Menu

We are presenting sports news quickly and accurately to our audience.

Follow us

ဖူဟမ်အသင်းနှင့်ပွဲသရေရလဒ်အပေါ်ပေါ်တာပြောကြားချက်

2 months ago 0 43
ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းစတန်းဖို့ထ်ဘရစ်မှာ ဖူဟမ်အသင်းကို သရေရလဒ်သာ ထွက်ပေါ်အောင်ကစားနိုင်ခဲ့ကြပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ပွဲတပွဲဖြစ်ကြောင်းနှင့် တိုးတက်ဖို့လိုအပ်သေးကြောင်းကို နည်းပြပေါ်တာကပြောပြသွားပါတယ်။

Image

“အမှတ်တွေရရှိအောင် ဂိုးသွင်းဖို့လိုအပ်ပေမယ့် ကျွန်တော်တို့မလုပ်နိုင်ခဲ့ပါဘူး။ ချုံပြောရရင်တော့ ကျေနပ်မှုမရှိတဲ့ (၁)မှတ်ကိုပဲ ရရှိခဲ့ပါတယ်။ ကောင်းတဲ့အရာလေးတွေကတော့ ကျွန်တော်တို့ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေရဲ့ အစပျိုးမှုကို ခင်ဗျားတို့ တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် စိတ်ပျက်စရာ ခြေလှမ်းတစ်လှမ်းဖြစ်ခဲ့ပေမယ့် တိုးတက်လာဖို့ရှိပါသေးတယ်။”

Image

မူဒရစ်အပေါ် ပေါ်တာ့အမြင်
 
“မူဒရစ်က အရမ်းအအေးမိထားပါတယ်။ ဒီတစ်ပတ်အတွင်းမှာတင် အအေးဒဏ်ကိုတော်တော်ခံထားရတာပါ။ ပထမပိုင်းမှာတင် ခြေထောက်တွေလေးလံလာသလိုခံစားမိခဲ့ပါတယ်။ အဲ့ဒါကြောင့်သူ့ကို အရဲစွန့်မသုံးရဲခဲ့ပါဘူး။ သူ့အစားမာဒရီကေးလူစားဝင်လာပြီး ကောင်းကောင်းကစားပြသွားနိုင်ပါတယ်။ ဒါကကျွန်တော်တို့အတွက် ကောင်းတဲ့လက္ခဏာပါပဲ။”

Image

အန်ဇိုဖာနန်ဒက်အပေါ် ပေါ်တာ့အမြင်
 
“သူ့အတွက် ပထမဆုံးကစားရတဲ့ပွဲစဉ်အနေနဲ့တော့ အပေါင်းလက္ခဏာဆောင်ပါတယ်။ ခင်ဗျားတို့သူ့ရဲ့အရည်အချင်းကိုလဲ မြင်မိမှာပါ။ အတိုချုပ်ပြောရရင် သူဒီကိုရောက်တာ ရက်အနည်းပဲရှိသေးပြီး အသင်းနဲ့သူ့လိုကစားနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဓိကအချက်က သူကစားနိုင်သလောက် ကစားပေးခဲ့ပြီး သူ့ရဲ့အရည်အချင်းတွေကို ခံစားခွင့်ရတာ ကျွန်တော်တို့အတွက် အပိုဆုပါပဲ။”
အူဘာမီယန်းကို UCL လူစာရင်းမှထုတ်ပယ်ခဲ့တဲ့အပေါ်
 
“သူဘာအမှားမှ ကျူးလွန်မထားပါဘူး။ ဒီအတိုင်း အခါအခွင့်မသင့် ဖြစ်သွားရုံပါပဲ။ သူ့ရဲ့နေရာအတွက် လက်ကျန်ရာသီတစ်ခုလုံး တိုက်ပွဲဝင်နေအုန်းမှာပါ။”

Image

“ကျွန်တော်တို့မှာ တောင့်တင်းတဲ့ကစားသမားအုပ်စုလိုက်ကြီးရှိတယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့ အစေးကပ်အောင်လုပ်ပြီး အရမ်းကောင်းတဲ့အသင်းကြီး ဖြစ်လာဖို့ရှိပါတယ်။ ဒါက ကျွန်တော်တို့ ဘယ်လိုအလုပ် လုပ်ကြမလဲဆိုတာပါပဲ။
 
“အတူပူးပေါင်းဆောင်ရွက်နိုင်ဖို့က အရေးကြီးပါတယ်။ ကစားသမားတွေ ဒဏ်ရာရရှိသွားတဲ့အခါ လေ့ကျင့်ရေးကွင်းထဲလဲ သူတို့မလာနိုင်ကြတော့ပါဘူး။ ခုကျွန်တော်တို့မှာ ကစားသမားအသစ်တွေရှိနေပါပြီ။ ဒါကြောင့်အရေးကြီးတာက အတွေးအခေါ်တွေ ထိုးဖောက်နိုင်ဖို့နဲ့ အဖွဲ့နဲ့အတူ ပူပေါင်းဆောင်ရွက်တတ်ဖို့ပဲ ဖြစ်ပါတယ်။”

Image

“တစ်ခါတစ်လေမှာ သင်ဟာအကုန်လုံးအတွက် ကြည့်ပေးဖို့လိုပါတယ်။ လူငယ်ကစားသမားလေးတွေကို ညှပ်ညှပ်အသုံးပြုခြင်းကလဲ ကျွန်တော်တို့အတွက် တိုးတက်မှုရှိစေပါတယ်။ ကစားသမားအသစ်တွေအတွက်လဲ နိုင်ငံအသစ်၊ လိဂ်အသစ်မှာလာရောက်ကစားရတဲ့အတွက် အသားကျဖို့လိုပါတယ်။ ဒါကြောင့် အမြဲတန်းလမ်းခရီးဖြောင့်ဖြူးနေဖို့တော့ မလွယ်ပါဘူး။”

ဂရေဟမ် ပေါ်တာ (ဖူဟမ်အသင်းနှင့်ပွဲပြီးပြောစကားများ)

All photos are credit to Chelsea FC.

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *