Menu

We are presenting sports news quickly and accurately to our audience.

Follow us

Reece James

8 months ago 0 43

Photo Credit: getty images

အသက် ၆နှစ်အရွယ်ကတည်းက ချဲလ်ဆီးအကယ်ဒမီကိုရောက်နေပြီဖြစ်တဲ့ ရီစ့်ဂျိန်းစ်ဟာ လက်ရှိချဲလ်ဆီးအသင်းရဲ့ အားထားရတဲ့ ကစားသမားတယောက်ဖြစ်နေပါပြီ။

နာမည်အပြည့်အစုံ –

မွေးရက် –

မွေးရပ် – 

အရပ်အမြင့် –

ပထမဆုံးပွဲထွက်ခွင့်ရသည့်နေ့ –

နိုင်ငံအသင်း –

ရိစ့် ဂျိမ်းစ်

၀၈.၁၂.၁၉၉၉ (၂၂နှစ်)

Redbridge, London, အင်္ဂလန်

၅ ပေ ၁၀ လက်မ (1.79 m)

၂၅.၀၉.၂၀၁၉

အင်္ဂလန်

         ချဲလ်ဆီးအသင်းရဲ့ အံ့သြဖွယ်ကောင်းပြီး အရည်အချင်းတွေပြည့်နှက်နေတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမား Reece James ဟာဆိုရင် အသက် ၆နှစ်ကတည်းက ကလပ်အသင်းရဲ့ အကယ်ဒမီသို့ ရောက်ရှိလာခဲ့ပြီး 2017 ခုနှစ်တွင် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို စတင်ခဲ့ပါတယ်။ သူ့ရဲ့ အားကစားစွမ်းရည်နဲ့ ဖြတ်တင်ဘောပေးပို့နိုင်မှုတို့က ကစားပွဲရဲ့ မည်သည့်နေရာမှာမဆို နောက်တန်းအနေနဲ့သာမက Wing-Backနေရာတွေမှာပါ အကူအညီအပြည့်ပေးနိုင်လောက်တဲ့အထိ ထူးချွန်လှပါတယ်။ အကယ်ဒမီမှာရှိနေစဉ်တစ်လျှောက်လုံးမှာ သူ့ရဲ့ အရည်အချင်းနှင့် စွမ်းဆောင်မှုတွေကြောင့် ၂၀၁၈ခုနှစ်မှာ FA Youth Cup ကို သိမ်းပိုက်နိုင်ခဲ့တဲ့ U-18 အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ရာသီတစ်လျှောက်လုံး ကစားခဲ့ပြီး  အကယ်ဒမီရဲ့ တစ်ရာသီလုံးအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Reece James holds the trophy as his team celebrates winning the FA Youth Cup Final | Photo Credit:

        2018 ခုနှစ်မှာ James က ချဲလ်ဆီးအသင်းနဲ့ 4 နှစ်သက်တမ်းရှိ စာချုပ်အသစ်ချုပ်ဆိုခဲ့ပြီး 2018-2019 ရာသီအတွက် ချန်ပီယံရှစ်ကလပ် Wigan Athletic သို့အငှားဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။ 2018 ခုနှစ် သြဂုတ်လ 4 ရက်နေ့မှာတော့ Wiganအသင်းအတွက် သူ့ရဲ့ပွဲဦးထွက်ကို  အသင်းရဲ့ရာသီအဖွင့်ပွဲမှာ စတင်ခဲ့ပြီး 2018-2019 Championship Team of the Season စာရင်းထဲမှာ ရွေးချယ်ခံရတဲ့အပြင် Wigan Athletic ရဲ့ ရာသီကုန်ကစားသမားဆုနဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတို့ အပါအဝင်  စုစုပေါင်း ဆုသုံးဆုရရှိခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ သို့သော်လည်း ကံမကောင်းစွာပဲနဲ့ James က 2018 နွေရာသီမှာ နိုင်ငံတကာပွဲစဉ်တွေ ကစားပေးရင်းနဲ့ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာလနှောင်းပိုင်းအထိ ကစားပွဲတွေမှာ မပါဝင်ဘဲ စောင့်ဆိုင်းခဲ့ရပါတယ်။ 

        ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ချဲလ်ဆီးအသင်းအတွက် သူ့ရဲ့ ပွဲဦးထွက်ပွဲစဉ်ကို ၂၀၁၉ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့မှာ စတင်ကစားခဲ့ပါတယ်။ 2019-2020 EFL ဖလားပြိုင်ပွဲတွင် Grimsby Town ကို 7 ဂိုး – 1 ဂိုး ဖြင့် အနိုင်ရသောပွဲမှာ သူ့ရဲ့ ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ကာ နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 2019 ခုနှစ်မှာတော့ Ajax နဲ့ 4 ဂိုး – 4 ဂိုး ဖြင့်တစ်ကျော့ပြန်သရေကျခဲ့သော စတုတ္ထမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး UEFA Champions League တွင် ချယ်လ်ဆီးအသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။     

Reece James has been outstanding on loan at Wigan | Photo Credit:

        James ရဲ့ ဘက်စုံကစားနိုင်တဲ့စွမ်းဆောင်ရည်က အသင်းသားတွေအတွက် အထောက်အကူအများကြီးပေးနိုင်ခဲ့ပါတယ်။ ရာသီတစ်လျှောက်လုံးမှာ နည်းပြကြီး Lampard (လမ်းပတ်) အတွက် နောက်ခံလူ (သို့) တောင်ပံနောက်တန်းကနေ အရေးကြီးတဲ့ အကူအညီပေးနိုင်ခဲ့တဲ့အပြင် မတ်လမှာ အဲဗာတန်အသင်းကို 4 ဂိုး – 0 ဂိုး ဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း  နောက်တန်း (၃) ယောက်နေရာကနေ ကွင်းအလယ်ထိတက်ကာ Mason Mount အား ရံဖန်ရံခါ ကူညီဆော့ကစားခဲ့ပါတယ်။ ဒါတင်မက အက်ဖ်အေ ဖလားဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေအပြင် Bayern Munich (ဘိုင်ယန်မြူးနစ်) နဲ့ ချန်ပီယံလိဂ် အဝေးကွင်း ဒုတိယအကျော့ပွဲစဉ်တွေမှာ မိနစ် 90 ပြည့်ကစားခဲ့ပြီး သူ့ရဲ့ ရင့်ကျက်မှုနဲ့ ယုံကြည်မှုရှိမှုကို ပြသခဲ့ပါတယ်။ James အတွက် 2021-2022 ရာသီကတော့ သူ့ကို ကွင်းထဲသို့ ၁၂ ပတ်လုံးလုံး ပြန်မဝင်နိုင်အောင် ပြင်းထန်တဲ့ ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ဘဝတက်လမ်းရဲ့ လမ်းခုလတ်မှာ အနှောင့်အယှက်ပေးတဲ့ အကြီးမားဆုံးအဖျက်အမှောင့်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။  ဒဏ်ရာရနေပြီး တစ်ရာသီလုံး ပွဲပေါင်း 40 မှာ တစ်ပွဲသာ ကစားခဲ့ရပေမယ့် သူကိုယ်တိုင် သွင်းယူနိုင်ခဲ့တဲ့ ခြောက်ဂိုးက သူ့ကို ချဲလ်ဆီးအသင်းရဲ့ ရှစ်ယောက်မြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဖြစ်စေခဲ့ပါတယ်။ 

Reece James scored a late equalizer in the 4-4 draw with Ajax | Photo Credit:

        Norwich အသင်းကို 7 ဂိုး – 0 ဂိုး နဲ့ နိုင်ခဲ့တဲ့ပွဲမှာဆိုရင်လည်း ထိပ်တန်းအဆင့် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး  အသင်းဖော် Chilwellကလည်း တစ်ဖက်ကနေ လွတ်လွတ်လပ်လပ် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ချဲလ်ဆီးအသင်းမှ တောင်ပံနောက်တန်းကစားသမားတွေရဲ့ တိုက်စစ်လက်နက်ကို ပရိတ်သတ်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် သတိထားမိလာခဲ့ပါတယ်။ James သည် 2021-2022 ရာသီတစ်ခုလုံးမှာ ယုံကြည်စိတ်ချရတဲ့ပင်နယ်တီကန်သွင်းသူ ဖြစ်ရုံသာမက အသင်းက ဖိကစားခံနေရတဲ့အခြေအနေများမှာတောင် အသင်းကိုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်သူအဖြစ် ဂုဏ်သတင်းတွေ မွှေးပြန့်ခဲ့ပါတယ်။ အက်ဖ်အေဖလား ဖိုင်နယ်မှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးချိန်မှာလည်း ပင်နယ်တီ သွင်းယူပေးခဲ့ပါတယ်။ 

        ဒါ့အပြင် အဲဗာတန်အသင်းနဲ့ အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးအတွက်မေဆန်မောင့်အား ဂိုးရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း ခက်ခဲပင်ပန်းတဲ့ ဆောင်းရာသီပွဲကြပ်ကာလမှာ ဒဏ်ရာများရရှိခဲ့တဲ့အပြင် Covid-19ကြောင့် ဘောလုံးပွဲစဉ်များပါ ရပ်နားခဲ့ရပါတော့တယ်။ ၂၀၂၁ခုနှစ်အတွက် နောက်ဆုံးကစားခဲ့ရတဲ့ပွဲမှာ ပြင်းထန်တဲ့ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ဂျိမ်းစ့်ဟာ ၂လကြာ အနားယူခဲ့ရပြန်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ လျင်မြန်ဖျတ်လတ်မှုတွေကြောင့် ရာသီကုန်ချိန်မှာ PFAရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုအတွက် စံကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။  

Photo Credit: 

        ထို့နောက် အချိန်ခဏအတွင်း ပြန်လာနိုင်ခဲ့ပြီး Burnley နဲ့ပွဲတွင် ပရော်ဖက်ရှင်နယ်ဆန်ဆန် ကျွမ်းကျင်လွန်းတဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း ဒဏ်ရာကြောင့် အပြည့်အဝ ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်လိုအပ်နေသောကြောင့် သူ့ရဲ့ဘောလုံးရာသီကို ဧပြီလအထိ ကောင်းမွန်စွာ ပြန်လည်စတင်နိုင်ခြင်းမရှိသေးခဲ့ပါဘူး။ အဲ့အချိန်အတွင်းမှာ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ FA ဖလား ဆီမီးဖိုင်နယ်သို့ ရောက်ရှိနေပြီး ပရီးမီးယားလိဂ်တွင် တတိယနေရာကိုရရှိရန် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။  တစ်ခါတုန်းက James ဟာ ချဲလ်ဆီးအသင်းနဲ့ Bernabeu (ဘာနေဗျူး) မှာ နောက်တန်း (၃)ဦးရဲ့ ညာဘက်နေရာမှာ ကစားခဲ့ပေးတာကြောင့် ပထမအကျော့မှာတင် ရှုံးလုနီးပါးအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ အခြေအနေတွေကနေ ရုန်းထွက်ကစားရာမှာ သူ့ရဲ့ အရှိန်အဟုန်၊ စွမ်းအားနဲ့ တည်ငြိမ်မှုတွေက ပရိတ်သတ်တွေကို ဖမ်းစားခဲ့ပြီး အဲဒီအရည်အသွေးတွေကို ကျန်တဲ့ ဘောလုံးရာသီတစ်လျှောက်မှာ ပြသခဲ့ပါတယ်။

Photo Credit: getty images

        အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားက ဘောလုံးကစားခြင်းနှင့် ပြိုင်ပွဲများမှာ ပါဝင်ရုံသာမက သူကိုယ်တိုင်အလှူ သို့မဟုတ် ပရဟိတအလုပ်များကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ 2020 ခုနှစ် သြဂုတ်လမှာ James က ကိုယ်ရေးကိုယ်တာ လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပြီး သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ Wiganအသင်းအတွက် ရန်ပုံငွေများရှာဖွေပေးဖို့အတွက် သူ့ရဲ့  social media account ကနေတစ်ဆင့် ရန်ပုံငွေများကောက်ခံပေးတဲ့ Crowdfunder ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခုကို မျှဝေပေးခဲ့ပါတယ်။ ဒါ့အပြင် လန်ဒန်အခြေစိုက် ပရဟိတအဖွဲ့ရဲ့ The Felix Project အတွက် ယူရို 2020ပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်း ကစားခဲ့သောပွဲမှာ သူဝတ်ဆင်ခဲ့တဲ့ ရှပ်အင်္ကျီကို လှူဒါန်းမည်ဟု ကြေညာခဲ့ပြီး ၁၈လနီးပါးကြာမြင့်အောင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ပေးခဲ့ပါတယ်။  

Leave a Reply

Leave a Reply

Your email address will not be published. Required fields are marked *