Menu

We are presenting sports news quickly and accurately to our audience.

Follow us

Mateo Kovacic

9 months ago 0 38
Mateo won UEFA Champion League with Chelsea FC | Photo Credit:

၂၀၁၈ခုနစ်မှာ အငှားလာရောက်ကစားခဲ့ပေမဲ့ ၂၀၁၉ခုနှစ်မှာတော့ ရီးရဲမက်ဒရစ်အသင်းကနေ ချဲလ်ဆီးအသင်းကို မက်တီယို ဟာ အပြီးသတ်ပြောင်းရွှေ့လာခဲ့ပါတယ်။

နာမည်အပြည့်အစုံ –

မွေးနေ့ –

မွေးရပ် –

အရပ်အမြင့် –

ပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း – 

မက်တီယို ကိုဗာချစ်

၀၆.၀၅.၁၉၉၄ (၂၈နှစ်)

Linz, Austria

၅ ပေ ၉ လက်မ (1.77 m)

၁၈.၀၈.၂၀၁၈

ခရိုရေးရှား

        ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ Mateo Kovacic ကို မသိတဲ့သူမရှိသလောက်ရှားမှာပါ။ Mateo Kovacic က ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်ဝင်ရောက်မှုမှာ ကျွမ်းကျင်မှုနဲ့အတူ လျင်မြန်သောပေါင်းစပ်မှုများကြောင့် အလွန်နာမည်ကြီးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းရဲ့လိုအပ်တဲ့အချိန်တိုင်း ‘ကွင်းလယ်ခံစစ်’ နှင့် ‘ကွင်းလယ်တိုက်စစ်’ နေရာတွေမှာလည်း မည်သည့်အချိန်မဆို ကစားနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုမျိုး အဘက်ဘက်က ထူးချွန်နေတဲ့ကစားသမားက 1994 ခုနှစ်တွင် သြစတြီးယားနိုင်ငံ၊ Linz မြို့မှာမွေးဖွားခဲ့တဲ့ ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်ပြီး အဓိကအားဖြင့် ခရိုအေးရှား၊ အင်္ဂလိပ်၊ စပိန်၊ ဂျာမန်နှင့် အီတလီ စတဲ့ဘာသာစကား ငါးမျိုးကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်သူဖြစ်ပါတယ်။

Mateo played for Dinamo Zagreb | Photo Credit:

        Kovacic ရဲ့ ဆယ်ကျော်သက် ငယ်ရွယ်နုပျိုတဲ့အချိန်တွေက Dinamo Zagreb (ဒိုင်နာမို ဇာဂရိဘ်) အသင်းရဲ့အကယ်ဒမီအသင်းကနေ စတင်ခဲ့ပါတယ်။ အသက် ၁၆နှစ်ခန့်မှာ စီနီယာအသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး ခရိုအေးရှားပြည်တွင်းလိဂ်ပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာကာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ သူ့ရဲ့ စီနီယာအသင်းအတွက် ပွဲဦီးထွက်ရာသီကို Dinamoအသင်းမှာပဲ ဆော့ကစားခဲ့ပြီး လိဂ်ဖလားရရှိခဲ့သည်အထိ ကစားပွဲ 7 ပွဲကျော် ကစားခဲ့တယ်လို့ သိရပါတယ်။ အသက် 17 နှစ်မှာတော့ Dinamo ရဲ့စီနီယာအသင်းမှာ နှစ်နှစ်ခွဲကြာကစားခဲ့ပြီး Kovacic ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယအသက်အငယ်ဆုံး  ကစားသမားဖြစ်လာခဲ့ပါတယ်။

       

        Kovacic ရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ 2012 ခုနှစ် အောက်တိုဘာလမှာ ဥရောပဘက်မှ ဘောလုံးကစားသမားတွေထဲမှ လူငယ်ကစားသမားတစ်ဦးအား ရွေးချယ်ပေးအပ်လေ့ရှိတဲ့ ‘Golden Boy’ ဆုအတွက် အမည်စာရင်းတင်သွင်းခြင်းခံခဲ့ရပါတယ်။ အဆိုပါဆုဟာ အားကစား ဂျာနယ်လစ်များက အထင်ကြီးစရာအကောင်းဆုံးဟု ထင်မြင်ယူဆကြရလောက်တဲ့အထိ လက်သစ်ကစားသမားများအတွက် ကြီးကျယ်ခမ်းနားတဲ့ ဆုတစ်ခုပဲဖြစ်ပါတယ်။ Dinamo အသင်းမှာ Kovacic ကစားပေးနေစဉ်အတွင်း ပြည်တွင်းလိဂ်ဖလား နှစ်ကြိမ်ရရှိခဲ့ပါတယ်။၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ Dinamo မှ အင်တာမီလန်အသင်းထံသို့ ထွက်ခွာပြီးနောက် Kovacic က အသင်းသစ်နှင့် လေ့ကျင့်မှုများပြုလုပ်ကာ အံ့အားသင့်ဖွယ် ကစားပွဲများမှာ  ၂နှစ်ခန့်ဆက်တိုက်ပါဝင်ကစားနေခဲ့စဉ်မှာပဲ ခြေကျင်းဝတ်ဒဏ်ရာ၊ ဒူးနှင့် ကြွက်သား အစရှိတဲ့ ဒဏ်ရာပြသနာတွေလည်း ရှိခဲ့ပါတယ်။ 2015 ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး သုံးနှစ်အတွင်း ချန်ပီယံလိဂ်အပါအဝင် ပြင်းထန်သော ကစားပွဲများ ပွဲပေါင်း 100 ကျော် ကစားပေးခဲ့တယ်လို့ သိရပါတယ်။ Kovacic က 2017-18 ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် 6 ပွဲ ပါဝင်ကစားပေးခဲ့ပြီး အဆိုပါရာသီမှာ ရီးရဲလ်မက်ဒရစ်က ၎င်းတို့၏ ၃နှစ်ဆက်တိုက်ဖြစ်တဲ့13 ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

Mateo won UEFA Eurpa League | Photo Credit:

        သူ့အသက်အရွယ်နှင့်အပြိုင် Kovacic ၏ကျော်ကြားမှုကတော့ တဖြည်းဖြည်း ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာပါတော့တယ်။ ရီးရဲလ်မက်ဒရစ်မှာ သုံးနှစ်ခန့် ကစားခဲ့ပြီးနောက် 2019 ခုနှစ် ဇူလိုင်လ 1 ရက်နေ့မှာ ချဲလ်ဆီးအသင်းထံ အပြီးသတ်ပြောင်းရွှေ့လာခဲ့ပါတယ်။ အသင်းတွင် သူရဲ့ ဒုတိယရာသီ ပထမနှစ်ဝက်အတွင်းမှာ အပြင်းစားလေ့ကျင့်မှုတွေကို အသင်းဖော်များနဲ့အတူ လေ့ကျင့်ခဲ့တာကြောင့် သူရဲ့ ကစားပုံကစားနည်း၊ စွမ်းဆောင်ရည်နဲ့ ဘောလုံးသမားတစ်ဦးမှာရှိရန် လိုအပ်သော အခြားစွမ်းရည်များကိုပါ တိုးတက်စေခဲ့ပါတယ်။ ချဲလ်ဆီး အသင်းမှာ Kovacic ရဲ့ ပွဲဦးထွက်ကစားပွဲကတော့ ဩဂုတ်လ 18 ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြတဲ့ အိမ်ကွင်းမှာ အာဆင်နယ်အသင်းကို 3ဂိုး-2ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့တာပဲဖြစ်ပါတယ်။

        ကံမကောင်းစွာဖြင့်  2020 ခုနှစ်မှာတော့ COVID-19 ကူးစက်ရောဂါကြောင့် ပြိုင်ပွဲနှင့် လေ့ကျင့်ရေးအားလုံးကို ခေတ္တရပ်ထားရပြီး ကစားသမားများကိုလည်း ရောဂါအခြေအနေ စိုးရွားမှုကြောင့် အိမ်မှာပဲနေဖို့အထိ ပြောကြားခဲ့ရပါတယ်။ ဒါပေမယ့် Kovacic နဲ့ တခြားကစားသမားတွေက 2019-20 ရာသီတစ်လျှောက် ပိုမိုကောင်းမွန်သောရလဒ်ရရှိဖို့အတွက် သူတို့ရဲ့ ပုံသဏ္ဍာန်၊ လေ့ကျင့်မှုနှင့် ကစားပုံများကို လက်မလျှော့ပဲ ကြိုးစားလေ့ကျင့်နေခဲ့ပါတယ်။ 2021-2022 ရာသီမတိုင်မီမှာ Kovacic က လေ့ကျင့်ရေးမှ ဒဏ်ရာထပ်မံရရှိခဲ့ပြီး ဒီဇင်ဘာလအစောပိုင်းတွင် ပြန်လည်ကောင်းမွန်လာသောအခါတွင် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ 

        ရောဂါသက်သာပြီး ပြန်လည်ဆော့ကစားနိုင်ချိန်မှာတော့ လီပါပူးအသင်းနှင့် သရေကျခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် ပထမဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် အဖိုးတန်သော ဂိုးတွေ အဆက်မပြတ် သွင်းနိုင်ခဲ့ပြီး လီပါပူးအသင်းနှင့် တွေ့ဆုံစဉ်က သွင်းယူခဲ့တဲ့ဂိုးကြောင့် ချဲလ်ဆီးရဲ့ ရာသီအတွင်း အကောင်းဆုံးဂိုးနှင့် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးသွင်းဂိုးဆုတို့ကို ရရှိခဲ့ပါသေးတယ်။ ရက်အနည်းငယ်အကြာမှာတော့ ချက်စတာဖီးကို 5-1 ဖြင့်အနိုင်ရသော FA Cupပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ချဲလ်ဆီးအသင်းရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

Mateo's goal won Chelsea's Goal of the Season | Photo Credit:

        အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ လာမယ့်နွေရာသီမှာ ခေါ်ယူချင်နေတဲ့ ကစားသမားစာရင်းရှည်တွေ ရှိနေပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အားဖြည့်ဆော့ကစားနိုင်တဲ့ Kovacic က အဆိုပါစာရင်းရဲ့ ထိပ်ဆုံးကပါဝင်နေတယ်လို့ သိရပါတယ်။ Kovacic က 2013 ခုနှစ်မှာ အင်တာမီလန်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး သုံးရက်အကြာမှာ ပွဲဦးထွက်ပွဲစဉ်ကို ဆော့ကစားခဲ့ပါတယ်။ အင်တာမီလန်အသင်းနဲ့ အတူရှိစဉ်ကာလအတွင်းမှာ အံ့သြဖွယ်ကောင်းသောဂိုးများ သွင်းယူခဲ့ပေးနိုင်ပြီး ကြီးမားသောအကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ Kovacic က ဘောလုံးကစားတဲ့နေရာမှာပဲ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူ မဟုတ်ပါဘူး။ 2017 ခုနှစ်မှာ အချိန်အတော်ကြာ ချစ်ကြိုက်ခဲ့တဲ့ ချစ်သူ Izabel Andrijanić နဲ့ လက်ထပ်ခဲ့ပြီး 2020 ခုနှစ် အောက်တိုဘာလမှာ သူတို့ရဲ့ ပထမဆုံးရင်သွေးဖြစ်တဲ့ သားဦးလေး “Ivan” ကို မွေးဖွားခဲ့ပါတယ်။

 
Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *