
ချဲလ်ဆီးအသင်းနှင့် စာချုပ်ချုပ်ဆိုစဉ်က | Photo Credit:
မာကပ်စ် ဘက်တီနယ်လီ သည် ချဲလ်ဆီးအသင်းထံ ၂၈.၀၇.၂၀၂၁ တွင်ရောက်ရှိလာခဲ့သည်။
နာမည်အပြည့်အစုံ –
မွေးရက် –
မွေးရပ် –
အရပ်အမြင့် –
ပထမဆုံးပွဲထွက်ခွင့်ရသည့်နေ့ –
မာကပ်စ် ဘက်တီနယ်လီ
၂၄.၀၅.၁၉၉၂ (၃၀နှစ်)
လန်ဒန်၊ အင်္ဂလန်
၆ ပေ ၄ လက်မ (1.93 m)
၀၈.၀၁.၂၀၂၂
Marcus Bettinelli ဟာ အင်္ဂလန် ပရော်ဖက်ရှင်နယ် ဘောလုံး ကစားသမား တစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးအသင်းအတွက် ဂိုးသမားအဖြစ် ကစားနေသူဖြစ်ပါတယ်။ အီတလီလူမျိုးဖြစ်တဲ့ Bettinelli ရဲ့ ဖခင်ဖြစ်သူ Vic Bettinelli ဟာ ဖူလ်ဟမ်အကယ်ဒမီ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ Willy Caballero ထွက်ခွာသွားပြီးနောက်၊ ပရီးမီးယားလိဂ်ရှိ ချဲလ်ဆီးအသင်းဟာ Bettinelli ကို နှစ်နှစ်စာချုပ်ဖြင့် 2021 ခုနှစ် ဇူလိုင်လ 28 ရက်နေ့မှာ ခေါ်ယူခဲ့ပါတယ်။ 2022 ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှာ ချဲလ်ဆီးအသင်းအတွက် ပွဲဉီးထွက်ပွဲစဉ်အဖြစ် အက်ဖ်အေဖလားတတိယအကျော့မှာ နေရှင်နယ်လိဂ်အသင်း ချက်စတာဖီးကို 5 ဂိုး -1 ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့ပါတယ်။
အသက် 14 နှစ်မှာ Bettinelli ဟာ ဖူလ်ဟမ်အသင်းမှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းက ချန်ပီယံရှစ်သို့ ဆင်းကန်ခဲ့ရတဲ့ 2014-15 ရာသီအစမှာ Bettinelli ဟာ သူ့ရဲ့ ကလပ်အသင်းပွဲဦးထွက် ကစားခဲ့ရပြီး မကစားရသေးခင်ကာလများမှာ လေ့ကျင့်မှုများမှတစ်ဆင့် လက်စွမ်းတဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ အဆိုပါအချိန်မတိုင်မီကတော့ Bettinelli ဟာ Conference Premier အသင်း Dartford နဲ့ League Two ကလပ် Accrington Stanley တို့မှာ အငှားသွားရောက်ကစားခဲ့ပြီး စီနီယာဂိုးသမားအဖြစ် ဘောလုံးအတွေ့အကြုံရယူကာ Crown Ground ရဲ့ တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

ဒေးဗစ်စတော့ဒေးလ် ထွက်ခွာသွားသောအခါ 2014 ခုနှစ် နွေရာသီမှာ Bettinelli ဟာ Cottage သို့ပြန်လာပြီး ဖူလ်ဟမ်အသင်းရဲ့ ပထမဦးစားပေးဂိုးသမားအဖြစ် ရပ်တည်ခဲ့ပြီး ပြိုင်ပွဲပေါင်းစုံမှာ 45 ပွဲ ပါဝင်ကစားခဲ့ပါတယ်။ Bettinelli ဟာ 2015-16 ရာသီမှာ ကလပ်ရဲ့ထိပ်တန်းကစားသမားအဖြစ် စတင်ခဲ့သော်လည်း ရာသီရဲ့ တတိယမြောက်ပွဲမှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီး 7လကြာ ပွဲစဉ်များကို စိတ်မကောင်းစွာ လွဲချော်ခဲ့ပါတယ်။ မတ်လမှာ တစ်ကျော့ပြန်ဝင်ရောက်ခဲ့ပြီး လက်ကျန်ရာသီရဲ့ လက်ကျန် ကိုးပွဲမှာ ဂိုးပေါက်ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့သော်လည်း ဖူလ်ဟမ်အသင်းရဲ့ တန်းတက်နိုင်ရန်အခွင့်အရေးများမှာ မှေးမှိန်နေဆဲဖြစ်ခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းရဲ့ ပထမရွေးချယ်မှု ဂိုးသမားအဖြစ် နေရာရပြီးနောက် Bettinelliဟာ 2014 ခုနှစ်မှာ အင်္ဂလန် ယူ-21 အသင်းမှ ပထမဆုံး ခေါ်ယူမှုဖြင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် 2018-19 ရာသီရဲ့ ပထမဆုံး နိုင်ငံတကာပွဲကာလအတွင်း 2018 ခုနှစ် စက်တင်ဘာလမှာ စပိန်နိုင်ငံအသင်းနဲ့ ဆွစ်ဇာလန်နိုင်ငံအသင်းတို့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ အင်္ဂလန် စီနီယာအသင်းထံသို့ ဆင့်ခေါ်ခံခဲ့ရပါတယ်။