Menu

We are presenting sports news quickly and accurately to our audience.

Follow us

ပွဲပြီးခါနီးအမှတ်ခွဲပေးလိုက်ရတာစိတ်ပျက်စရာပါ | မန်ယူအသင်းနှင့်ပွဲမှ ပွဲပြီးပြောစကား

5 months ago 0 91
Share
Share
Tweet

        “ကျွန်တော့် ကောင်လေးတွေက ကစားပွဲထဲမှာ အပေါင်းလက္ခဏာဆောင်နိုင်မယ့် ကြိုးစားအားထုတ်မှုတွေ အများကြီးလုပ်နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ မိနစ်၃၀လောက်အထိ ကျွန်တော်တို့ထက်ပိုကောင်းနေခဲ့ပြီးနောက် ကျွန်တော်တို့ ပြန်လည်တုံ့ပြန်မှု လုပ်လိုက်နိုင်တယ်လို့ ခံစားရပါတယ်။”

        “ကျွန်တော်တို့ ဂိုးရရှိပြီးတဲ့အချိန်မှာ ကစားပွဲကလဲ ဂိုးဧရိယာထဲမှာတောင် ထိန်းချုပ်ကစားနိုင်ဖို့ ခက်ခဲခဲ့တာကြောင့် အမှတ်တွေသိမ်းပိုက်ကာ ဖုန်ခါပြီး အင်္ဂါနေ့ပွဲစဉ်အတွက် ပြင်ဆင်ဖို့ပဲ တွေးခဲ့မိပါတယ်။ ကျွန်တော်ဒီမှာ မတ်တပ်ရပ်ပြီး အနိုင်ရသင့်တာ ကျွန်တော်တို့ပါလို့ မပြောနိုင်ပါဘူး။ နှစ်သင်းလုံး ၁ဂိုးစီနဲ့ ၁မှတ်စီခွဲယူလိုက်တာ မှန်ကန်တယ်လို့ထင်ပါတယ်။”

        “ကတ်စမဲရိုးရဲ့ ခေါင်းတိုက်ဂိုးဟာလဲ ကောင်းမွန်ခဲ့ပြီး ကတ်ပါကတော့ ကံဆိုးသွားခဲ့ရပါတယ်။ ကျွန်တော်တို့ရခါနီးမှ ၂မှတ်ကိုဆုံးရှုံးခဲ့ရလို့ စိတ်ပျက်မိတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ အပေါင်းလက္ခ ဏာဆောင်တဲ့ စကားတွေပဲပြောသင့်ပေမယ့် တိုးတက်မှုတွေရှိဖို့တော့ လိုအပ်နေပါသေးတယ်။ “

        “ပွဲပြီးခါနီးမှာ ၁-၀နဲ့ ဦးဆောင်ထားနိုင်ပြီးမှ အမှတ်ခွဲပေးလိုက်ရတာက စိတ်ပျက်စရာပါ။ ဒါပေမယ့် တစ်ပွဲလုံး အခြေအနေကိုခြုံကြည့်ရင် ဖြစ်သင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အနိုင်ရသင့်တဲ့အထိ လုပ်နိုင်ခဲ့လားဆိုတာ မသေချာပါဘူး။”

        “ကစားသမားတွေရဲ့ ပွဲအပေါ်ထားရှိတဲ့ စိတ်သဘောထားတွေက ကောင်းမွန်တယ်လို့ ထင်ပါတယ်။ ကောင်လေးတွေက အခက်အခဲကြားကနေ အစွမ်းကုန်ပေးဆပ် ကစားခဲ့ကြပါတယ်။ ပွဲကစားချိန် အလယ်လောက်မှာ ပွဲရဲ့တင်းမာမှုတွေကြောင့် အရမ်းအလုပ်ရှုပ်တဲ့ ကာလဖြစ်ခဲ့ပါတယ်။ အဲ့အချိန်မှာ ကောင်လေးတွေက အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြပါတယ်။”

        “ကိုဗာချစ်ကို လူစားဝင်ခိုင်းလိုက်ချိန်ကစပြီး ကောင်းကောင်း ကစားခဲ့နိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကစားပွဲမှာ အနိုင်ရလောက်တဲ့အထိတော့ မလုပ်နိုင်ခဲ့ပါဘူး။ ကာယ၊ ဉာဏအစွမ်းတွေအကုန်လုံး အံ့ဩဖွယ် ထုတ်သုံးနိုင်ခဲ့လို့ ကျွန်တော့်ကောင်လေးတွေအတွက် အရမ်းဂုဏ်ယူပါတယ်။”

စောစောစီးစီးလူစားလဲခဲ့တဲ့အပေါ် ပေါ်တာ့ပြောကြားချက်

        “ကျွန်တော်တို့က အတက်အဆင်း အရမ်းလုပ်နေရပြီး သူတို့ကိုဖိအားပြန်ပေးနိုင်ဖို့နဲ့ တိုက်စစ်ဆင်တာတွေကို ရပ်တန့်နိုင်ဖို့ ကွင်းလယ်မှာ လူတစ်ယောက်ထပ်လိုတယ်လို့ အာရုံခံမိတာကြောင့် လူစားအပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကျွန်တော့်မှာရှိခဲ့တဲ့ ခံစားချက်ပါပဲ။ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပေမယ့် ကောင်လေးတွေက တစ်ကယ် ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ကြပါတယ်။ “

ပွဲထွက်လူစာရင်းမှာ ကိုဗာချစ် မပါဝင်ခဲ့တဲ့အပေါ်

        “သူ့ရဲ့ ဒူးဒဏ်ရာကို တစ်ရာသီလုံးအတွက် တော်တော်လေး ဂရုစိုက်နေရပြီး ပွဲစဉ်အချိန်စာရင်းတွေအရလဲ သူ့ကို ကစားပွဲတိုင်းမှာ အစကတည်းက အချိန်ပြည့်ထည့်သုံးရဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့က သူ့ကို ကစားချိန်လျော့ချဖို့ စီစဉ်ခဲ့ပေမယ့် ဖြစ်လာတယ့်အရာတွေက ဆန့်ကျင်ဘက်တွေ ဖြစ်စေခဲ့ပါတယ်။”

ချာလိုဘာရဲ့ကစားပုံအပေါ် ပေါ်တာ့အမြင်

        “သူက ပိုပိုကောင်းလာပြီး အံ့ဩဖို့ကောင်းတယ်လို့ ထင်ပါတယ်။ သူဟာ ကစားပွဲထဲမှာ ရင့်ကျက်မှုရှိလာပါပြီ။ ရက်ရှ်ဖို့စ်ကို နောက်ကလိုက်ထိန်းနိုင်ဖို့က မလွယ်ကူတာကြောင့် သူကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *