Menu

We are presenting sports news quickly and accurately to our audience.

Follow us

Kyle Macaulay

6 months ago 0 33

        Kyle Macaulayဟာ ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ကစားသမားအသစ်စုဆောင်းရေးပညာရှင်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ Macaulay ဟာ Stirlingတက္ကသိုလ်မှ ဘွဲ့ရပြီးနောက် Ostersunds FK ဘောလုံးအသင်း၌ နည်းပြဂရေဟမ်ပေါ်တာ့ လက်အောက်တွင် ကစားကွက်သုံးသပ်သူအဖြစ် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၈ခုနှစ် ဂျွန်လမှာ ဆွမ်ဆီးစီးတီးအသင်းထံ ပေါ်တာပြောင်းရွှေ့ချိန်မှာ လိုက်ပါလာခဲ့ပြီး ယခင်ရာထူးအတိုင်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဆွမ်ဆီးစီးတီးအသင်းတွင် အောင်မြင်သည့် ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ပြီး အသင်းဟာလဲ FAဖလား ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သည်။

       ထို့နောက် ဂရေဟမ်ပေါ်တာဟာ ၂၀၁၉ခုနှစ် မေလတွင် ဘရိုက်တန်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် Macaulay အပြင် အခြားနည်းပြအဖွဲ့ဝင်များပါ ပေါ်တာနှင့်အတူ လိုက်ပါလာခဲ့ကြသည်။ ၂၀၂၂ခုနှစ် စက်တင်ဘာ ၈ရက်နေ့မှာ ချဲလ်ဆီးအသင်းက နည်းပြကြီးသောမတ်စ်တူခယ်လ် နေရာမှာ ဂရေဟမ်ပေါ်တာအား အစားထိုးခန့်အပ်ချိန်မှာလည်း ချဲလ်ဆီးအသင်းထံ လိုက်ပါပြောင်းရွှေ့ခဲ့ကြသည်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *