Menu

We are presenting sports news quickly and accurately to our audience.

Follow us

ပူလီစစ်ခြေစွမ်း၊ လူငယ်ကစားသမားများအခွင့်အရေးပေးရတဲ့အကြောင်းနှင့် ဘရန်ဖို့ထ်ပွဲပြီးပြောစကားများ

5 months ago 1 503
Share
Share
Tweet

        “ကျွန်တော်တို့ အနိုင်မရရှိတဲ့အချိန်ဆိုရင် အမြဲစိတ်ပျက်ရပါတယ်။ သရေတစ်မှတ်ကတော့ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးအများကြီး ရရှိခဲ့ပြီးတော့ ပွဲပြီးခါနီးမှာလဲ ဖိကစားနိုင်ခဲ့ပါတယ်။ တစ်ကယ် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲပါ။ ပွဲစဉ်အချိန်ဇယားတွေအရလဲ လွယ်တော့မလွယ်ကူပါဘူး။ ဒါပေမယ့် အစွမ်းကုန်ကြိုးစားပေးသွားလို့ ကောင်လေးတွေအတွက် ဂုဏ်ယူမိပါတယ်။ “

နောက်ထပ် ဂိုးမပေးရတဲ့ ပွဲစဉ်အပေါ်

        “ဒီလိုပွဲမျိုးက အမှတ်တွေရရှိမယ့် အခွင့်အရေးတွေ ပေးပါတယ်။ ပထမပိုင်းမှာ ပိုကောင်းကောင်း ကစားချင်ခဲ့ပေမယ့် ပြိုင်ဘက်တွေကလဲ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ရှင်သန်နိုင်မယ့် အခိုက်အတန့်လေးတွေအတွက် တော်တော်လေး တောင့်ခံနိုင်ခဲ့ပါတယ်။ ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ အမှတ်ပါ။”

        “ကျွန်တော်တို့ ရှေ့ဆက်ကြိုးစားရမှာဖြစ်ပြီး အနားယူဖို့အချိန်မရှိပါဘူး။ နောက်ဆုံး ပရီးမီးယားလိဂ် ၂ပွဲမှာ ၄မှတ်ရယူနိုင်ခဲ့တာ အဆိုးကြီးတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ အနိုင်လိုချင်ခဲ့ပေမယ့် ပြိုင်ဘက်တွေကလဲ ခေသူတွေမဟုတ်ခဲ့ပါဘူး။ ဒီအမှတ်လေးတွေပဲရယူပြီး စနေနေ့မှာ ထပ်ယှဉ်ပြိုင်ရပါမယ်။ “

ကော်နာဂယ်လက်ဂါရဲ့ အခြေအနေ

        “ကော်နာက ဖျားချင်သလို ခံစားနေခဲ့ရတာပါ။ ပထမပိုင်း ၁၅မိနစ်လောက်အထိ သူမဟုတ်သလိုပဲ ဖြစ်နေတာကို တွေ့ကြမှာပါ။ ရက်ပိုင်းအတွင်း သက်သာသွားဖို့ မျှော်လင့်မိပါတယ်။”

ချူကွာမေးကားနှင့် ပူလီစစ်အပေါ် အမြင်

        “သူက ဘောလုံးကို အဝေးကြီးဆွဲပြေးသွားနိုင်တဲ့ စွမ်းအင်အများကြီး ပြည့်ဝနေတဲ့ကောင်လေးပါ။ သူကော ပူလီဆစ်ကော ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ လူငယ်ကစားသမားလေး ဆိုပေမယ့် သူ့မှာ စိတ်လှုပ်ရှားဖွယ် ဘောလုံးဖြန့်ဝေနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့အလားအလာရှိတဲ့ အခြေအနေအထိ ရောက်ရှိအောင် ကူညီပေးဖို့ပဲလိုပါတယ်။ “

ဘရော်ယာအပေါ် ပေါ်တာ့အမြင်

        “သူဘာကောင်လဲဆိုတာကို သိနိုင်မယ့် လှုပ်ရှားမှု ၂ခု/၃ခုလောက်ကို ပထမပိုင်းမှာ လုပ်ပြသွားတာကို မြင်ခဲ့ရပါတယ်။ ဘရန်းဖို့ထ်ရဲ့ အမြင့်ဘောဆော့ကစားဟန်တွေကြောင့် အာမန်ဒိုကို သုံးလို့ရမယ်လို့တွေးခဲ့မိပါတယ်။ သူ့ရဲ့ပထမဆုံး ပွဲစဉ်မှာ အဆင်ပြေအောင် ကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး ပွဲစဉ်ဖြစ်တာကြောင့် မိနစ်၆၀လောက် ကစားစေတာဟာ လုံလောက်ပြီလို့ တွေးမိလို့ လူစားလဲခဲ့တာပါ။”

ကွင်းထဲမှာ သွင်းဂိုတွေပိုမို လိုအပ်တဲ့အပေါ်

        “ကျွန်တော်က အမြဲတမ်း ကစားသမားတစ်ယောက်ထက် တစ်သင်းလုံးရဲ့အခြေအနေကို ပိုကြည့်ဖြစ်ပါတယ်။ ကျွန်တော်က တိုက်စစ်ကို ပိုအားသန်ပေမယ့် ဘရန်းဖို့ထ်လိုအသင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ မလွယ်ကူခဲ့ပါဘူး။ ကိုင်ကော မေဆန်ကော ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အဲ့နေရာတွေမှာ ပိုပြီးတိုးတက်လာနိုင်ပါသေးတယ်။ “

1 Comment

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *