အသင်းရဲ့အခြေအနေအပေါ် ပေါ်တာ့ပြောကြားချက်
“ဘရန့်ဖိုထ်နဲ့ ပွဲစဉ်တုန်းကလိုပါပဲ၊ ကျွန်တော်တို့ ပြန်လည်အားဖြည့် နေကြတုန်းပါပဲ။ ကော်နာကတော့ ဒီနေ့လေ့ကျင့်ရေးပြန်ဆင်းနေပြီး ၂၄ လာရီအတွင်း ဘယ်လိုအခြေအနေရှိမလဲတော့ စောင့်ကြည့်ရအုန်းမှာပါ။”
“ရိစ့်ကတော့ သူ့ရဲ့ဒူးအခြေအနေ သက်သာအောင် ၄ပတ်လောက်တော့ အနားယူရပါအုန်းမယ်။ အရင်အခြေအနေ ပြန်လည်ရရှိအောင် အလွန်ဆုံး ၈ပတ်လောက်အထိ အချိန်ပေးရမှာဖြစ်ပါတယ်။ “

မန်ယူအသင်းအပေါ် ပေါ်တာ့အမြင်
“ကျွန်တော် Ten Hag ကို အများကြီးလေးစားပါတယ်။ သူတို့ကောင်းကောင်း လုပ်ထားနိုင်ပါတယ်။ အစမကောင်းခဲ့ပေမယ့် အကောင်းဆုံးရင်ဆိုင်ပြီး ကောင်းကောင်းကစားပြီး ပြန်လာနိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ ပွဲတစ်ပွဲတော့ဖြစ်လာပါလိမ့်မယ်။ “
“ဒါက ဘောလုံးကစားပွဲဖြစ်တာကြောင့် ပြိုင်ဘက်ရဲ့အခြေအနေကို လေ့လာသုံးသပ်ပြီး ဘယ်လိုနည်းလမ်းနဲ့ ကစားလို့ရမလဲဆိုတာ စဉ်းစားရပါမယ်။ သူတို့မှာ ထိပ်တန်းကစားသမားအချို့ရှိပြီး အသင်းကို အထင်ကြီးစရာအသင်းဖြစ်အောင် အရောင်တင်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ မနက်ဖြန်ပွဲကို မျှော်လင့်စောင့်စားနေကြပါပြီ။”

မန်ယူအသင်းက ရော်နယ်ဒိုကို ကိုင်တွယ်ပုံအပေါ်
“ကျွန်တော်ဘာမှတ်ချက်မှ တစ်ကယ်မပေးတတ်ပါဘူး။ သူ့ရဲ့အနေအထားအရ သူကိုင်တွယ်တာပဲဖြစ်ပါတယ်။ ပြီးတော့အသင်းရဲ့ ထောက်ခံမှုလဲလိုပါတယ်။ ဘာတွေဖြစ်နေမှန်းလဲမသိတာရယ် သတင်းခေါင်းကြီးပိုင်းကြီးလဲ မပါချင်လို့ မှတ်ချက်ပေးဖို့အတွက် ခက်ခဲပါတယ်။”
ဇက်ကရီယာရဲ့အခြေအနေအပေါ် ပေါ်တာ့ပြောကြားချက်
“ကျွန်တော်တို့မှာ လူအင်အား ၂၄ယောက်ရှိပြီးတော့ အတော်များများကို အသုံးပြုပြခဲ့ဖူးပါပြီ။ ကွင်းလယ်နေရာအတွက်က ကစားသမားကောင်းတွေ ရှိပါတယ်။ သူစိတ်ရှည်ပြီးတော့ နေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့လိုပြီး အသင်းကိုအကူအညီပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ သင်ဟာ လူတိုင်းကို ခြယ်လှယ်လို့ မရပါဘူး။ သူဘာအမှားမှ လုပ်ထားတာမရှိပါဘူး၊ ဒီတိုင်းအခန့်မသင့်တာပါ။”

ဂျိမ်းစ့်နဲ့ အန်ဂိုလိုရဲ့အခြေအနေအပေါ်
“သူတို့ကလဲ လူသားတွေပါပဲ။ အခြေအနေအမှန်ကတော့ သူတို့နဲ့ပတ်သတ်ပြီး ပြောပြရင်လဲ သူတို့အတွက် အခြေအနေပိုကောင်းလာမယ့်စေမယ့်စကား ကျွန်တော့်မှာ ပြောစရာမရှိပါဘူး။ ကျွန်တော်တို့ ထိန်းချုပ်နိုင်မယ့် အရာတွေအပေါ်ပဲ အာရုံစူးစိုက်ပြီး တစ်ရက်ပြီးတစ်ရက် ပြန်လည်သက်လာဖို့ပဲ ကြိုးစားလို့ရမှာပါ။”
အန်ဂိုလိုရဲ့ စာချုပ်ကိစ္စအပေါ်
“ကျွန်တော်နဲ့ အသင်းအတွက် အရေးအကြီးဆုံးအရာက သူရဲ့ကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ပါပဲ။ ဒါက အဓိကအချက်ပါပဲ။ သူမှာ ရှေ့ဆက်ရမယ့် ခရီးရှည်ကြီး ရှိပါသေးတယ်။ ကြံ့ခိုင်သန်မာစွာ ပြန်လည်ရောက်ရှိလာနိုင်ဖို့ လိုပါတယ်။ “
ဒီထက်ပိုလုပ်ပြနိုင်စွမ်းရှိဦးမလားဆိုတဲ့အပေါ်
“ခင်ဗျားတို့ သိလား ကျွန်တော် တစ်ခုခု သေချာပေါက် လုပ်ပြဖို့ရှိပါတယ်။”
“ရက်သတ္တပတ် ၆ပတ်က အသင်းအပေါ်မှာ ကျွန်တော့ရဲ့ စစ်မှန်ပြီး အံ့ဩဖွယ်ရာ ကိုယ်ရည်ကိုယ်သွေးတွေ ထုတ်ပြနိုင်ဖို့ တိုတောင်းတဲ့ အချိန်ကာလပါ။ ခုချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကတော့ ကစားသမားတွေရဲ့ အရည်အချင်းပါပဲ။ သူတို့က စိန်ခေါ်မှုကို နားလည်သဘောပေါက်ကြပြီး ပြောင်မြောက်စွာ ကစားနိုင်ခဲ့ကြပါတယ်။”