Menu

We are presenting sports news quickly and accurately to our audience.

Follow us

Newcastle Vs Chelsea Press-Conference

5 months ago 0 48

“ရိစ့်က သူကမ္ဘာ့ဖလားမှာ ပါဝင်ဖို့နီးစပ်နိုင်လို့တွေးပြီး တတ်နိုင်သမျှကြိုးစားခဲ့ပါတယ်။ အဆုံးသတ်မှာတော့ အနည်းငယ်လိုသွားခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး ရိစ့်ရဲ့ အလိုမကျစိတ်ပျက်မှုကို နားလည်နိုင်ပါတယ်။ “

ကမ္ဘာ့ဖလားပွဲကာလမှာပြုလုပ်မည့်အစီအစဉ်များ

“အနည်းငယ်အနားယူပြီး ပွင့်လင်းရာသီလေ့ကျင့်ရေးအစီအစဉ်အတွက် ပြန်လည်စုစည်းမှာဖြစ်ပါတယ်။ ပြီးရင်တော့ ပြန်လည်စတင်ရန် ပြင်ဆင်ဖို့ ကစားပွဲအချို့ကစားမှာဖြစ်ပါတယ်။”

World Cup break ကိုချဲလ်ဆီးအသင်းအတွက်ဘယ်လိုအသုံးချမလဲဆိုတဲ့အပေါ်

“ကျွန်တော်တို့ ဒီအချိန်ကာလကို မျှော်လင့်နေပါတယ်။ ဒီကာလကို အကျိုးရှိအောင် အသုံးချဖို့လိုပါတယ်။ ဘာဖြစ်ဖြစ် မနက်ဖြန်မှာတော့ နယူးကာဆယ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒါပြီးရင်တော့ လူတွေသိမ်းထားရပါတော့မယ်။ ဒီအားလပ်ချိန်ကို ပြန်လည်သုံးသပ်ပြီး ပိုမိုမာကျောတောင့်တင်းတဲ့ နည်းလမ်းနဲ့ ပြန်လာနိုင်ဖို့အတွက် အသုံးပြုမှာပါ။”

World Cup Breakကို နိုင်ပွဲနဲ့စတင်နိုင်မလားဆိုတဲ့အပေါ်

“ဒါကြောင့် ကျွန်တော်တို့ အနိုင်ရရှိဖို့ ကြိုးစားလုပ်နေကြတာပါ။ နယူးကာဆယ်က ကျွန်တော်တို့ကို အနိုင်ရအောင် ကြိုးစားမယ်ဆိုတာလဲ သိပါတယ်။ ဒီပွဲစဉ်ဟာ ခက်ခဲတဲ့ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ အကောင်းဆုံးကြိုးစားသွားမှာပါ။”

“ဝုဖ်နဲ့ပွဲစဉ်မတိုင်ခင် မီလန်နဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ အဓိက ကစားသမား ရိစ့်ဂျိမ်းနာသွားခဲ့ပြီး ရလဒ်ကတော့ အသင်းရဲ့ တည်ငြိမ်မှု ပျောက်ဆုံးခဲ့ရပါတယ်။ ဆက်တိုက်ဆိုသလို ဖိုဖာနာကော ကန်တေပါ ဒဏ်ရာပြသနာတွေရှိခဲ့ပါတယ်။”

“ဆဲလ်ဘတ်နဲ့ပွဲစဉ်မှာတော့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ရလဒ်ကောင်းရရှိခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲစဉ်မှာတော့ မိနစ်၂၀လောက်ထိအဖိခံခဲ့ရပြီး အဲ့ဒီပွဲစဉ်ဟာ အထိနာစေခဲ့ပါတယ်။ “

“ကျွန်တော်တို့မှာရှိတဲ့ ကစားသမားတွေဆီကနေ အများကြီး ဖြစ်လာနိုင်တာတွေ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ကန်တေ၊ ချေးဝဲလ်၊ ဂျိမ်းစ်၊ ဖိုဖာနာတို့က ဒဏ်ရာရရှိနေကြပြီး အချို့အဓိကကစားသမားတွေကလဲ အခုနှစ်မှ အစားထိုးခေါ်ယူထားခဲ့တာပါ။ သူတို့သာပြန်လာနိုင်ရင် ကျွန်တော်တို့မှာရှိတဲ့လူစာရင်းနဲ့ ပိုကောင်းအောင်လုပ်နိုင်တယ်လို့ စဉ်းစားမိပါတယ်။ ဒါကကျွန်တော် အာရုံစိုက်နေတဲ့ အချက်ပါပဲ။”

နယူးကာဆယ်အသင်းအပေါ်

“သူတို့က သူတို့နဲ့ထိုက်တန်တဲ့ ရလဒ်ကောင်းတွေကို ရယူထားနိုင်ပါတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံအရ ယုံကြည်မှုရှိကြပြီး အရှိန်အဟုန်လဲ ကောင်းနေကြပါတယ်။”

“ကျွန်တော်တို့မှာ ပြန်သုံးသပ်ပြင်ဆင်ဖို့ အချိန်ရမယ်ဆိုရင် အနည်းငယ်တော့လိုအပ်ပါတယ်။ ကမ္ဘာ့ဖလားအတွက် ပွဲရက်နားချိန်ကြောင့် ကျွန်တော်တို့မှာအချိန်ရှိလာပါပြီ။ ဒါမျိုးကိုမှအသုံးမချနိုင်ရင် ကျွန်တော့်တုံးအရာကျသွားမှာပါ။”

ရူဘင်နဲ့ချာလိုဘာတို့ကမ္ဘာ့ဖလားမှာမပါဝင်ခဲ့တဲ့အပေါ်

“ဒီတွက်ပြောစရာ အများကြီးတော့မရှိပါဘူး။ သူတို့နှစ်ယောက်လုံးက တိုးတက်နေကြဆဲ အခြေအနေပါ။ မလွယ်ကူတဲ့ ဆုံးဖြတ်ချက်အတွက် သူတို့နားလည်ကြပြီး လေးစားမှုရှိကြပါတယ်။ ဒါဟာ ဘဝပါပဲဆိုတာ သူတို့လက်ခံကြပါတယ်။”

နားရက်အတွင်းပိုင်ရှင်တွေနဲ့စကားပြောဖြစ်မလားဆိုတဲ့အပေါ်

“ဟုတ်ကဲ့၊ ကျွန်တော်တို့ သေချာပေါက်ပြောဖြစ်ကြမှာပါ။ မဟုတ်ရင်တောင် ကျွန်တော်တို့ ပုံမှန်ဆွေးနွေးဖြစ်ကြပါတယ်။ တစ်ခါတစ်လေ တွေးတောပြီး လေ့လာဆန်းစစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့ တိုးတက်မှုရှိအောင် ဘာတွေလုပ်ရမလဲဆိုတာကို သေချာပေါက် စဉ်းစားဖို့လိုပါတယ်။”

ဂယ်လက်ဂါ ကမ္ဘာ့ဖလားမှာပါဝင်နိုင်ခဲ့တဲ့အပေါ်

“ကော်နာ့အတွက် ကောင်းပါတယ်။ သူ အတွေ့အကြုံကောင်းတစ်ခု ရတော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူကအလုပ်ကြိုးစားပြီးတော့ အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ပါ။”

“သူ့အတွက် ဂုဏ်သိက္ခာတစ်ခုဖြစ်ပြီး အကုန်လုံးကလဲ ဝမ်းသာပေးကြပါတယ်။ ကလပ်ကနေ အဌားထွက်ကစားခဲ့ပြီး ဒီအခြေအနေအထိရောက်ရှိလာတဲ့ သူ့ရဲ့ ဇာတ်လမ်းလေးကတော့ ကောင်းမွန်နေပါပြီ။”

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *