“ပွဲစကတည်းက ရူဘင်ကို လူစားလဲလိုက်ရလို့ အစမကောင်းခဲ့ပါဘူး။ ဒုတိယပိုင်းမှာလဲ ကွီတာဟာ ဘောလုံးတွေဖြတ်ထုတ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ သိသာတဲ့အမှားတွေလဲ အများကြီးရှိခဲ့ပါတယ်။ တစ်ပွဲလုံးယှဉ်ကစားနိုင်မယ့် အရည်အချင်းတွေရှိခဲ့ပေမယ့် အနည်းငယ်သာကြာလိုက်ပါတယ်။”
“နယူးကာဆယ်အသင်းဟာ ယုံကြည်မှုအပြည့်ရှိပြီး အသင်းတွေရဲ့ ပွဲချိန်စာရင်းကိုကြည့်ရုံနဲ့ ကွာခြားချက်ကိုသိနိုင်ပါတယ်။ ဒုတိယပိုင်းမှာ ကော်နာရဲ့ကြိုးစားအားထုတ်မှုကြောင့် အခွင့်အရေးအနည်းငယ် ပြန်လည်ရရှိခဲ့ပေမယ့် သူတို့က ဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။”
“သူတို့က အရမ်းလှုပ်ရှားကစားနေနိုင်တာကြောင့် ဒုတိယပိုင်းမှာ လူစားလဲဖို့လိုအပ်ခဲ့ပါတယ်။ ကွင်းလယ်မှာ လူတစ်ယောက်ထပ်လိုအပ်ခဲ့လို့ ကစားကွက်ကို ကောင်းကောင်းမွန်မွန်ပဲ အပြောင်းအလဲပြူလုပ်နိုင်ခဲ့ပါတယ်။ အကုန်လုံးက ပွဲပန်းနေကြတာကြောင့် ၁-၀ ရလဒ်ကို ရရှိခဲ့ရပါတယ်။ “
“ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်မှာ လိုအပ်တဲ့သွင်းဂိုးတွေ ရရှိနိုင်မယ့် အရည်အချင်းတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ကျွန်တော်တို့ ဘယ်အရာနဲ့မဆို ထိုက်တန်ကြောင်း ပြောနိုင်ဖို့လုပ်ပြရမယ့်အရာတွေ လိုအပ်နေပါသေးတယ်။ တစ်ကယ်တင်းမာတဲ့ ညတစ်ညဖြစ်ခဲ့ပြီး အခွင့်အရေးလဲ အများကြီးမရရှိခဲ့ပါဘူး။”
“လှုပ်ရှားမှုကောင်းတဲ့ နယူးကာဆယ်အသင်းကို ချီးကျူးပါတယ်။ သူတို့အိမ်ကွင်းဟာ လာရောက်ယှဉ်ပြိုင်ကစားဖို့ ခက်ခဲတဲ့နေရာပါ။ ကျွန်တော်တို့အတွက်တော့ အခြေအနေမကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ ပြန်လည်အားဖြည့်ဖို့ အနားယူပြီးတော့ ပြန်လာခဲ့ပါမယ်။ “
ကမ္ဘာ့ဖလားပွဲရပ်နားအချိန်အတွင်းဘာတွေလုပ်ဆောင်မလဲဆိုတဲ့အပေါ်
“ကျွန်တော်တို့လူအများကြီးတော့ ရှိမှာမဟုတ်ပါဘူး။ အများစုက နိုင်ငံအသင်းအတွက် သွားရောက်ကစားကြမှာဖြစ်ပြီး ကျန်ရှိနေတဲ့ကစားသမားတွေကတော့ ရှေ့ဆက်နိုင်ဖို့အတွက် လေ့ကျင့်ကြမှာပါ။ ကျွန်တော်တို့အတွက် ခက်ခဲတဲ့အချိန်ကာလတစ်ခု ရှိခဲ့ပြီး အကောင်းတွေကော၊ အဆိုးတွေကော ကြုံတွေ့ခဲ့ရပါတယ်။”
“တစ်ခါတစ်လေ ကျွန်တော်တို့ ရုန်းကန်နေရတယ်ဆိုတာကို လက်ခံဖို့လိုပါတယ်။ ဒါမှ ပြန်လည်ဖွဲ့စည်းပြီးတော့ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ ရာသီရဲ့ ဒုတိယပိုင်းကျန်ရှိနေသေးပြီး ရှေဆက်ရမယ့် ခရီးရှည်ကြီးကျန်ရှိနေပါသေးတယ်။ “