Menu

We are presenting sports news quickly and accurately to our audience.

Follow us

ဝက်စ်ဟမ်းအသင်းကိုသရေကျပြီနောက် ပြောစကားများ

2 months ago 0 67

“ကျွန်တော်တို့ အနိုင်လိုချင်စိတ်ရှိခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ပုံစံကောင်းတွေရှိခဲ့ပြီး ဖြစ်နိုင်ချေတွေရှိခဲ့ပါတယ်။ ကစားသမားတွေလဲ ပြန်စုံကြတော့မှာဖြစ်တာကြောင့် လုပ်ငန်းစဉ်တွေလဲ အရှိန်မြင့်လာပါပြီ။ “

Image

“ဒီနေ့ပွဲစဉ်ကတော့ ခြေလှမ်းတစ်လှမ်းတိုးလာတယ်လို့ ခံစားမိပါတယ်။ ဂိုးမရရှိခဲ့တာကတော့ ဒါကဘောလုံးလောကဖြစ်ပြီး ကျွန်တော်တို့အတွက် သင်ယူစရာတစ်ခုခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့မှာ ရက်သတ္တပတ်တစ်ခုလုံး အရမ်းကောင်းတဲ့ လေ့ကျင့်ရေးအစီအစဉ်ရှိခဲ့ပေမယ့် ရလဒ်အပေါ်မှာသက်ရောက်မှုမရှိတာ ကိစ္စတော့မရှိပါဘူး။

Image

“ဖိလစ်ကတော့ ကစားပွဲကိုကောင်းကောင်း စီမံနိုင်ခဲ့ပါတယ်။ သူ့ရဲ့အရည်အချင်းကိုလဲ တွေ့နိုင်ပါတယ်။ သူကစားခွင့်ရတဲ့အလျှောက် ပိုပိုပြီးကောင်းလာဖို့ရှိပါတယ်။ ကျွန်တော့်အမြင်အရဆို ဂိုးခွင့်ပြုပေးလိုက်ရတာ တစ်ကယ်မတန်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပိုပြီးကောင်းကောင်းစီမံနိုင်ဖို့လိုပါသေးတယ်။”

“အသင်းရဲ့ ဖြစ်နိုင်ချေအလားအလာတွေနဲ့ အရည်အချင်းတွေကို အထူးသဖြင့်ပထမပိုင်းမှာမြင်နိုင်ပေမယ့် ပရီးမီးယားလိဂ်ဖြစ်တာကြောင့် အချိန်တိုင်း ကျွန်တော်တို့ဖြစ်စေချင်သလိုတော့ ပွဲကိုထိန်းချုပ်ထားလို့မရပါဘူး။

Image

ချဲလ်ဆီးပင်နယ်တီမရရှိခဲ့တဲ့အပေါ်

“အဲ့ဒါပဲကြည့်ပါ။ ကျွန်တော်တို့အမြင်အရ မျက်နှာသာရသင့်တဲ့ အရာလေးတွေရှိပါတယ်။ ကျွန်တော်တို့ မရရှိခဲ့ပါဘူး။ ဒါကဘဝပါပဲ၊ ကျွန်တော်တို့ ရှေ့ဆက်ကြိုးစားရပါမယ်။”

Image

ကူကူရယ်လာ့အခြေအနေအပေါ်

“ကျွန်တော် အရင်သတင်းစာရှင်းလင်းပွဲတွေမှာ ပြောခဲ့သလို ပရိသတ်တွေမှာလဲ သူတို့ရဲ့ထင်မြင်ချက်အတိုင်း ခံစားခွင့်ရှိပါတယ်။ ကူကူရယ်လာက သူ့ရဲ့အကောင်းဆုံးပုံစံမှာ မရှိနေသေးပေမယ့် လီပါပူးနဲ့ ဖူဟမ်နဲ့ပွဲမှာ ဂိုးမပေးရအောင် ကြိုးစားခဲ့ရတဲ့ထဲမှာ သူလဲတစ်စိတ်တစ်ဒေသ ပါဝင်နေပါတယ်။ “

Image

ကစားသမားသစ်တွေကိုအံဝင်အောင်အသုံးချမည့်အပေါ်

“ဒါကစိန်ခေါ်မှုဖြစ်ပေမယ့် ကျွန်တော့်ရဲ့အလုပ်ပါပဲ။ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပေမယ့် သင့်တော်အောင် ချိတ်ဆက်ပေးနိုင်ရင် အဆင်ပြေပါတယ်။ နေရာအတွက် ကောင်းမွန်တဲ့ပြိုင်ဆိုင်မှုတွေလဲ ရှိနေပါတယ်။ လေ့ကျင့်ရေးတွေကို ပိုပိုပြီးကောင်းအောင် ပြုလုပ်ပြီး ရိုးရှင်းတဲ့စကားဝိုင်းလေးတွေ ဖြစ်ပေါ်လာဖို့တော့လိုပါတယ်။ “

All photos are credited to Chelsea FC.

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *