
၀၈.၀၈.၂၀၁၈ တွင် Athletic Bilbao အသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။
နာမည်အပြည့်အစုံ –
မွေးရက် –
မွေးရပ် –
အရပ်အမြင့် –
ပထမဆုံးပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
ကီပါ အရီဇာဘာလာဂါ ရယ်ဘွယ်သာ
၀၃.၁၀.၁၉၉၄ (၂၈နှစ်)
Ondarroa, စပိန်
၆ ပေ ၁ လက်မ (1.89 m)
၁၁.၀၈.၂၀၁၈
စပိန်
Kepa Arrizabalaga Revuelta ဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းနဲ့ စပိန်နိုင်ငံလက်ရွေးစင်အသင်းတို့မှာ ကစားနေတဲ့ စပိန်ပရော်ဖက်ရှင်နယ် ဂိုးသမားတစ်ဦးဖြစ်ပါတယ်။
သူ့ရဲ့လိုက်လျောညီထွေရှိမှု၊ လျင်မြန်သွက်လက်မှု၊ ဘောလုံးပေးပို့မှုစွမ်းရည်နဲ့ လျင်မြန်စွာတုံ့ပြန်နိုင်မှုများကြောင့် Kepa ဟာ အလားအလာရှိတဲ့ လူငယ်ကစားသမားဖြစ်သလို ဥရောပရှိ အရည်အချင်းအရှိဆုံး လူငယ်ဂိုးသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူဟာ Athletic Bilbao ရဲ့ ပထမ ဂိုးသမား ဖြစ်လာကတည်းက သူ့ရဲ့ ကစားပုံ၊ ကစားနည်းဟန်ပန်တွေက တစ်ဖြည်းဖြည်းတိုးတက်လာတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
Kepa ဟာ Athletic Bilbaoအသင်းရဲ့ လူငယ်အစီအစဉ်မှာ ကိုးနှစ်အရွယ်ကတည်းက စတင်ပါဝင်ခဲ့တာပါ။ ဒါ့အပြင် စတုတ္ထတန်း feeder club Basconia မှာအတွေ့အကြုံများရရှိပြီးနောက် Bilbao ရဲ့ B-team မှာ ပုံမှန်ကစားခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်နိုင်မှုစွမ်းရည်အတွက် နိုင်ငံတကာစင်မြင့်ပေါ်မှာ အသိအမှတ်ပြုမှုရရှိခဲ့ပါတယ်။

2015 ခုနှစ် ဇန်နဝါရီလမှာ Kepa အား စပိန်လာလီဂါရဲ့ Segunda División မှ SD Ponferradina သို့ အငှားချခဲ့ပြီး Racing Santander အသင်းနဲ့ ပွဲဦးထွက် ရင်ဆိုင်ကစားအပြီးမှာ ပုံမှန်ပွဲထွက်ခွင့်နဲ့ Clean Sheet ခုနစ်ကြိမ် မှတ်တမ်းကောင်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ နောက်ရာသီမှာတော့ ဘီဘာအိုသို့ မပြန်ပဲ ရီးရဲလ်ဗယ်လာဒိုလစ်အသင်းထံ 2016-17 ရာသီအတွက်အငှားဖြင့် သွားရောက်ကစားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့လက်စွမ်းတွေကိုမြှင့်တင်နိုင်ခဲ့ပြီး လန်ဒန်ကိုမပြောင်းခင် Kepa ဟာ ကလပ်အသင်းတွင်းရော အပြင်မှာပါ ချီးကျူးမှုတွေရရှိခဲ့ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပုံမှန်ပြသနိုင်ခဲ့တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် လာလီဂါမှာ တတိယမြောက် ဂိုးပေါက်ကာကွယ်မှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အဝေးဘော ကာကွယ်မှု (368) ကြိမ် အောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့အပြင် သူဖမ်းခဲ့ရတဲ့ ပင်နယ်တီသုံးကြိမ်မှာလည်း နှစ်ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့ပါတယ်။

Kepa join Chelsea in 2018 with the highest transfer fee as the most expensive goalkeeper | Getty Images
Kepa ဟာ 2018 ခုနှစ် သြဂုတ်လ 8 ရက်နေ့မှာ Athletic Bilbao အသင်းမှ Chelsea အသင်းသို့ 7နှစ်စာချုပ်ဖြင့်ရောက်ရှိလာခဲ့ပြီး သူရဲ့ ပွဲဦးထွက်ရာသီမှာ ချဲလ်ဆီးအသင်းဟာ ယူရိုပါလိဂ်ဖိုင်နယ်တွင် အာဆင်နယ်အသင်းကို အနိုင်ယူပြီး ဆုဖလားတစ်ခုနှင့်အတူ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲပေါင်းစုံမှာ Kepa ဟာ ပရီးမီးယားလိဂ် ၃၆ ပွဲအပါအဝင် ပြိုင်ပွဲစုံ 54 ပွဲ ပါဝင်ကစားခဲ့ပြီး စုစုပေါင်း Clean Sheet 23 ကြိမ်ထိ ထိန်းသိမ်းထားနိုင်ကာ အင်္ဂလိပ်ဘောလုံးလောကရဲ့ ကစားဟန်နှင့်အညီ လျင်မြန်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့သူဖြစ်ပါတယ်။ 2018-19 ရာသီရဲ့ ပထမရာသီဝက်တလျှောက်လုံးမှာ သူဟာ ပရီးမီးယားလိဂ်မှာ Clean Sheet ကိုးကြိမ် ရရှိခဲ့ပါတယ်။
ရာသီကုန်ခါနီးချိန် Kepa ရဲ့ ထူးခြားသောစွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်မှာ တတိယနေရာရရှိဖို့ ချဲလ်ဆီးအသင်းအတွက် အလွန်အရေးပါခဲ့ပါတယ်။ ဒါပေမယ့် Kepa နဲ့ Chelsea တို့ဟာ ဖရန့်လမ်းပတ်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေချိန်မှာတော့ ဆုဖလားတွေ မရယူနိုင်ခဲ့တာကြောင့် သူ့အတွက်ကော အသင်းအတွက်ပါ စိတ်ပျက်စရာ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ Kepa ဟာ ရာသီတစ်ခုလုံးမှာ ပုံစံကောင်းတွေရရှိဖို့ ရုန်းကန်ခဲ့ရပြီး 2020 ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းမှာတော့ Willy Caballero ရဲ့အရံသာဖြစ်ခဲ့ပြီး လိဂ်ပွဲ 4 ပွဲနဲ့ ချန်ပီယံလိဂ်ပွဲတစ်ပွဲအတွက် လူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။

သို့သော်လည်း မန်နေဂျာအသစ် Thomas Tuchel ရဲ့ လမ်းညွှန်မှုဟာ Kepa ရဲ့အခြေအနေများကို ပြောင်းလဲစေနိုင်ခဲ့ပါတယ်။ ၈ပွဲ ကစားအပြီး Clean Sheet ၅ပွဲအထိ ပြန်လည်ရရှိခဲ့ပါတယ်။ ယခင်မန်နေဂျာရဲ့ စီမံခန့်ခွဲမှုအောက်ထက်စာရင် Tuchel ရဲ့ခေါင်းဆောင်မှုအောက်မှာ Kepa ရဲ့ ဂိုးပေါက်ကာကွယ်နိုင်စွမ်းဟာ 89.4% အထိရှိခဲ့ပြီး 2021/22 ရာသီအစမှာ သူဟာ Mendy ရဲ့အရံအနေဖြင့်သာ ရှိနေသော်လည်း အရေးကြီးသော ပင်နယ်တီကာကွယ်မှုများပြုလုပ်ပြီး အသင်းအတွက် ပံ့ပိုးပေးနိုင်ဆဲဖြစ်ခဲ့ပါတယ်။

Kepa ရဲ့ နိုင်ငံတကာကစားသမားဘဝကတော့ Kepa ဟာ Athletic Bilbao အသင်းမှာ လက်စွမ်းပြ ကစားနိုင်ခဲ့တာကြောင့် စပိန်နိုင်ငံ့လက်ရွေးစင်အသင်းမှာ ပွဲဦးထွက်ကစားခဲ့ရပါတယ်။ စပိန် ယူ-၁၈ အသင်းအတွက် ကစားပေးပြီးနောက် Kepa ဟာ 2012 ခုနှစ် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ယူ-၁၉ အသင်း လူစာရင်းမှာ ပါဝင်ခဲ့သော်လည်း ဒဏ်ရာကြောင့် 2013 FIFA U-20 ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ ထို့နောက် Kepa ဟာ ရုရှားနိုင်ငံမှာကျင်းပမယ့် 2018 FIFA ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်နိုင်ငံရဲ့ နိုင်ငံ့လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့ပြီး 2019 ခုနှစ်မှာ သူဟာ စပိန်နိုင်ငံအတွက် ပွဲထွက်ခွင့်ရ ဂိုးသမားဖြစ်လာခဲ့ပါတယ်။
1 Comment