Menu

We are presenting sports news quickly and accurately to our audience.

Follow us

သီယာဂိုလ်ဆေးဗားလ်ရဲ့ ကြံ့ခိုင်မှု၊ ဇာကာရီယာမပါဝင်ရမှုနှင့် ဘရန်ဖို့ထ်အသင်းနှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲ

6 months ago 0 457

[ဒန်းနစ်ဇာကရီယာအပေါ်]

“သူ့ရဲ့အနာဂတ်အတွက် ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးပါဘူး။ ဒန်းနစ်က လေ့ကျင့်ရေးတွေမှာ အကောင်းဆုံးကြိုးစားနေသလ်ို အသင်းကို ကူညီနိုင်ဖို့လည်း အသင့်ရှိနေပါတယ်။ သူဟာအသင်းရဲ့ အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး စိတ်ရှည်ရှည်နဲ့ အခွင့်အရေးကိုစောင့်ဆိုင်းနေပါတယ်။´´

[ကတ်ပါက နံပါတ်(1)ဂိုးသမားဖြစ်လာပြီလားဆိုတဲ့အပေါ်]

“ဒါက်ိုတော့ ဘောလုံးအသိုင်းအဝိုင်းကပဲ အဆုံးအဖြတ်ပေးတာ ပိုကောင်းပါလိမ့်မယ်။ ကတ်ပါက လက်ရှိအချိန်မှာ အကောင်းမွန်ဆုံးစွမ်းဆောင်ထားပြီး အီဒူး(မန်ဒီ)နဲ့ ဘက်တင်နယ်လီတို့ကလည်း အကူအညီတွေအများကြီး ပေးကြပါတယ်။ ကတ်ပါရဲ့ လက်ရှိFormက အားလုံးကိုကျေနပ်စေပါတယ်။´´

“ကတ်ပါရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ ပွဲအပေါ်ဖတ်ရှု သုံးသပ်နိုင်မှုနဲ့ သူ့ရဲ့တာဝန်ယူ တာဝန်ခံနိုင်မှုတွေအပေါ် ကျွန်တော်အရမ်းအထင်ကြီးမိပါတယ်။´´

သီယာဂိုဆေးဗားလ်ရဲ့ ကြံ့ခိုင်မှုအပေါ်]

“သူ့ရဲ့ကြံ့ခိုင်မှုအတွက်ကိုတော့ ကျွန်တော်တို့စစ်ဆေးမှုတွေ ပြုလုပ်ရပါအုံးမယ်။ သူ့မှာဒဏ်ရာပြဿနာတော့ မရှိပါဘူး။´´

“ကျွန်တော်သူနဲ့ ဆွေးနွေးမှုတွေ အမြဲပြုလုပ်ဖြစ်ပါတယ်။ သူကအသက်(38)နှစ် ရှိနေပြီဖြစ်ပေမယ့် ကျွန်တော်တို့အသင်းအတွက် အရေးပါနေဆဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့သူ့ကို မှန်ကန်စွာ စီမံခန့်ခွဲဖို့လိုအပ်ပြီး ဒီလုပ်ငန်းစဥ်တွေမှာလည်း သူကအမြဲပါဝင်လေ့ရှိပါတယ်။´´

[ရလဒ်တွေ ဆက်တိုက်ကောင်းနေတဲ့အပေါ်]

“ပုံမှန်အားဖြင့်တော့ ကျွန်တော်က အကောင်းမြင်ဝါဒီသပ်သပ်မဟုတ်ပါဘူး။ ကျွန်တော်တို့ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေပေမယ့် ရှေ့လျှောက်ဘာဆက်ဖြစ်မလဲဆိုတာ ခင်ဗျားတို့လည်းမသိနိုင်ပါဘူး။ အသင်းအတွင်းမှာတော့ အပေါင်းလက္ခဏာဆောင်တဲ့ ခံစားမှုတွေ ခံစားနေရပါတယ်။ ဒါပေမယ့် ဒါဟာရက်သတ္တပတ်ခြောက်ပတ်သာရှိသေးပြီး ရှေ့မှာလျှောက်လှမ်းရမယ့် ခရီးရှည်ကြီးကျန်ရှိပါသေးတယ်။´´

[ဘရန့်ဖို့အသင်းအပေါ်]

“ဘရန့်ဖို့အသင်းဟာ သူတို့လုပ်စရာရှိတဲ့အလုပ်ကို အကောင်းမွန်ဆုံး လုပ်ကိုင်တတ်လေ့ရှိပြီး နည်းပြသောမတ်ဖရန့်ကလည်း ထူးချွန်တဲ့နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူတို့အသင်းဟာ သူတို့မှာရှိသမျှ အားလုံးပေးဆပ်ကစားလေ့ရှိပါတယ်။´´

“ဒါ့ကြောင့် သောမတ်ဖရန့်နဲ့ ဘရန့်ဖို့အသင်းသားအားလုံးကို အသိအမှတ်ပြုရပါမယ်။ ဘရန့်ဖို့အသင်းဟာ အိုင်ဗန်တိုနီလို ကစားသမားမျိုးကို ကောင်းကောင်းအသုံးပြုတတ်ပြီး တိုက်စစ်ကောင်းမွန်မှု၊ ခံစစ်ကျစ်လစ်မှုတွေလည်း အပြည့်ရှိပါတယ်။´´

“ကျွန်တော်ဘရန့်ဖို့အသင်းနည်းပြ သောမတ်ဖရန့်ကို တစ်ကယ်ကို အသိအမှတ်ပြုပါတယ်။´´

ဘရန့်ဖို့အသင်းနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ ဂရေဟမ်ပေါ်တာရဲ့ပြောကြားချက်များ

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *