Menu

We are presenting sports news quickly and accurately to our audience.

Follow us

ဝက်စ်ဟမ်းအသင်းနဲ့ပွဲအတွက် ဘယ်သူတွေကစားရနိုင်မလဲ? သတင်းစာရှင်းလင်းပွဲ

2 months ago 0 41
မန်စီးတီးရဲ့ ပြစ်မှုကျူးလွန်မှုများအတွက် စွပ်စွဲခံရမှုအပေါ်
 
“ကျွန်တော်ဒီကိစ္စနဲ့ပတ်သတ်ပြီး အများကြီးမတွေးဖြစ်ပါဘူး။ တစ်ကယ်လဲ မှတ်ချက်ပေးလို့မရပါဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှကိုသေချာမသိတာပါ။ ဒါက သူတို့ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာပါ။”
အူဘာမီယန်းရဲ့အခြေအနေအပေါ်
 
” သူကိစ္စနဲ့ပတ်သတ်ပြီး ဘာမှတင်ပြစရာမရှိပါဘူး။ သူကခုချိန်ထိ ကျွန်တော်တို့နဲ့လေ့ကျင့်နေသေးပြီး သူ့ဟာနဲ့သူ အစေးကပ်ပါတယ်။”

Image

ဂျာအိုဖီးလစ်ပြန်ကစားလို့ရတော့မယ့်အပေါ်
 
“အရမ်းကောင်းပါတယ်။ သူအနီကဒ်မထိခင်ထိ အသင်းအပေါ် သူ့ရဲ့သက်ရောက်မှုကို တွေ့ခဲ့ရပါတယ်။ သူ့ရဲ့အရည်အချင်းတွေကိုလဲ နေ့တိုင်းတွေ့မြင်ရပြီး အသင်းအတွက်ခြားနားမှုတွေကို ဖြစ်စေတဲ့ ကစားသမားပါ။”

Image

ဘာဒီယားရှီးလ်အပေါ် ပေါ်တာ့အမြင်
 
“တခြားပွဲစဉ်တွေထက် ဝက်စ်ဟမ်းနဲ့ပွဲစဉ်အပေါ် အာရုံစိုက်ထားဖို့ အရေးကြီးပါတယ်။ ဘီနွိုက်ရဲ့ကစားပုံတွေနဲ့ပတ်သတ်ပြီး စိတ်ပျော်ရွှင်ရပါိတယ်။ ဝက်စ်ဟမ်းနဲ့ပွဲစဉ်အတွက် သူ့ကို ကျွန်တော်တို့အတွေးထဲမှာရှိပါတယ်။ ဗုဒ္ဓဟူးနေ့ပွဲစဉ်အတွက် (UCL) ကိုတော့ နောက်မှ စဉ်းစားကြရအောင်။”

Image

ဒဏ်ရာရကစားသမားသမားတွေအပေါ်
 
“သူတို့ဟာတဖြည်းဖြည်းနဲ့တော့ကစားရဖို့နီးစပ်လာပါပြီ၊ ဝက်စ်လေနဲ့ ဇာကရီယာကတော့ အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနေပါပြီ၊ စတာလင်က လေ့ကျင့်ရေးလုပ်ရင်းနဲ့ ဒူးကို ထပ်မံထိသွားတာကြောင့် မနက်ဖြန်ပွဲအတွက် ကစားခိုင်းဖို့သံသယဖြစ်မိပါတယ်။ မက်တီယို ကိုဗာချစ်လည်း လေ့ကျင့်ခန်းပြန်လုပ်နိုင်နေပေမယ့် သူ့ကိုထုတ်ကစားဖို့က စောလွန်းသေးပါတယ်”
အဝေးကွင်းမှာပုံစံကောင်းတွေမရရှိတဲ့အပေါ်
 
“ဒါကကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ တွက်ချက်ထားသလိုမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ တစ်သမတ်တည်းဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။”
 
“ကစားသမားတွေကို နည်းပြရတာကျွန်တော့်အလုပ်ဖြစ်ပြီး လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေလဲရှိပါတယ်။ ကျွန်တော်တို့ စိတ်ရှည်ဖို့လိုပြီး အသင်းရဲ့အနေအထားအခြေအနေတွေကို နားလည်ဖို့လဲလိုပါတယ်။ ဖိအားတွေ၊ ကြားချိန်တွေနဲ့ပတ်သတ်ပြီး ပြောနေကြတာတွေတော့ အများကြီးရှိပါတယ်။”

Image

လန်ဒန်ဒါဘီပွဲစဉ်တွေရဲ့ ကြိုတင်ခန့်မှန်းလို့မရမှုအပေါ်
 
“လက်ရှိချဲလ်ဆီး အခြေအနေနဲ့ အကူအညီဖြစ်စေမလားဆိုတာတော့ ကျွန်တော်သိပ်မသေချာပါဘူး။ သမိုင်းကြောင်းအရတော့ ဒါဘီပွဲစဉ်တွေဟာ ခက်ခဲတင်းမာပါတယ်။ ဒေးဗစ်မိုရက်စ်ရဲ့ ကစားသမားတွေဟာ သေချာဖွဲ့စည်းထားပြီး အရမ်းကောင်းတဲ့ကစားသမားတွေနဲ့ ခံစစ်ကောင်းကောင်းရှိပါတယ်။”
 
“ကျွန်တော်တို့အတွက်တော့ လန်ဒန်ဒါဘီပွဲစဉ်တွေရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ခြင်းကို နားလည်သဘောပေါက်ထားပါတယ်။ ကစားပွဲကိုထိန်းချုပ်ပြီး အနိုင်(၃)မှတ်ရရှိအောင် ကြိုးစားသွားမှာပါ။”
 
“ခန့်မှန်းချက်တွေကတော့ အရင်လိုပါပဲ အသင်းကို အတိုင်းအဆမရှိ နိုင်ပွဲတွေရရှိစေချင်တာပါ။ အပြောင်းအရွှေ့ကာလရောက်ရင် အသင်းအတွက်အပြောင်းအလဲတွေ ပြုလုပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သိရှိထားပြီးသားပါ။ “

Image

“ကျွန်တော်နဲ့ အသင်းပိုင်ရှင်တွေကတော့ စည်းလုံးပါတယ်။ ကျွန်တော်တို့ ရောက်ရှိနေတဲ့ အခြေအနေမပေါ်လဲ နားလည်ထားကြပါတယ်။ ကျွန်တော်တို့အသင်း ဆက်လက်တိုးတက်မှုရှိစေဖို့ အလုပ်တွေသေချာလုပ်ကိုင်နေပါတယ်။”
“ကျွန်တော်က ငတုံးတော့မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းရသင့်တဲ့ ရလဒ်တွေမရရှိရင် ကျွန်တော်နားလည်သဘောပေါက်ပြီး အလုပ်သဘောအရ အကြောင်းပြချက်တစ်ခုတော့ ပေးရပါလိမ့်မယ်။”
 
“ကျွန်တော်က လုပ်ငန်းစဉ်အတိုင်းဆက်သွားနေပြီး ကစားသမားတွေအတူတကွ တိုးတက်မှုရှိစေဖို့ ကူညီနေပါတယ်။ ခုချိန်က ရှုပ်ထွေးနေတဲ့အချိန်ကာလဖြစ်ပေမယ့် ကြုံလာရမယ့် စိန်ခေါ်မှုတွေအတွက် စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စားနေမိပါတယ်။ ကျွန်တော် အချိန်နဲ့ပတ်သတ်ပြီး ဘာမှထွေထွေးထူးထူး စိတ်ပူပန်မှု မဖြစ်မိပါဘူး။”

ဝက်စ်ဟမ်းအသင်းနှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ ဂရေဟမ်ပေါ်တာပြောစကားများ

All photos are credited to Chelsea FC.

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *