Menu

We are presenting sports news quickly and accurately to our audience.

Follow us

VAR ကိုဒေါသမထွက်ခဲ့ခြင်းကိစ္စနဲ့ ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲ

2 months ago 0 18
“ကျွန်တော်တို့အသင်းမှာ လူတွေပြန်စုံနေပါပြီ။ ဒဏ်ရာရကစားသမားတွေလဲ မိနစ်ပိုင်းလောက်ကစားနိုင်ဖို့ နီးကပ်နေပါပြီ။ သူတို့ကစားကွက်ကို ပြန်လည်တည်ဆောက်ပေးရပါမယ်။ ကိုဗာချစ်၊ ဇာကရီယာနဲ့ ဖိုဖာနာတို့ အသင်းနဲ့ပြန်ပါလာနိုင်တာ ကောင်းတဲ့အချက်ပါပဲ။”
 
ဒေ့ါမွန်အသင်းနဲ့ယှဉ်ပြိုင်ရမယ့်အပေါ်
 
“ဒါက ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့်ဖြစ်ပါတယ်။ လုံးဝအမှားယွင်းခံလို့မရပါဘူး။ အံ့ဩဖွယ်အသင်းရဲ့ ပရိတ်သတ် (၈၀၀၀၀)နဲ့အတူ ယှဉ်ပြိုင်ရမယ့် ကြီးမားတဲ့စမ်းသပ်ချက်တစ်ခုပါပဲ။ အံ့ဩစိတ်လှုပ်ရှားဖွယ် အချိန်သမယလဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲစဉ်ကို အာရုံအပြည့်စိုက်ထားပြီး စိန်ခေါ်မှုတွေရှိတယ်ဆိုတာကို နားလည်သဘောပေါက်ပါတယ်။ ဒီပွဲစဉ်အတွက် စိတ်လှုပ်ရှားနေမိပါတယ်။”

Image

မူဒရစ်ရဲ့လက်ရှိကစားပုံအတွက်ကူကူရယ်လာ့ကိုဝေဖန်နေကြတဲ့အပေါ်
 
“တမင်မပေးတာလားဆိုတဲ့အရာနဲ့ပတ်သတ်ပြီး ပြသနာရှိတာမဟုတ်ပါဘူး။ အသင်းဖော်တွေဟာ အချင်းချင်း နားလည်မှု၊ နေရာနဲ့ အချိန်ပေါ်မူတည်ပြီး ဖြစ်ပေါ်တဲ့ ပုံမှန်ပြသနာလေးတစ်ခုပါပဲ။ “
“ဝက်စ်ဟမ်းရဲ့ နောက်တန်း ၅ယောက်ကစားကွက်က ဘောလုံးကိုလက်ခံဖို့အတွက် အခက်အခဲဖြစ်စေပါတယ်။ ဒီပွဲကမူဒရစ်ရဲ့ ၃ပွဲမြောက်ကစားပွဲဖြစ်ပါတယ်။ ဒါက အသင်းဖော်အချင်းချင်း နားလည်မှုအတွက် စိန်ခေါ်မှုပဲဖြစ်ပါတယ်။”

Borussia Dortmund: Edin Terzic wird erneut BVB-Cheftrainer - Sport - SZ.de

ဒေါ့မွန်အသင်းနည်းပြအီဒင်တာဇစ်အပေါ် ပေါ်တာ့အမြင်
 
“ကျွန်တော့်ရဲ့ သူ့အပေါ်ပထမဆုံးတွေ့ဆုံခြင်းအတွက် ထင်မြင်ချက်ကတော့ ကောင်းပါတယ်။ နှိမ့်ချတတ်တဲ့စိတ်သဘောထား၊ အရမ်းလိမ္မာပါးနပ်ပြီး ပွင့်ပွင့်လင်းလင်းရှိပြီး ဖန်တီးနိုင်စွမ်းလဲရှိပါတယ်။ သူက နည်းပြတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေအကုန်ရှိပါတယ်။”
 
“အတွေ့အကြုံတွေအကုန်လုံးကို စုစည်းထားပြီးတော့ ရောနှောအသုံးချတတ်ပါတယ်။ သူ့ရဲ့မကြာသေးမှီက အံ့ဩဖွယ်စွမ်းဆောင်နိုင်ခဲ့တဲ့ အလုပ်နဲ့ပတ်သတ်တဲ့ အရည်အချင်းတွေကိုခင်ဗျားတို့လဲတွေ့နိုင်ပါတယ်။ အသင်းကို တိုက်စစ်ပိုင်းမှာကော ခံစစ်ပိုင်းကိုပါ ကောင်းစွာတည်ဆောက်ထားနိုင်ပြီး ကစားသမားတစ်ဦးချင်းရဲ့စွမ်းရည်တွေကိုပါ ကောင်းကောင်းအသုံးချထားနိုင်တာကြောင့် သူ့အတွက်ကျေနပ်မိပါတယ်။ ကျွန်တော်သူ့အတွက် ခက်ခဲတဲ့ပွဲစဉ်ဖြစ်အောင် လုပ်ချင်ပြီး သူ့အတွက်ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်။”

Image

ကစားသမားအသစ်တွေရဲ့အသင်းဖော်အချင်းချင်းနားလည်မှုတည်ဆောက်နိုင်ဖို့လိုအပ်တဲ့အပေါ်
 
“ကျွန်တော်တို့မှာရှိသလောက် လူအင်အားတွေနဲ့ အသင်းကိုဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ဟာ စိတ်လှုပ်ရှားဖို့ကောင်းပြီး ကျွန်တော်တို့လုပ်ဖို့ လုပ်စရာအလုပ်တွေ ရှိနေသေးတယ်ဆိုတာလဲ သိပါတယ်။ တစ်ကယ်လို့ခင်ဗျားမှာ ကစားသမားအသစ်တွေပါတဲ့ အသင်းတစ်ခုရှိလာရင် ကျွန်တော်တို့ အတူတကွ စွမ်းဆောင်နိုင်ဖို့အတွက် အချိန်တော့ပေးရပါမယ်။”
 
“တစ်နေ့ထက်တစ်နေ့ အသင်းရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သတ်ပြီး ကျွန်တော့်မှာကောင်းတဲ့ ထင်မြင်ချက်တွေရှိလာနေပါပြီ။ စိတ်ဓာတ်ကောင်းတွေ၊ ကောင်းမွန်တဲ့စည်းချက်တွေနဲ့ အချင်းချင်းလဲ တွန်းအားပေးနေကြပါတယ်။ ဒီနေ့လဲ ကောင်းမွန်တဲ့ လေ့ကျင့်ချိန်လေးကို ရရှိခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးပေးနိုင်ဖို့ အလုပ်ကြိုးစားနေကြပြီး ဒီအရာနဲ့ပတ်သတ်လို့ ပျော်ရွှင်မိပါတယ်။”
Image
ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ VARရဲ့ ဆုံးဖြန်ချက်ကိုလိုအပ်သလောက်ဒေါသမထွက်ခဲ့ဘူးဆိုတဲ့အပေါ်
 
“မီဒီယာနဲ့အငြင်းပွားစရာကိစ္စတွေမရှိအောင် ကျွန်တော်ဂရုစိုက်ပါတယ်။ ဒေါသကတော့ သေချာပေါက်ထွက်တာပေါ့ဗျာ။ အဲ့အချိန်မှာ ကျွန်တော်မှန်ကန်မယ်ထင်တဲ့ နည်းလမ်းနဲ့ပဲ ကိုယ့်စိတ်ကိုထိန်းဖို့ ရွေးချယ်ခဲ့ပါတယ်။ “
 
“အင်္ဂလိပ်ဘောလုံးလောကမှာ ၉နှစ်လောက်နည်းပြလုပ်ပြီး ချန်ပီယံလိဂ်အဆင့်အထိပါ ကိုင်တွယ်ရချိန် ဒေါသမထွက်ပဲ သဘောကောင်းတဲ့နည်းပြလုပ်လို့ရမယ်လို့ ခင်ဗျားတို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါဆိုရင်တော့ ခင်ဗျားတို့ ဘာအကြောင်းက်ိုမှ ဘာမှသေချာမသိသေးဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။ “

Image

ချဲလ်ဆီးအသင်းရဲ့ဖိအားတွေအပေါ်
 
“အသင်းတစ်သင်းက ငွေကြေးအမြောက်အမြားသုံးစွဲတဲ့အခါ ဖိအားတွေနဲ့ မျှော်လင့်ချက်တွေဆိုတာ ဖြစ်ပေါ်လာတတ်ပါတယ်။ ၂ နဲ့ ၂ ပေါင်းရင် ၄ဆိုတဲ့အဖြေရပါတယ်။ ကျွန်တော်တို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့ အဖြေပါပဲ။ ကျေးဇူးတင်စရာကောင်းတာက ဘောလုံးလောကဆိုတာ အဲ့လိုမျိုးမဟုတ်ပါဘူး။ အနိုင်ရရှိဖို့အတွက် အရင်းအမြစ်တွေဆိုတာထက် ပိုတဲ့အရာတွေလိုအပ်ပါတယ်။ “
 
“အဲ့အရာတွေက စိန်ခေါ်မှုတွေပါပဲ။ ပိုက်ဆံနဲ့ဝယ်ယူလို့မရတဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်ဆိုတဲ့အရာတွေလဲရှိပါတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရတော့ ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်တွေကို လိုက်ဖက်အောင်အသုံးပြုပြီး အခွင့်အရေးတွေကိုအသုံးချကာ ကိုယ့်ကိုကိုယ်သန်မာအောင်ပြုလုပ်ပြီး ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ နားလည်သဘောပေါက်ဖို့လိုပါတယ်။”
 
ဂရေဟမ်ပေါ်တာ (ဒေါ့မွန်အသင်းနှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ)

All photos are credited to CFC.

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *