Menu

We are presenting sports news quickly and accurately to our audience.

Follow us

Raheem Sterling

6 months ago 0 19

အင်္ဂလန်ကြယ်ပွင့် ရာဟင် ဟာ မန်စီးတီးအသင်းကနေ ၂၀၂၂ ဂျူလိုင်လ ၁၃ရက်နေ့မှာ ချဲလ်ဆီးအသင်းကို ၅နှစ်စာချုပ်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။

နာမည်အပြည့်အစုံ –

မွေးနေ့ –

မွေးရပ် –

အရပ်အမြင့် –

ပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း – 

ရာဟင် ရှကီးလ် စတာလင်

၀၈.၁၂.၁၉၉၄ (၂၇နှစ်)

Kingston, ဂျာမေကာ

၅ ပေ ၇ လက်မ (1.72m)

၀၆.၀၈.၂၀၂၂

အင်္ဂလန်

        အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး အသင်းအတွက် တောင်ပံတိုက်စစ် ကွင်းလယ်တိုက်စစ် ကစားသမားအဖြစ် ကစားပေးနေသော အင်္ဂလိပ် ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမား Raheem Shaquille Sterling ဟာ ဂျမေကာမြို့တော် Kingston မှာမွေးဖွားခဲ့ပြီး အခုလက်ရှိမှာ အသက် 28 နှစ် ရှိပြီဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက Sterling ကို နာမည်ကြီး ဘောလုံးကလပ်များဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ ဖူလ်ဟမ်၊ လီပါပူးနှင့် မန်ချက်စတာစီးတီးတို့ရဲ့ အကယ်ဒမီများမှ ကမ်းလှမ်းမှုတွေ အများအပြားရရှိခဲ့ပေမဲ့ သူ့ရဲ့မိခင်ကြောင့် အဆိုပါကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ Queen’s Park Rangers ရဲ့ အကယ်ဒမီမှာ ခြောက်နှစ်ကြာအောင် ဖြတ်သန်းခဲ့ပြီး 2010 ခုနှစ် ဖေဖော်ဝါရီလမှာ 15 နှစ်သားကို လီပါပူးအသင်းမှ ကနဦးပြောင်းရွှေ့ကြေး ပေါင် 450,000 နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

        လီပါပူးအသင်းသို့ ပြောင်းရွှေ့ပြီးနောက် Sterling ဟာ ကလပ်ရဲ့ လူငယ်အသင်းမှာ စတင်ကစားခဲ့ပြီး အဲဗာတန်နှင့် အသက် ၁၈ နှစ်အောက် ဒါဘီပွဲစဉ်မှာ ပထမဆုံးပွဲထွက်ကစားခဲ့ပါတယ်။  ငါးနှစ်တာကာလအတွင်း လီပါပူးအသင်းမှာ Sterling ဟာ နိုင်ငံအတွင်း ငယ်ငယ်ရွယ်ရွယ်နဲ့ အတောက်ပဆုံးသော အရည်အချင်းရှိ လူငယ်ကစားသမားအဖြစ် တိုးတက်လာခဲ့ပါတယ်။  2012 ခုနှစ် မတ်လမှာ Sterling က Brendan Rodgers လက်အောက်ရှိ Anfieldကွင်းကြီး မှာ စီနီယာအသင်းအတွက် ပွဲဦးထွက်ပွဲစဉ်ကို စတင်ကစားခဲ့ကာ 36 ပွဲကစားခဲ့ပြီးနောက် ထိုဘောလုံးရာသီမှာပဲ သူ့ရဲ့ အင်္ဂလန်နိုင်ငံ့အသင်းအတွက် ပွဲဦးထွက်ကိုလည်း စတင်ခဲ့ပါတယ်။ စက်တင်ဘာလ 19 ရက်နေ့မှာတော့ ယူအီးအက်ဖ်အေ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ Young Boys အသင်းနဲ့ကစားရန် ဆွစ်ဇာလန်သို့ သွားရောက်ခဲ့တဲ့ ဆယ်ကျော်သက်အုပ်စုထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

        အောက်တိုဘာလ 20 ရက်နေ့မှာ ယှဉ်ပြိုင်ဆော့ကစားတဲ့ ရီဒင်းအသင်းကို 1ဂိုး – 0ဂိုး ဖြင့်အနိုင်ရခဲ့တဲ့ လိဂ်ပွဲစဉ်ရဲ့ 29 မိနစ်တွင် လီဗာပူးစီနီယာအသင်းအတွက် Sterling က သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီလို အဖြစ်အပျက်တွေကြောင့် Sterling ဟာ လီပါပူးအသင်းအတွက် ယှဉ်ပြိုင်သည့်ပွဲတွေမှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ 2012 ခုနှစ် ဒီဇင်ဘာ 21 ရက်နေ့မှာတော့ Sterling က လီဗာပူးအသင်းနဲ့ သူ့ရဲ့ အနာဂတ် ဘောလုံးသမားဘဝအတွက် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ 

        Sterling ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြောရရင်တော့ 2014 ခုနှစ် ဧပြီလ 18 ရက်နေ့မှာ PFA တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆန်ကာတင်ကစားသမား (၆)ဦးထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး လီပါပူးအသင်းရဲ့ တစ်လတာအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဘောလုံးရာသီအကုန်မှာ လီပါပူးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံရပြီး Golden Boy ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

        2015 နွေရာသီမှာ မန်ချက်စတာစီးတီးအသင်းက Sterling ကို ပေါင် 49 သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး ထိုအချိန်က တန်ကြေးအများဆုံး အင်္ဂလိပ် ဘောလုံးကစားသမားဖြစ်လာပါတယ်။ တန်ကြေးနဲ့ထပ်တူ Sterling ဟာ မန်ချက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပါတယ်။ 2018-19 ဘောလုံးရာသီအတွင်း သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုများကြောင့်  Sterling ဟာ PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ FWA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုများ ရရှိခဲ့ကာ PFA ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးအသင်းမှာလည်း ထည့်သွင်းချီးမြှင့်ခံခဲ့ရပါတယ်။.

        2021 ခုနှစ် ဒီဇင်ဘာလမှာ စပို့တင်းလစ္စဘွန်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲတွင် အဝေးကစ်ကနေ ဂိုးသွင်းနိုင်အောင် ကြိုးပမ်းမှုဟာ ပရိတ်သတ်တွေကြား ရေပန်းစားခဲ့ပြီး သူ့ရဲ့ အဖမ်းစားဆုံး ဂိုးသွင်းနိုင်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူက မန်စီးတီးအသင်းအတွက် ပွဲပေါင်း 339 ပွဲကစားကာ 131 ဂိုးသွင်းယူနိုင်ပေးခဲ့ပြီး အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝမှာဆိုရင် Sterling က Gareth Southgate ရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး 2022 ခုနှစ် ဇူလိုင်လအထိ အင်္ဂလန်အသင်းအတွက် 77 ပွဲကစားကာ 19 ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ 2012 ခုနှစ် နိုဝင်ဘာလမှာ အင်္ဂလန်အတွက် ပွဲဦးထွက်ကစားပြီးကတည်းက အရေးကြီးတဲ့ နိုင်ငံတကာပြိုင်ပွဲကြီး လေးခုမှာ ပါဝင်ကစားခဲ့သေးပါတယ်။

       Sterling ဟာ မန်စီးတီးအသင်းမှထွက်ခွာပြီးနောက် 2022 ခုနှစ် ဇူလိုင်လ 13 ရက်နေ့မှာ ချဲလ်ဆီးအသင်းနဲ့ ၅နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ Sterling ဟာ ဘောလုံးကို သေသပ်စွာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆွဲယူနိုင်မှုအပြင် နောက်ခံလူများ နောက်တန်းသို့ ပြန်ဆင်းချိန်မှာလည်း လိုက်လျောညီထွေရှိစွာ ပံ့ပိုးကူညီနိုင်စွမ်းရှိပါတယ်။ ပွဲစဉ်များတွင် ရှေ့တန်းသုံးနေရာ သို့မဟုတ် ကွင်းလယ်တိုက်စစ်မှူး စသည်ဖြင့် မည်သည့်နေရာမှာမဆို ကစားနိုင်စွမ်းရှိတဲ့ အရည်အချင်းရှိ ဘောလုံးကစားသမား တစ်ယောက်ဖြစ်ပါတယ်။ 2021-22 ဘောလုံးရာသီမှာ အင်္ဂလန်လက်ရွေးစင် Sterling ဟာ မန်စီးတီးအသင်းအတွက် ပြည်တွင်းလိဂ်တွင် 25 ဂိုးသွင်းယူနိုင်ခဲ့ပြီး လိဂ်ဖလားကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကာ သူ့ရဲ့ စွမ်းရည်ကြောင့် အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ ရောက်ရှိနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ဘောလုံးရာသီ ငါးရာသီအတွင်း ပရီးမီးယားလိဂ်မှာ ပျမ်းမျှသွင်းဂိုး 22 ဂိုးနှင့် ဂိုးဖန်တီးမှု 10 ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဂိုး 80 နှင့်အထက် သွင်းယူထားတဲ့ ကစားသမားရှစ်ဦးအနက်မှ တစ်ဦးဖြစ်ပါတယ်။

        Sterling ဟာ 2017 ခုနှစ် ဒီဇင်ဘာလ 16 ရက်နေ့မှာ မန်ချက်စတာစီးတီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ လူစိမ်းတစ်ဦီးဆီမှ လူမျိုးရေး ခွဲခြားသော စကားဖြင့် ပြောဆိုတိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ဘောလုံးသမား Karl Anderson ကလည်း ကွင်းထဲမှာ Sterling ကို လူမျိုးရေး ခွဲခြားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခဲ့မှုကြောင့် ထောင်ဒဏ် 16 ပတ်နှင့် ဒဏ်ငွေ ပေါင် 100 ပေးဆောင်ခဲ့ရပါတယ်။ သို့သော်လည်း ဒီလိုမျိုး မတော်တဆမှုတွေ ဖြစ်ပွားပြီးတာတောင် ကစားပွဲမှာအာရုံမပြတ်ကစားနိုင်တဲ့အတွက် သူ့ရဲ့ ခံနိုင်ရည်နဲ့ ရဲစွမ်းသတ္တိကို ပရိသတ်များက ချီးကျူးခဲ့ကြပါတယ်။

        2013 ခုနှစ် ဩဂုတ်လ 8 ရက်နေ့မှာ Sterling က သူ့ရဲ့ မော်ဒယ် ချစ်သူဟောင်းအား အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသော်လည်း သက်သေအထောက်အထား ခိုင်လုံစွာ မပေးနိုင်မှုကြောင့် Liverpool Magistrates တရားရုံးက Sterling မှာ တိုင်ကြားထားသလို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ Sterling က ဘောလုံးလောကမှာ အောင်မြင်မှုများရရှိရုံသာမက နာမည်ကြီး brand များမှ အလုပ်တွဲလုပ်ရန် ကမ်းလှမ်းမှုတွေလည်း ရရှိခဲ့ပါတယ်။ ဉပမာ –  Nike နဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပြီး နိုင်ငံတစ်ဝှမ်းလုံးမှာနာမည်ကြီးတဲ့ razor brand, Gillette ရဲ့ brand ambassador တစ်ဦးဖြစ်လာတဲ့အပြင် နောက်ထပ် အားကစား brandတစ်ခုဖြစ်တဲ့ New Balance နဲ့လည်း နှစ်ရှည်စာချုပ် ချုပ်ဆိုထားတဲ့ ဘောလုံးသမား တစ်ယောက်ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ Sterling ဟာ 2012 ခုနှစ်မှာမွေးဖွားခဲ့ပြီး ချစ်စရာကောင်းလွန်းတဲ့ Melody Rose ရဲ့ ဖခင်တစ်ယောက်လည်းဖြစ်ပါတယ်။

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *