Menu

We are presenting sports news quickly and accurately to our audience.

Follow us

Man City Vs Chelsea Press-Conference

5 months ago 0 54

လက်ရှိအခြေအနေတွေကိုကြိုမတွေးခဲ့ဘူးလားဆိုတဲ့မေးခွန်းအပေါ်

“ဒီအလုပ်ကိုစတင်လက်ခံပြီး စိန်ခေါ်မှုကိုရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ကတည်းက အချို့အချိန်တွေမှာ ဒီလိုမျိုးကြုံရမှာကို ကြိုမမျှော်လင့်ခဲ့ဘူးဆိုရင် ကျွန်တော်လိမ်ပြောရာကျသွားမှာပါ။ လမ်းကြမ်းကို လျှောက်လှမ်းနေရတဲ့ အချိန်တွေလဲ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကြုံလာရရင် လက်ခံပြီး ရင်ဆိုင်ဖြေရှင်းရပါမယ်။”

 

“ရလဒ်တွေကောင်းမွန်နေတုန်းကလဲ ကျွန်တော်တို့ တိုးတက်မှုရှိဖို့ လိုအပ်တဲ့အရာလေးတွေ ရှိနေသေးတယ်လို့ အရိုးသားဆုံးပြောခဲ့ဖူးပါတယ်။ ကစားကွက် အချိတ်အဆက်မိမှုအပိုင်းမှာ အများကြီး တိုးတက်လာနိုင်ပါသေးတယ်။ ဒါက စိတ်လှုပ်ရှားဖွယ် စိန်ခေါ်မှုပါပဲ။”

photo#crd

“ကျွန်တော်တို့ ဟာမန်စီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူတိုကလဲ အစွမ်းကုန်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့လဲ ယှဉ်ပြိုင်နိုင်စွမ်းရှိနေဖို့လိုပါတယ်။ အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့ အသန်မာဆုံး ဖြစ်နေဖို့လိုပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး အသင်းကိုပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ ပွဲစဉ်ကိုအနိုင်ရရှိဖို့ သွားရောက်ကြိုးစားကြမှာပါ။”

“ခုအချိန်ဟာ ခက်ခဲတဲ့ကာလတစ်ခု ဖြစ်ခဲ့ရပါတယ်။ အပြောင်းအလဲတွေ၊ မျက်နှာစိမ်းတွေနဲ့ ကြုံတွေနေရပြီး ဒါတွေအကုန်လုံးနဲ့အသားကျဖို့၊ ကစားကွက်အသစ်တွေ စသည်ဖြင့် အဖြစ်အပျက်တွေလဲ အများကြီးဖြစ်ပျက်နေပါတယ်။ ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်။ ကျွန်တော်တို့ ထိပ်တန်းအသင်းအဖွဲ့ကို မွေးထုတ်ပေးဖို့ ရောက်လာခဲ့ကြတာပါ။ ကျွန်တော်တိုမှာ ရှေ့ဆက်ရမယ့် စိတ်လှုပ်ရှားစရာ ခရီးလမ်းအရှည်ကြီး ရှိနေပါသေးတယ်။”

ခရစ်စမတ်မတိုင်ခင်Carabao Cup Fourth Roundကစားရမည့်အပေါ်

“ကျွန်တော်တို့အားလုံး အဲ့ဒီအခြေအနေကို သိရှိထားပြီးသားပါ။ ပွဲစဉ်တွေကစားရမယ့်အချိန် ရောက်ရှိလာရင်လဲ ကမ္ဘာ့ဖလားပွဲအပြီး ပြန်လည်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အသုံးချလို့ရပါတယ်။ “

ကိုဗာချစ်ရဲ့အခြေအနေအပေါ်

“သူက ကမ္ဘာ့ဖလားပွဲအတွက် ကစားဖို့အဆင်ပြေပါတယ်။ ရာနှုန်းပြည့် ကြံခိုင်မှုမရှိသေးပေမယ့် ကစားလို့အဆင်မပြေနေတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ဒူးဒဏ်ရာကို သက်သာအောင် သေချာစီမံပေးထားပါတယ်။” 

“ဟတ်ချင်ဆန်နဲ့ လူးဝစ်ဟောတို့ကို စီနီယာအသင်းဆီ ခေါ်ထားပါတယ်။ သူတို့က အထင်ကြီးစရာကောင်းပြီး ကျွန်တော်တို့မှာ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားလေးတွေ ရှိနေပါသေးတယ်။ သူတို့ကအသင်းမှာ ရှိနေမှာဖြစ်ပြီး အခွင့်အရေးတွေလဲ ရရှိမှာဖြစ်ပါတယ်။ “

 
photo#crd

ကတ်ပါ့ရဲ့အခြေအနေအပေါ်

“ခုထိ ကစားလို့မရသေးပါဘူး။ ကမ္ဘာ့ဖလားအတွက်တော့ စောင့်ကြည့်ရမှာပါ။ သူပြန်သက်သာလာဖို့ တစ်ရက်ပြီးတစ်ရက် ကြိုးစားနေပါတယ်။ သူကနာကျင်မှုကို ခံစားနေရပါတယ်။ အခြေအနေတွေက အပေါင်းလက္ခဏာ သိပ်ဆောင်မနေသေးပါဘူး။”

ဂျိမ်းစ့်ရဲ့အခြေအနေအပေါ်

“သူ့ရဲ့ တုန့်ပြန်မှု ပြုလုပ်ပုံတွေကို တွေးနေတာပါ။ ကျွန်တော်တို့ကတော့ မလောချင်ပါဘူး။ ဒဏ်ရာပြသနာအပေါ်မှာ အချိန်သတ်မှတ်ချက်ကြီးနဲ့ ဘယ်အချိန်ပြန်ကောင်းရမယ်ဆိုပြီး မသတ်မှတ်ချင်ပါဘူး။ ဆရာဝန်တွေနဲ့ သမားတော်တွေကလဲ သူ့အတွက်ဒီအတိုင်းပဲ ပြောခဲ့ကြပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *