်းတိုက်ဘောဖြင့် သွင်းယူပေးခဲ့ပါတယ်။ Koulibaly ဟာ 2012-13 ရာသီမကုန်မီတွင် ပွဲပေါင်း 46 ပွဲ ကစားခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

        2013 ခုနှစ် ဒီဇင်ဘာလ 8ရက်နေ့မှာ Lokeren အသင်းနဲ့ ယှဉ်ပြိုင်ကစားပြီး 2 – 0 ဖြင့် ရှုံးခဲ့သောပွဲမှာ Koulibalyဟာတွေ ဒူးဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာမှပြန်လည်သက်သာလာတဲ့အချိန် 2014 ခုနှစ် ဇန်နဝါရီ 19 ရက်နေ့မှာ Zulte Waregem အသင်းကို 1 ဂိုး – 0 ဂိုးဖြင့် ရှုံးခဲ့သောပွဲမှာ တစ်ပွဲလုံးကစားခဲ့ပါတယ်။ လက်ကျန်ကာလတွေမှာ Koulibaly က အသင်းရဲ့ကစားသမားစာရင်းတွင်ပါဝင်နေသေးသော်လည်း နာပိုလီသို့
ပြောင်းရွှေ့တော့မည့်အခြေအနေကြောင့် ရာသီရဲ့ နောက်ဆုံးလိဂ်ပွဲ 3 ပွဲမှာ ပါဝင်ကစားခဲ့ခြင်းမရှိတော့ပါဘူး။ ရာသီတစ်ခုလုံးကို ချုံငုံကြည့်ရင်တော့ Koulibaly က Genk အသင်းနဲ့အတူပြိုင်ပွဲအားလုံးမှာ ပွဲပေါင်း 46 ပွဲကစားပြီး 2 ဂိုးသွင်းယူပေးခဲ့ပါတယ်။

Photo Credit:

        2014 ခုနှစ် ဇူလိုင်လ 2 ရက်နေ့မှာ Koulibaly ဟာ စီးရီးအေကလပ် နာပိုလီအသင်းနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဩဂုတ်လ 19 ရက်နေ့မှာ UEFA Champions League ရှုံးထွက်အဆင့်ပွဲမှာ ပထမဆုံးပွဲဦးထွက်ကစားခဲ့ပါတယ်။ ရာသီအဖွင့်ပွဲစဉ်မှာ နာပိုလီက ဂျီနိုအာအသင်းကို 2 ဂိုး – 1 ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် Koulibaly က သူ့ရဲ့စီးရီးအေပွဲဦးထွက်ကို ပွဲချိန်ပြည့်ကစားခဲ့ပြီး စက်တင်ဘာလ 24 ရက်နေ့မှာတော့ ပါလာမိုအသင်းနဲ့ 3 ဂိုး – 3 ဂိုးသရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ရာသီအစမှစပြီး Koulibaly သည် ပွဲတိုင်းတွင် ပါဝင်ခဲ့သော်လည်း 2014 ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ Sampdoriaအသင်းကို 1ဂိုး – 1 ဂိုး သရေပွဲကျတဲ့ပွဲမှာတော့ ၂ဝါ ၁နီဖြင့် ထုတ်ပယ်ခံရတဲ့အထိ အသင်းအတွက် ဆော့ကစားပေးခဲ့ပါတယ်။ Koulibaly သည် နာပိုလီအသင်းနဲ့အတူ သူ့ရဲ့ ပထမဆုံးရာသီမှာ ပွဲပေါင်း ၃၉ ပွဲကစားခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နာပိုလီအသင်းတွင် ကစားခဲ့စဉ်က | Photo Credit:

        Koulibaly သည် 2015-16 ရာသီမတိုင်မီ ပရီးမီးယားလိဂ်အသင်း ဆောက်သမ်တန်သို့ ပြောင်းရွှေ့မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း နောက်ဆုံးတွင် သူဟာ နာပိုလီအသင်းမှာ ဆက်လက်ရှိနေခဲ့ပါတယ်။ နည်းပြ Maurizio Sarri လက်ထက်မှာ Koulibaly က နာပိုလီအတွက် မကြာခဏ ကစားခဲ့ရပြီး ပွဲအရေအတွက်များလာသည်နှင့်အမျှ အသင်းရဲ့ အောင်မြင်မှုအတွက် များစွာပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ 2015-16 ရာသီအတွင်း ပြိုင်ပွဲအားလုံးမှာ Koulibaly ဟာ 42 ပွဲ ကစားခဲ့ပြီး Maurizio Sarri ရဲ့ဦးဆောင်မှုအောက်မှာ Koulibaly က 2016-17 ရာသီမှာ အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ပထမဆုံးလိဂ်ပွဲ ခြောက်ပွဲမှာ လေးပွဲအနိုင်ရရှိခဲ့သည်အထိ အားကောင်းတဲ့ ပါဝင်ကူညီမှုမျိုး ပြုလုပ်ခဲ့ပါတယ်။

        2017-18 ရာသီမှာ နာပိုလီအသင်းရဲ့ ပထမဆုံး စီးရီးအေ 8 ပွဲဆက် အနိုင်ရရှိစေရန် အဓိက ပံ့ပိုးသူမှာ Koulibaly ဖြစ်ပြီး 2017 ခုနှစ် ဒီဇင်ဘာလ 16 ရက်နေ့မှ 2018 ခုနှစ်အတွင်း Koulibaly က နာပိုလီအသင်းအား လိဂ်ပြိုင်ပွဲမှာ ဆယ်ပွဲဆက်တိုက် အနိုင်ရရှိတဲ့စံချိန် ရရှိအောင် ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ 2016-17 ရာသီအပြီးမှာတော့ Koulibaly ဟာ ပွဲပေါင်း 38 ပွဲကစားထားပြီး ဂိုး 2 ဂိုးသွင်းနိုင်ခဲ့ပြီး 2017-18 ရာသီကတော့ Koulibaly အတွက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ရာသီဖြစ်ပြီး အသင်းနဲ့အတူ 45 ပွဲကစားပြီး ဂိုး 5 ဂိုးသွင်းနိုင်ခဲ့ပါတယ်။

နာပိုလီအသင်းတွင်အတူကစားခဲ့သည့် ဂျော်ဂျင်ညိုနှင့် ကူလီဘာလီ | Photo Credit:

        2018-19 ရာသီအစမှာ Koulibaly က နာပိုလီအသင်းအား လိဂ် 13 ပွဲတွင် 13 ပွဲလုံးအနိုင်ရရှိအောင် ကူညီပံ့ပိုးပေးခဲ့ပြီး လိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် အနိုင်ရရှိစေရန် ကူညီပေးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ ကက်ဂလီယာရီအသင်းကို 1 ဂိုး – 0 ဂိုး ဖြင့် အနိုင်ယူခဲ့တဲ့ပွဲမှာ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးခန့်အပ်ခြင်းခံရပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့ အင်တာမီလန်အသင်းကို 1 ဂိုး – 0 ဂိုး ဖြင့်ရှုံးနိမ့်ခဲ့သောပွဲမှာတော့ပြစ်ဒဏ်ကျူးလွန်မှု ဒိုင်လူကြီးအား လှောင်ပြောင်မှုဖြင့် အဝါကတ်နှစ်ကတ်ကို အလျင်အမြန်ရရှိခဲ့ပြီး  ထုတ်ပယ်ခံခဲ့ရပါတယ်။ အန်ဆယ်လော့တီရဲ့အဆိုအရ ထိုပွဲမှာ Koulibaly က အင်တာမီလန်အသင်းရဲ့ ပရိသတ်များထံမှ လူမျိုးရေးခွဲခြားမှု အော်ဟစ်ခြင်းကို အာရုံစိုက်ခဲ့ပြီး နာပိုလီအသင်းမှ ပြိုင်ပွဲကို ရပ်ဆိုင်းရန် သုံးကြိမ်တိုင်တိုင် တောင်းဆိုခဲ့ရတယ်လို့ သိရပါတယ်။ ဧပြီလ 12 ရက် 2019 ခုနှစ် ယူရိုပါလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်းနှင့် တွေ့ဆုံမှုအတွင်း Koulibaly ဟာ အာဆင်နယ်အသင်း ပရိသတ်တစ်ဦးထံမှ လူမျိုးရေးခွဲခြားစော်ကားမှုကို ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဒီလိုကိစ္စတွေကို ဘေးဖယ်ထားပြီး ချီယေဗိုအသင်းကို 3 ဂိုး – 1 ဂိုး ဖြင့်အနိုင်ရရှိပြီးနောက် နှစ်ရက်အကြာ 2019 ခုနှစ် ဧပြီလ 14 ရက်နေ့တွင် အသင်းအတွက် 2 ဂိုးသွင်းယူပေးခဲ့တဲ့အထိ သူ့ရဲ့ဘောလုံးလမ်းကြောင်းကိုသာ အာရုံထား ဆော့ကစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ Koulibaly ဟာ 2018-19 ရာသီအတွင်း ပထမဆုံး စီးရီးအေ ပွဲပေါင်း 48 ပွဲကစားခဲ့ကာ 2 ဂိုးသွင်းယူခဲ့ပြီး အကောင်းဆုံးနောက်ခံလူဆုကိုရရှိခဲ့ပါတယ်။ 2019-2020 ဘောလုံးရာသီအတွင်းမှာတော့ Koulibaly က  နာပိုလီအသင်းဟာ စီးပွားရေးဆန်တဲ့ ဆုံဖြတ်ချက်များ ပြုလုပ်ပါက အသင်းကနေ ထွက်ခွာမည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့လာချိန် | Photo Credit:

      2022 ခုနှစ် ဇူလိုင်လ 16 ရက်နေ့မှာတော့ Koulibaly ဟာ ပရီးမီးယားလိဂ်ကလပ်
ချဲလ်ဆီးအသင်းနဲ့ ခန့်မှန်းခြေ ပြောင်းရွှေ့ကြေး ပေါင် 33 သန်းဖြင့်လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ Koulibaly ဟာ ဆီနီဂေါအမျိုးသားအသင်းအတွက် ကစားရန် ဆုံးဖြတ်ခဲ့ပြီးနောက် 2015 ခုနှစ်မှာ သူ့ရဲ့ Lions of Terangaအတွက် ပွဲဦးထွက်ကို ကစားခဲ့ပြီး ယခုအချိန်ထိ 62 ပွဲ ကစားပေးထားတဲ့ အရည်အချင်းရှိခံစစ်မှူးတစ်ဦးဖြစ်ပါတယ်။ 2018 ကမ္ဘာ့ဖလားမှာ ဆီနီဂေါအသင်းဟာ ကံမကောင်းအကြောင်းမလှစွာနဲ့ ရှုံးနိမ့်ခဲ့ ပြီး အုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်ပေမယ့်လည်း Koulibaly ဟာ အုပ်စုအဆင့်မှာ 3 ပွဲစလုံး ပါဝင်ခဲ့ပါတယ်။ နောက်တစ်နှစ် AFCON ဗိုလ်လုပွဲအထိ Koulibalyဟာ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ Covid ကပ်ရောဂါကြောင့် Edou Mendy ကဲ့သို့ ပထမအုပ်စုပွဲနှစ်ပွဲကို လွဲချော်ခဲ့သော်လည်း ဆီနီဂေါအသင်းဟာ ရှုံးထွက်အဆင့်မှ ကျော်ဖြတ်ကာ ဗိုလ်လုပွဲတွင် အီဂျစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တဲ့အထိ ပြန်လည် ပါဝင်ကစားနိုင်ခဲ့ပါတယ်။ Koulibaly ရဲ့ ပင်နယ်တီကန်သွင်းမှုကြောင့် အပြောင်းအလဲဖြစ်စေခဲ့ပြီး ဆီနီဂေါနိုင်ငံရဲ့ ပထမဆုံးအကြိမ် အာဖရိကဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Koulibaly and Senegal won the 2021 Africa Cup of Nations | Photo Credit:

        Koulibaly က သူ့ရဲ့ ဘောလုံး ကျွမ်းကျင်မှု၊ ဘောလုံးအမြင်ရှိမှု၊ ဘောလုံးဖြန့်ဝေမှု၊ဖြတ်ထုတ်မှု၊ အကျင့်စရိုက်၊ နည်းစနစ်နှင့် နောက်ခံလူအဖြစ် passing skills များကြောင့်လူသိများပြီး ကစားသမားတစ်ဦး အနေဖြင့်လဲ အလုံးစုံ လိုက်လျောညီထွေရှိမှုတို့အတွက် အကဲခတ်သူများထံများမှလည်း ချီးကျူးဂုဏ်ပြုမှုများ ရရှိထားသော ကစားသမားတစ်ဉီးဖြစ်ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုကြောင့် သူဟာ ပုံမှန် ဗဟိုခံစစ် နေရာမှာဖြစ်ဖြစ်၊ ဘယ်ဘက်ဘက်ဖြစ်ဖြစ်၊ ညာဘက်ဖြစ်ဖြစ် မည်သည့်နေရာမဆို  နောက်တန်း သုံးယောက်ကစားကွက် အပြင် နောက်တန်း လေးယောက် ခံစစ်မှလဲ ပါဝင်ကစားနိုင်ပါတယ်။ ဆီနီဂေါအသင်းခေါင်းဆောင် Koulibaly ဟာ ကျင့်ဝတ်သိက္ခာရှိသော ခေါင်းဆောင်ဗီဇပါလာသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မိမိနိုင်ငံနှင့် နိုင်ငံတကာကလပ်အသင်းပြိုင်ပွဲများ နှစ်ခုစလုံးမှာ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ Koulibaly ဟာ လူမှုရေး တန်းတူညီမျှမှုကို ထောက်ခံသူဖြစ်ပြီး လူမျိုးရေးခွဲခြားမှုကို အပြင်းအထန် ရှုံ့ချတဲ့ပြည်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အလှူဒါနပြုရာမှာ ဆီနီဂေါနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ကလေးငယ်များကို သိသိသာသာ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပါသေးတယ်။ 

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *