
အသက် ၈နှစ်အရွယ်ကတည်းက အသင်းအကယ်ဒမီရောက်ရှိနေပြီဖြစ်တဲ့ ရူဘင် ဟာ လက်ရှိအသင်းကြီးမှာ ခြေစွမ်းပြကစားနေပါပြီ။
နာမည်အပြည့်အစုံ –
မွေးနေ့ –
မွေးရပ် –
အရပ်အမြင့် –
ပွဲထွက်ခွင့်ရသည့်နေ့ –
နိုင်ငံအသင်း –
ရူဘင် လော့ဖ်တပ် ချိခ်
၂၃.၀၁.၁၉၉၆ (၂၆နှစ်)
လန်ဒန်၊ အင်္ဂလန်
၆ ပေ ၃ လက်မ (1.91 m)
၁၀.၁၂.၂၀၁၄
အင်္ဂလန်
ပရီးမီးယားလိဂ်ကလပ် Chelseaရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမား Ruben Loftus- Cheek ဟာ ကစားပွဲများကို ထိန်းချုပ်နိုင်ပြီး တိုက်စစ်နေရာမှာလည်း box-to-box ကစားနိုင်တဲ့ ကွင်းလယ်ကစားသမား တစ်ဉီးဖြစ်ပါသည်။ သူဟာ အသက် 8 နှစ်အောက်အရွယ်မှာ ချဲလ်ဆီးအသင်းထံ ရောက်ရှိလာခဲ့တာဖြစ်ပြီး 2011-12 ရာသီအစမှာ တင်ပါးဒဏ်ရာမရရှိခဲ့မီအချိန်အထိ ပြိုင်ဘက်များနဲ့ ပရိတ်သတ်များကို စွမ်းရည်တွေနဲ့ အံ့အားသင့်စေခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ရာသီအကုန်မှာတော့ ပြန်လည်သက်သာလာခဲ့ပြီး 2012 FA လူငယ်ဖလားဗိုလ်လုပွဲစဉ်မှာ လူစားလဲကစားခဲ့ပါတယ်။ Loftus-Cheek ဟာ U-21 အသင်း အတွက် ကစားပွဲ 9 ပွဲနဲ့ 2012-13 ဘောလုံးရာသီ အတွင်း U-18 အသင်း အတွက် 18 ပွဲ ကစားပေးခဲ့ပါတယ်။

ဒါ့အပြင် 2013 ခုနှစ် မေလမှာ မန်ချက်စတာစီးတီးအသင်းနဲ့ ချစ်ကြည်ရေးပွဲစဉ်အတွင်း သူ့ရဲ့ ပြင်းထန်တဲ့ကစားပုံကို အသိအမှတ်ပြုတဲ့အနေဖြင့် ရာသီကုန်မှာ စီနီယာအသင်းရဲ့ ကစားသမားစာရင်းမှာ နေရာရရှိခဲ့ပါတယ်။ Loftus-Cheek ဟာ ချဲလ်ဆီးU-21 အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး 2013-14 ရာသီရဲ့ FA Youth Cup ပြိုင်ပွဲမှာလည်း အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Loftus-Cheek ဟာ သူ့ရဲ့ စီနီယာအသင်းပွဲဦးထွက်ကို 2014 ခုနှစ် ဒီဇင်ဘာလ 10 ရက်နေ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ Sporting CPအသင်းအား 3 ဂိုး – 1 ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် နောက်ဆုံးခုနစ်မိနစ်မှာ Cesc Fàbregas ရဲ့ လူစားဝင်ရောက်ကစားပေးခြင့်ဖြင့် စတင်ခဲ့ပါတယ်။ 2015 ခုနှစ် ဧပြီလ UEFA Youth League ဖိုင်နယ်ပွဲစဉ်မှာ Shakhtar Donetsk အသင်းကို 3 ဂိုး – 2 ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော U-19 လက်ရွေးစင်အသင်းမှာ Loftus-Cheek ဟာ ပါဝင်နေဆဲဖြစ်သော်လည်း ကွင်းလယ်ကစားသမားအနေနဲ့ ဖေဖော်ဝါရီလမှာတော့ စီနီယာအသင်းလူစာရင်းသို့ အပြီးတိုင်ပြောင်းရွှေ့ပေးခြင်း ခံခဲ့ရတဲ့အပြင် အသင်းနဲ့အတူ 2021 ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။ 2016 ခုနှစ် ဧပြီလတွင် အက်စတွန်ဗီလာအသင်းကို အဝေးကွင်းမှာ 4 ဂိုး – 0 ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်မှာ Loftus-Cheek ဟာ အဆိုပါပွဲရဲ့ ပထမဆုံးသောဂိုးလဲဖြစ်တဲ့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး တစ်ပွဲလုံးမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Loftus-Cheek ဟာ နည်းပြသစ် Antonio Conte လက်အောက်မှာ တိုက်စစ်မှူးအဖြစ် ရာသီအကြိုပွဲစဉ်များမှာ Diego Costa နဲ့အတူ တွဲဖက်ကစားခဲ့သည်။ FA ဖလား ပထမအကျော့မှာ အသင်းအတွက် 3-4-3 ပုံစံနဲ့ လိုက်လျောညီထွေဖြစ်အောင် ကနဦးအကျော့တွေမှာ တောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် ပါဝင်ကစားခဲ့ရပြီး Loftus-Cheek ဟာ ဒဏ်ရာကြောင့် အနားမယူမီ 2017 ခုနှစ် မတ်လနဲ့ ဧပြီလတွေမှာ ပရီးမီးယားလိဂ်လေးပွဲ ကစားခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူဟာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ပြီးဆုံးချိန်မှာတော့ ပြိုင်ပွဲအရပ်ရပ်မှာ 11 ပွဲ ကစားပေးထားခဲ့ပါတယ်။

2017 ခုနှစ် ဇူလိုင်လ 12 ရက်နေ့မှာ Loftus-Cheek ဟာ အခြားသော ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ Crystal Palace အသင်းနဲ့ တစ်ရာသီအငှားစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ 2017 ခုနှစ် နိုဝင်ဘာလမှာ ဂျာမနီအသင်းနှင့် ဘရာဇီးလ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမယ့် နိုင်ငံပွဲစဉ်များအတွက် သူ့ရဲ့ ကောင်းမွန်သောကစားပုံကြောင့် အင်္ဂလန်အသင်းသို့ မန်နေဂျာ Gareth Southgate မှ ခေါ်ယူခဲ့ပါတယ်။ Loftus-Cheekဟာ 2019 ခုနှစ် မေလတုန်းက ရရှိခဲ့တဲ့ catastrophic Achilles ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာတာနဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဖူလ်ဟမ်သို့ အငှားဖြင့်သွားရောက်ခဲ့ပြီး ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့အတွက် စတင်လုပ်ဆောင်ခဲ့ပါတော့တယ်။ ကစားပွဲ 32 ပွဲ ကစားပြီး 1 ဂိုး သွင်းယူကာ ဖူဟမ်တို့ရဲ့တန်းဆင်းရာသီအတွင်း ကစားပွဲများမှာ အများအပြား မျှော်မှန်းထားသကဲ့သို့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

2024 ခုနှစ်အထိ Loftus-Cheek နဲ့ Chelsea အသင်းဟာ 2019 ခုနှစ် ဇူလိုင်လ 6 ရက်နေ့မှာ ငါးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပါတယ်။ ယခင်ရာသီကုန်မှာ ဒဏ်ရာရရှိခဲ့တဲ့အပြင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် 2020 ခုနှစ် ဇွန်လအထိ ပရီးမီးယားလိဂ်မှာ ပြန်လည်မကစားနိုင်တော့ပေမဲ့ ဇွန်လ 21 ရက်နေ့မှာတော့ အက်စတွန်ဗီလာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ မကျေပွဲယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားခဲ့ပါတယ်။ Loftus-Cheek ကို 2020 ခုနှစ် အောက်တိုဘာလ 5 ရက်နေ့မှာ ဖူလ်ဟမ်အသင်းသို့ တစ်ရာသီထပ်မံအငှားချခဲ့ပါတယ်။

Loftus-Cheek ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ U-21 အသင်းမှာ အငှားကစားနေစဉ် အင်္ဂလန်အသင်းနည်းပြ Gareth Southgate က သူရဲ့ စွမ်းဆောင်ရည်ကြောင့် Loftus-Cheek ကို အင်္ဂလန်လက်ရွေးစင်စီနီယာအသင်း သို့ခေါ်ယူခဲ့ပါတယ်။ Loftus-Cheek ဟာ 2017 ခုနှစ် နိုဝင်ဘာလ Wembley မှာ ဂျာမနီအသင်းနှင့် ယှဉ်ပြိုင်ရတဲ့ပွဲစဉ်တွင် နိုင်ငံအသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး ရလဒ်အနေဖြင့် Man of the Match ဆုကို ရရှိခဲ့ပါသေးတယ်။ အင်္ဂလန်ရဲ့ အဖွင့်ပွဲစဉ်အဖြစ် တူနီးရှားအသင်းနဲ့ ကစားခဲ့ရတဲ့ 2018 ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့ Loftus-Cheek ဟာ 1 ဂိုး – 1 ဂိုး သရေရလဒ်ဖြစ်ပေါ်နေစဉ် အရန်ခုံကနေ ထွက်လာခဲ့ပါတယ်။ အခက်အခဲတွေကြားကနေ Loftus-Cheek ရဲ့ ထောင့်ကန်ဘောမှ ရရှိခဲ့တဲ့ အင်္ဂလန်ရဲ့ နောက်ကျအနိုင်ဂိုးဟာ Loftus-Cheek အတွက် အားကောင်းတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ Loftus-Cheek ဟာ 2018 ခုနှစ် မေလ ၁၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ 2018 FIFA World Cup အတွက် Gareth Southgate အသင်းရဲ့ လူ ၂၃ ဦး စာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်ခဲ့ပါတယ်။