ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် ပေါ်တာ့ယူဆချက်
“ချန်ပီယံလိဂ်ဆိုတာ စိန်ခေါ်မှုပြင်းထန်ပြီး၊ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ထိပ်တန်းအဆင့် ပြိုင်ပွဲတစ်ခုဆိုတာ ကျွန်တော်သိခဲ့ရပါတယ်။ ကျွန်တော် ထိပ်တန်းအဆင့် ပွဲစဉ်(၃)ပွဲကို ကိုင်တွယ်ယှဉ်ပြိုင်ခဲ့ရပြီးဖြစ်သလို မနက်ဖြန်မှာလဲ နောက်ထပ် ခက်ခဲမယ့်ပွဲစဉ်တစ်ခု ယှဉ်ပြိုင်ရမယ်လို့ တွေးထားပြီး စောင့်မျှော်နေပါတယ်။ “
ကူလီဘာလီရဲ့ ဒဏ်ရာအခြေအနေအပေါ်
“သူ့အခြေအနေက မစိုးရိမ်ရပေမယ့် မနက်ဖြန်ပွဲစဉ်ကတော့ သူ့အတွက် အရမ်းစောပါသေးတယ်။ သူ့ကိုဗုဒ္ဓဟူး ဒါမှမဟုတ် ကြာသပတေးနေ့တော့ မြက်ခင်းပေါ်ပြန်လာနိုင်ဖို့ မျှော်လင့်မိပါတယ်။
အုပ်စုအဆင့် အခြေအနေအပေါ်
“ကျွန်တော်တို့ အမှတ်တွေမရရှိခဲ့ပေမယ့် အဆုံးသတ်မသွားခဲ့ပါဘူး။ အမှတ်တွေပိုရရှိဖို့ လိုအပ်နေသေးသလို မနက်ဖြန်မှာ အကောင်းဆုံးကြိုးစားသွားမှာပါ။ “

ကူကူရယ်လာရဲ့ ကြံ့ခိုင်မှုအပေါ်
“သူအနည်းငယ် ဖျားခဲ့ပေမယ့် အခုအများကြီး သက်သာနေပါပြီ။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ လူစားလဲခဲ့တာက နည်းစနစ်ပိုင်းအပြောင်းအလဲ ပြုလုပ်ဖို့အတွက်သာ ဖြစ်ပါတယ်။”
လောတပ်စ်ချိဖ်အပေါ် ပေါ်တာရဲ့အမြင်
“သူက ကွင်းထဲမှာကော ကွင်းပြင်ပမှာပါ အထင်ကြီးစရာကောင်းပါတယ်။ နှိမ့်ချတတ်တဲ့စိတ်၊ သင်ယူလိုစိတ်နဲ့ တိုးတက်လိုစိတ်တွေ ရှိပါတယ်။ သူပွဲကစားခွင့် မရရှိခဲ့တဲ့အချိန်တွေမှာ လေ့ကျင့်ပုံလေ့ကျင့်နည်းတွေက အရမ်းကောင်းပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကောင်းမွန်ခြင်းက သူ့ရဲ့အဓိကအရည်အချင်းပါ။ အင်္ဂလန်အသင်းအတွက် လူစာရင်းရွေးချယ်မှုမှာ ဆောက်ဂိတ်မျက်စိကျစရာ အခြေအနေဖြစ်အောင် သူ့ကိုယ်သူတွန်းအားပေးနိုင်ခဲ့ပါတယ်။”

စတာလင်ကပိုလုပ်ပြနိုင်ဖို့ လိုအပ်နေတယ်ဆိုတဲ့အပေါ်
“ဒါက တစ်သင်းလုံးနဲ့ဆိုင်တဲ့ကိစ္စလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ ပိုကောင်းအောင်ကြိုးစားရပါမယ်၊ အသင်းတစ်သင်းအနေနဲ့ပဲ ကျွန်တော်တို့ရဲ့ တိုက်စစ်တည်ဆောက်ပုံကို တိုးတက်အောင်ပြုလုပ်ရပါမယ်။ ဒါမှ တစ်ဦးချင်းစီက ပိုကောင်းတဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်နိုင်မှာပါ။”

“ကျွန်တော်က အသင်းတစ်သင်းရဲ့ လုပ်ဆောင်ပုံတွေကို အမြဲတန်းကြည့်နေပြီး တိုက်စစ်ပိုင်းမှာလဲ တိုးတက်နိုင်ချေတွေ ရှိနေပါတယ်။ အဲ့အရာတွေကပဲ စတာလင်ကို အကူအညီပေးနိုင်မှာပါ။”
ဆဲလ်ဘတ်အသင်းအပေါ် ပေါ်တာ့အမြင်
“ဆဲလ်ဘတ်အသင်းမှာ အရမ်းကောင်းတဲ့ တောင်ပံကစားသမားတွေရှိပါတယ်။ အထူးသဖြင့် အိမ်ကွင်းဖြစ်လို့ ပိုပြီးမာကျောကြပါလိမ့်မယ်။ တစ်ကယ်ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ သူတို့ရဲ့ အိမ်ကွင်းကပွဲအရှိန်နဲ့ ဘောလုံးကစားရမှာဖြစ်လို့ စိတ်လှုပ်ရှားဖွယ် ပွဲစဉ်တစ်ခုအဖြစ် ရင်ဆိုင်တိုက်ပွဲဝင်ရပါလိမ့်တယ်။

“ကျွန်တော်တို့ရဲ့ အတွေးတွေကတော့ အနိုင်ယူဖို့ပါပဲ။ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ အဆုံးသတ်မဟုတ်သေးသလို ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ဖို့အတွက် လုံလောက်တဲ့အမှတ်တွေလဲ မရရှိသေးပါဘူး။ ဒီပွဲစဉ်က ကျွန်တော်တို့အတွက် စမ်းသပ်မှုတစ်ခုပါပဲ။ အနိုင်ရရင်တော့ အရမ်းကောင်းမှာဖြစ်ပြီး အကျိုးဆက်လေးတွေလဲ ကျွန်တော်တို့ သိနိုင်ပါပြီ။”