Menu

We are presenting sports news quickly and accurately to our audience.

Follow us

Pierre-Emerick Aubameyang

7 months ago 0 17
Aubameyang signed with West London | Photo Credit:

၂၀၂၂ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဘာစီလိုနာအသင်းကနေ ချဲလ်ဆီးအသင်းဆီ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။

နာမည်အပြည့်အစုံ –

မွေးနေ့ –

မွေးရပ် –

အရပ်အမြင့် –

ပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း – 

ပီယာဟမ်မာရစ် အီမီယာနို ဖှုန်ဆွာ အူဘာမီယန်

၁၈.၀၆.၁၉၈၉ (၃၃နှစ်)

Laval, ပြင်သစ်

၆ ပေ ၁ လက်မ (1.86m)

၀၆.၀၉.၂၀၂၂

ဂါဘွန်

        Pierre-Emerick Aubameyang ဟာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းအတွက် ကစားပေးနေတဲ့ ပရော်ဖက်ရှင်နယ်တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့  ကိုယ့်အသင်း ဘောလုံးဆုံးရှုံးသွားချိန် လှုပ်ရှားမှုတွေ ပြုလုပ်ခြင်း၊ အရှိန်အဟုန်ရှိခြင်း နဲ့ အဆုံးသတ်သေချာမှုတွေကြောင့် အသိအမှတ်ပြုခံရတဲ့အပြင် Gabonနိုင်ငံအသင်းအတွက် ကစားခဲ့စဉ်ကာလတစ်လျှောက်လုံး ဦးဆောင်ဂိုးသွင်းသူ နိုင်ငံ့လက်ရွေးစင်တစ်ဦးဖြစ်ခဲ့ဖူးသူပါ။ ဒါ့အပြင် Aubameyang ဟာ Borussia Dortmundအသင်းတွင် လေးနှစ်ခွဲကြာ ကစားခဲ့ပြီး Thomas Tuchel ရဲ့ နည်းပြမှုအောက်မှာကစားခဲ့စဉ် Die Schwarzgelben အသင်းကို အနိုင်ယူပြီး DFB Pokal ပြည်တွင်းဖလား ရရှိအောင် ဦးဆောင်နိုင်ခဲ့တာကြောင့် ဥရောပဘောလုံးလောကမှာ နာမည်ရခဲ့တာကို လူတိုင်းအသိပါ။

Young Auba played for AC Milan | Photo Credit:

        Pierre-Emerick ဟာ အီတလီကလပ် AC Milan အသင်းမှာ စတင်ကစားစဉ်ကပင်သူ့ကိုယ်သူ  အတော်အတန် နာမည်ရအောင်လုပ်နိုင်ခဲ့တဲ့အပြင် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ပထမအကြိမ် လူငယ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့်၄မှာ ရပ်တည်နိုင်ခဲ့တဲ့အသင်းမှာ ပါဝင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ဘောလုံးကင်းထောက်များရဲ့  မျက်စိကျခြင်းကို ခံခဲ့ရပါတယ်။ သို့သော် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံရှိ ဘောလုံးကလပ်တွေမှာ အငှားချခံခဲ့ရပြီး AC Milan အသင်းမှာ စီနီယာကစားသမားတစ်ယောက်အနေနဲ့ ပွဲထွက်ခွင့်မရရှိခဲ့ပါဘူး။

         2011 ခုနှစ်မှာတော့ Saint-Étienne သို့ပြောင်းရွှေ့ခဲ့ပြီး Coupe de la Ligue ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် 2013 ခုနှစ်မှာတော့ Borussia Dortmund အသင်းသို့ပြောင်းရွေ့ခဲ့ပါတယ်။ Germany မှာလည်း Aubameyang ဟာ 2016-17 ရာသီအတွင်းလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမား စာရင်းထဲတွင်ပါဝင်ခဲ့ပြီး DFB-Pokalဖလားကို အိမ်ကွင်းမှာရယူနိုင်ခဲ့တဲ့အပြင် ကလပ်ရဲ့ သတ္တမမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

        Aubameyang ဟာ 2018 ခုနှစ်မှာ အာဆင်နယ်အသင်းက ပေါင် 56 သန်း (ယူရိုသန်း 60) ဖြင့် ခေါ်ယူခဲ့ပြီး ဂါဘွန်နိုင်ငံသားကစားသမားတွေအထဲမှာမှ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ဂါဘွန်ကစားသမားဖြစ်လာခဲ့ပါတယ်။ 2018-19 ရာသီကို အာဆင်နယ်အသင်းအတွက် ကစားပေးရင်း လိဂ်ပြိုင်ပွဲရဲ့ ပူးတွဲဂိုးသွင်းအများဆုံးကစားသမားအဖြစ် အဆုံးသတ်ခဲ့ပြီး FA ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

        2022 ခုနှစ်မှာ Aubameyang က အာဆင်နယ်အသင်းနဲ့ နှစ်ဦးနှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး Barcelona အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း 100 (ပေါင် 83.4သန်း) ဖြင့် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ 2022 ခုနှစ် စက်တင်ဘာလ နွေရာသီ အပြောင်းအရွှေ့ကာလမှာ Pierre-Emerick Aubameyang ဟာ ပြောင်းရွှေ့ကြေး ယူရို 12 သန်း (ပေါင် 10.3 သန်း) ဖြင့်၂နှစ်စာချုပ် ချုပ်ဆိုကာ Barcelona အသင်းမှ ချဲလ်ဆီးအသင်းသို့ ရောက်ရှိလာပြီး ပရီးမီးယားလိဂ်ထံ တစ်ဖန်ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။   

Aubameyang transferred to Chelsea FC | Photo Credit:

        Aubameyang ဟာ စပိန်နိုင်ငံသားခံယူထားတာကြောင့် စပိန်နိုင်ငံကို ကိုယ်စားပြုကစားရန် အရည်အချင်းပြည့်မှီခဲ့သူ တစ်ယောက်ပါ။ သူဟာ စပိန်နိုင်ငံအသင်းနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့ပြီး Barcelona ကိုမပြောင်းရွေ့ခင်ကတည်းက လာလီဂါမှာ ကစားချင်ကြောင်း ဖော်ပြခဲ့ဖူးပေမယ့် သူ့အဖေ ဉီးဆောင်နေတဲ့ Gabon နိုင်ငံအသင်းမှာသာ ကစားဖို့ရွေးချယ်ခဲ့ပါတယ်။ Aubameyang ဟာ 2012 Africa Cup of Nations ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည့် Gabon လက်ရွေးစင်အသင်းရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စုစုပေါင်း ၃ ဂိုး သွင်းယူကာ ဂိုးသွင်းအများဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ် ပြိုင်ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

Auba represented for Gabon National Team | Photo Credit:

        ထို့အပြင် လန်ဒန်မှာကျင်းပတဲ့ 2012 နွေရာသီအိုလံပစ်ပွဲမှာ Gabonနိုင်ငံကိုယ်စားပြု အသင်းမှာ ပါဝင်ခဲ့ပြီး 2015 ခုနှစ်မှာ Burkina Faso အသင်းကို 2ဂိုး – 0ဂိုး ဖြင့် အနိုင်ရရှိခဲ့သော ပြိုင်ပွဲမှာ အဖွင့်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုမျိုး အရည်အချင်းနဲ့ စွမ်းဆောင်နိုင်မှုတွေကြောင့် ဂိုး 30သွင်းယူနိုင်ခဲ့ကာ Gabon အသင်းရဲ့  အချိန်ကာလတစ်လျှောက်လုံး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ Aubameyang ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ Gabon အသင်းရဲ့ အဖွင့်ပွဲစဉ်မတိုင်မီ 2022 ခုနှစ် ဇန်နဝါရီလ 6 ရက်နေ့မှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့အပြင် နှလုံးမှာပြဿနာရှိကြောင်း သိရှိပြီးနောက် ရက်အနည်းငယ်အကြာတွင် အင်္ဂလန်နိုင်ငံမှာ ဆေးစစ်မှုခံယူရန် ပြိုင်ပွဲမှနုတ်ထွက်ခဲ့ပါတော့တယ်။ 2022 ခုနှစ် မေလ 18 ရက်နေ့မှာတော့ Aubameyang ဟာ နိုင်ငံတကာဘောလုံးလောကမှ အနားယူကြောင်းကြေငြာခဲ့ပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *